ကျောက်ကပ်ရောဂါကို ကုသနိုင်မယ့် စမတ်နာနိုအမျှင်


Health Updates Journal No. 111

ဈေးနှုန်းသက်သာပြီး အလွယ်တကူအသုံးပြုနိုင်မယ့် နာနိုအမျှင်တစ်မျိုးဟာ ကျောက်ကပ်ဝေဒနာ ရှင်တွေ ကို သွေးသန့်စင်ပေးနိုင်မယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီစမတ်နာနိုအမျှင်ကို အပြည်ပြည်ဆိုင်ရာ Noroacrchitectonics စင်တာမှ သုတေသီတွေက ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။

ဒီကုသမှုဟာ ကျောက်ကပ်ပျက်စီးမှုကြောင့် မကြာခဏ သွေးလဲကုထုံးကို ခံယူနေရသူတွေကို အဆင်ပြေစေမယ့် ကုထုံးအသစ်ဖြစ်ပါတယ်။ လက်မောင်းမှာဝတ်ဆင်ပေးရုံနဲ့ နာနို အမျှင်တွေဟာ သွေးထဲ က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ အဓိကပါဝင်တဲ့ ပစ္စည်းတွေကတော့ သွေးထဲ မှာ ဓာမတည့် ခြင်းကို တားဆီးပေးတဲ့ Polymer ရယ် zeolite ရယ်ပဲဖြစ်ပါတယ်။ Zeolite ဆိုတာကတော့ creatinine ကဲ့သို့ သောဖယ်ရှားရမယ့် ပစ္စည်းတွေကို ဖယ်ရှားပေးနိုင်တဲ့ မော်လီကျူးတစ်မျိုးဖြစ်ပါတယ်။

သုတေသနခေါင်းဆောင် Mitsuhiro Ebara က ““ဒီနာနို အမျှင်တွေကို လွယ်ကူစွာ အသုံးပြုနိုင်ပြီး ဈေးနှုန်း သက်သာတဲ့ နည်းလမ်း အဖြစ်တီထွင်ထားတာ ဖြစ်ပါတယ်။ zeolite ဟာ စီလီကွန်နဲ့ အလူမီနီယမ်ကို အခြေခံပြီး ပြုလုပ်ထားတာ ဖြစ်ပြီး သွေးထဲက အဆီဓာတ်တွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာ ဖြစ်ပါ တယ်””လို့ ရှင်းပြထားပါတယ်။

ဒီစမတ်နာနိုအမျှင် (smart nanofibre) ဟာ စမ်းသပ်တီထွင်နေဆဲဖြစ်ပေမယ့် အသုံးပြုရလွယ် ကူ ခြင်းဈေးနှုန်းသက်သာခြင်းစတဲ့ အား သာချက်တွေရှိတာကြောင့် ကမ္ဘာတစ်ဝှမ်းက ကျောက်ကပ်ဝေဒနာ ရှင် သန်းပေါင်းများစွာအတွက် အနာဂတ်ကုထုံးဖြစ်လာနိုင်တယ်လို့ ဆက်လက် ပြောကြားထားပါတယ်။

ဒီလေ့လာမှုကို Journal Bio materials Science မှာဖော်ပြ ထားပါတယ်။

သန့်စင်
ref: PTI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...