ပေါ့ပေါ့ပါးပါး ဘောင်းဘီတို အမိုက်စား ဒီဇိုင်းများ


မေသော် on 2014-04-18 15:30

ခုလိုပူလွန်းတဲ့ ရာသီမှာ ညနေခင်းလေး အပြင်ထွက်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ချစ်သူ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာမျိုးပဲဖြစ်ဖြစ် ဘောင်းဘီရှည်ဝတ်ရမှာ နည်းနည်းတော့ အာရုံနောက်စရာပါ။ စကတ် ဒါမှမဟုတ် ဘောင်းဘီတိုကိုပဲ ဆင်မြန်းတတ်သူဆိုရင်တော့ ခုပြောပြပေးမယ့် ဘောင်းဘီတိုလေးတွေက ဖက်ရှင်လည်းကျ၊ ခုလတ်တလော ခေတ်စားနေတဲ့ ဒီဇိုင်းတွေမို့ ပျိုမေတွေ စိတ်ဝင်စားမှာ အသေအချာပါပဲ။

၁။သိပ်ကြပ်တဲ့ ဘောင်းဘီတွေ မနှစ်သက်ဘူးဆိုရင်တော့ Boyfriend ဂျင်းအတိုလေးတွေ ၀တ်ကြည့် လိုက်ပေါ့။



၂။ခု လတ်တလော ခေတ်စားနေတဲ့ အပွင့်အရွက်ဒီဇိုင်းတွေနဲ့ ချည်သားဘောင်းဘီလေးတွေကလည်း မိုက်ပါတယ်။



၃။High Waist ဘောင်းဘီတွေကိုပဲ သဘောကျတယ်ဆိုရင်တော့ အတိုတွေထဲမှာလည်း high waist လေးတွေ ရနိုင်တယ်နော်။



၎။ဇာအနားတပ်ဘောင်းဘီ၊ ဇာဘောင်းဘီတိုလေးတွေဟာ လက်ရှိ ပျိုမေတွေ သဘောကျနေတဲ့ ဒီဇိုင်းတစ်ခုပါပဲ။



၅။နွေရာသီနဲ့ လိုက်ဖက်တဲ့ ချည်သား၊ ဒါမှမဟုတ် စပန့်သားလို့ အေးမယ့် အသားလေးတွေနဲ့ ချုပ်ထားတဲ့ ဒီဇိုင်းစုံ Romper လေးတွေကလည်း ရှိထားသင့်တာပါပဲ။



၆။အားကစားဘောင်းဘီဆိုပြီး အလွယ်တကူခေါ်ကြတဲ့ runner ဘောင်းဘီဒီဇိုင်းတွေကိုလည်း sneaker တွေနဲ့ရော၊ ဒေါက်တွေနဲ့ပါ တွဲစီးပစ်နိုင်တယ်နော်။



၇။အောက်နားဒီဇိုင်းထွင်ထားတဲ့ Scallop ဘောင်းဘီလေးတွေကလည်း ပွဲတက်အထိ ဆင်မြန်းနိုင်တာမို့ ပျိုမေတွေ နှစ်ခြိုက်မှာပါ။



Ref:cosmopolitan.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...