စိတ်အားငယ်နေတဲ့ အခါ



စိတ်အားငယ်နေတဲ့ အခါ အခန်းငယ်လေးက သင့်ကို စိတ်အား တက်လာစေဖို့အားပေးစကားလေးတွေ
ပြောပေးနိုင်ပါတယ်…

၁ - အမိုးက ပြောပေးလိမ့်မယ် - ရည်မှန်းချက်ကို မြင့်မြင့်လေး ထားလိုက်ဖို့ကိုပေါ့

၂- ပန်ကာက အေးအေးလေးနဲ့ နှစ်သိမ့်စကားပြောလာလိမ့်မယ် - စိတ်တွေကိုအေးချမ်းစွာထားပြီး ပူပန်မှု့တွေလျှော့ချနေထိုင် ဖို့ကိုပေါ့

၃- နာရီက အားပေးပါလိမ့်မယ် - မိနစ်တိုင်းက အဖိုးတန်နေတယ်။ စိတ်ဓါတ်တွေ မကျလိုက်နဲ့။
အချိန်တွေကို မဖြုန်းလိုက်ပါနဲ့လို့ပေါ့

၎- မှန်က ပြုံးပြီးနှစ်သိမ့်လိမ့်မယ် - မင်းလုပ်သမျှအကျိုး ကိုအချိန်တန်ရင် မင်းခံစားရမှာပါ။ အားမလျှော့ပါနဲ့ ဆိုပြီးတော့လေ

၅- ပြတင်းပေါက်ကေ လောကကြီးအပေါ်သူ့အမြင်တွေကိုရင် ဖွင့်လိမ့်မယ် -လောကကြီးကို မျက်ခြေမပြတ် တာရယ် မြင်အောင်ကြည့် တွေ့အောင်ရှာ ရအောင် လုပ်တာရယ်က လောကအလှကို မြင် စေလာပါလိမ့် မယ် ဆိုပြီးတော့လေ

၆- ပြက္ခဒိန်က သူပေးနိုင်တဲ့ အကူအညီကိုပြောလာလိမ့်မယ် … ခတ်နှင့်အညီ ရှင်သန်နေထိုင်ဖို့
အတိတ်က အမှားတွေကို သင်ခန်းစာအတွက် မှတ်ထားဖို့ အနာဂတ်အတွက် အစီအစဉ်တွေ ကို သေချာချမှတ်ထားလိုက်ဖို့

၇- တံခါးက အကြံဉာဏ်ပေးလိမ့်မယ် - အခွင့်အရေးတွေကို လက်မလွတ်လိုက်ဖို့ ဖွင့်တာနဲ့ ဝင်နိုင်အောင် အခွင့်ရတာနဲ့ ယူနိုင်အောင် ကြိုးစားလိုက်ဖို့။

*ငြိမ်းလဲ့။
ပြည်မြန်မာ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...