အီကွေဒေါမီးတောင်မှ ပြာများ ခြောက်မိုင်အထိ လွင့်တက်နေ


အီကွေဒေါမြို့တော် ကွီတိုတောင်ဘက်ရှိ ကွန်ဂူရာဟွာမီးတောင်မှ ချော်ခဲများ၊ ဓာတ်ငွေ့နှင့် ပြာမှုန်များ မှုတ်ထုတ်နေသည်ကို ဧပြီ ၄ ရက်က တွေ့ရစဉ် (Carlos Campana/REUTERS)

အီကွေဒေါနိုင်ငံ အလယ် ပိုင်းမှ မီးတောင်တစ်လုံးသည် လေထဲ သို့ ခြောက်မိုင်ခန့်အထိ ပြာများ မှုတ်ထုတ်ခဲ့၍ မီးတောင် ပေါက်ကွဲထွက်မည်ကို ပိုမိုစိုးရိမ် လာကြသည်။

အီကွေဒေါနိုင်ငံ မြို့တော် ကွီတိုတောင်ဘက် ၁၃၀ ကီလို မီတာအကွာတွင်ရှိသော ကွန်ဂူ ရာဟွာမီးတောင် သည် ဖေဖော်ဝါရီအစောပိုင်းမှစ၍ လှုပ်ရှားမှု များ ပြားလာခဲ့ပြီး သောကြာနေ့က ငါး မိနစ်ခန့် ကြာမြင့်သည့် ကျယ် လောင်သော ပေါက်ကွဲမှုနှင့်အတူ ပြာများလွှင့်ထုတ်မှု ဖြစ်ပေါ်ခဲ့ သည်။

‘‘လောလောဆယ်တော့ ပြာ မှုန်တွေ ကျဆင်းတာ နည်းပါသေး တယ်’’ဟု အမျိုးသားဘေး အန္တရာယ် စီမံခန့်ခွဲမှုရုံး၏ တွစ်တာဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ဒေသခံဘာသာစကားဖြင့် ‘‘မီးလည်ပင်း’’ဟု အဓိပ္ပာယ်ရ သော တွန်ဂူရာဟွာမီးတောင်မှာ ၁၉၉၉ ခုနှစ်မှစ၍ ပေါက်ကွဲခဲ့ ခြင်းဖြစ်သည်။

ယင်းမီးတောင်သည် အီကွေ ဒေါနိုင်ငံတွင်ရှိသော မီးတောင်ရှင်ရှစ်လုံးအနက် တစ်လုံးဖြစ်သည်။

အီကွေဒေါနိုင်ငံမှာလည်း ပစိဖိတ်သမုဒ္ဒရာတစ်ဝန်း မီး တောင်စက်ကွင်းဟုခေါ်သော ရပ်ဝန်းတွင် တည်ရှိပြီး မြေငလျင်နှင့် မီးတောင်ပေါက်ကွဲမှုများ မကြာ ခဏ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်သည်။

—Ref: AFP
7Day Daily
Issue No: No.347 Sunay, April 6, 2014 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...