ကဗျာဆရာ၊ စာရေးဆ ရာတို့ရဲ့ အရင်ခေတ် သင်္ကြန်ကာလနဲ့ အခုခေတ်သင်္ကြန် အပေါ်အမြင်



မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး အချိန်အထိ ခေတ်အဆက်ဆက် ကိုယ့်ရိုးရာနှစ်သစ်ကူး အတာရေသဘင် ပွဲတော်ကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ နဝတ၊ နအဖ၊ မဆလ၊ ဖဆပလ ခေတ်တွေကို ကျော်လွန်ပြီး ဒီမိုကရေ စီဖော်ဆောင်နေတဲ့ ဒီနေ့ခေတ်လို ပွင့်လင်းမြင်သာတဲ့ အနေအထား တစ်ရပ်အထိ သင်္ကြန်ဟာ လည်း ခါး သီးစွာတစ်ဖုံ၊ ရင်ကော့ကာတစ်နည်း ဖြတ်သန်းခဲ့ ပါတယ်။ သင်္ကြန်လို့ဆို လိုက်ရင် သံချပ်ကို မေ့ထားလို့မရ ပါဘူး။ သင်္ကြန်နဲ့ သံချပ်က အမြွှာညီ အစ်ကိုလို အမြဲ သရုပ် သကန်တူညီကြ ပါတယ်။ မကြာခင်မှာလည်း သင်္ကြန် ပွဲတော်ကျ ရောက်တော့မှာမို့ ဟိုးအ ရင်က သင်္ကြန်နဲ့ အခုခေတ်သင်္ကြန် ဘယ်လိုမျိုး ကွာခြားသွားသလဲ၊ ဘယ် လိုပုံစံရှိခဲ့လဲဆိုတာကို ကဗျာ ဆရာ၊ စာရေးဆရာတချို့ရဲ့ စကားသံတချို့ နဲ့အတူ တင်ဆက်လိုက် ရပါတယ်။

ဆရာသင်းရီ

” သင်္ကြန်ဆိုတာ အဘိုးကြီးလည်း ပျော်သလို၊ လူလတ်ပိုင်း၊ လူငယ်တွေပါမကျန် ပျော်တဲ့ပွဲပဲလေ။ ဟိုးငယ်ငယ်တုန်းကတော့ တော်တော်ပျော်ခဲ့တယ်။ သင်္ကြန်သီချင်း တစ်ပိုင်း တစ်စ ကြားဖူးတယ်။ ဘာတဲ့ ” သင်္ကြန်ပွဲလေးမို့” ။ အမှန်ကသင်္ကြန်ပွဲလေးမဟုတ်ဘူး။သင်္ကြန်ပွဲကြီး။ အဲဒီလိုဖြစ်ရမှာ။ လူတိုင်း၊ မြန်မာတိုင်း တန်ဖိုးထားကြတယ်။ ဒီသင်္ကြန်က အသက်ကို တန်းညှိပစ်လိုက်တဲ့ပွဲပါပဲ။ ယဉ်ကျေးမှုပွဲတော်ကြီး တစ်ခုပေါ့။ ဒီနှစ်သင်္ကြန်မှာ ဘယ်သံချပ်တွေလာမလဲလို့ မျှော်နေ တယ်။ ကြိုဆိုနေတယ်။ နားထောင်ဦးမှပဲ။ သင်္ကြန်ဆိုတာ အသက်သုံးနှစ်သား အရွယ်ကနေ အဘိုးကြီးအဘွားကြီးအထိ အသက်ညှိပစ် လိုက်ပြီးတော့ ပျော်ရတဲ့ပွဲ။ မြန်မာတို့ရဲ့ အထွတ် အမြတ်နှစ် သစ်ကူးပွဲ။ တစ်နိုင်ငံလုံး သင်္ကြန်ရေ နဲ့ အေးစေကြောင်း မေတ္တာပို့သတဲ့ပွဲလို့ခံစားရတယ်”

ဆရာလေးကိုတင်

မဆလခေတ် သင်္ကြန်၊ နဝတ၊ နအဖခေတ် သင်္ကြန်တွေကို မီခဲ့တယ်။ တစ်ချိန်က ဖဆပလခေတ်ကိုလည်း ကြုံခဲ့တယ်။ အခုတော့ သင်္ကြန် က တော်တော်ကွာခြားသွား ပါပြီ။ မဆလခေတ်နဲ့ နဝတ ခေတ်တောင် တခြားစီ။ ဖဆပလ ခေတ်နဲ့ မဆလခေတ်က ခြားတယ်။ ဖဆပလခေတ်က သင်္ကြန်ကို ကျွန်တော်တ အားကြိုက်တယ်။ အဲဒီခေ တ်မြို့တော် ဝန်မဏ္ဍပ်မှာ မြို့တော်ဝန်ကိုယ်တိုင် ဆုပေးတဲ့ မဏ္ဍပ်ကြီးပါ။ ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အလှပြကားတွေ မြို့တော်ဝန် မဏ္ဍပ်မှာ လာပြိုင်ရပါတယ်။ မဆ လခေတ်မှာ လည်း အတိုင်းအတာအားဖြင့် သင်္ကြန်သံချပ်ဟာ အစိုးရအဖွဲ့တွေရော၊ ဝန်ကြီးတွေရောပဲ သွယ် ဝိုက်ပြီးတော့ ထိုးတဲ့ သံချပ်တွေ၊ သွယ်ဝိုက်ပြီး သရုပ်ဖော်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ စာပေလောကမှာ စာပေစိစစ်ရေးရှိခဲ့သလိုပါပဲ။ အခုလိုတော့ သံချပ်စစ်ဆေးရေး မရှိပါဘူး။ မထွက်ရဘူး။ သတိပေးခံ ရတယ်။ အဲဒီလိုမျိုးတွေဖြစ် တယ်။ သင်္ကြန်လည်းကျပြီ ကျွန်တော်တို့လည်း မကြာခင် ၂ဝ၁၅ ရွေးကောက်ပွဲ တက်ရ တော့မှာပါ။ “

ဆရာညီမင်းညို

” မပျော်တော့ဘူး။ မပျော်တတ်တော့ဘူး။ ပတ်ဝန်းကျင်အခြေအနေအရ၊ ခေတ်ရဲ့အခြေအနေအရ သင်္ကြန် ပွဲတော်ဟာ ဟိုးငယ်ငယ်တုန်းက ပျော်ခဲ့ရတဲ့ သင်္ကြန်ပွဲတော်လို မဟုတ်တော့ဘဲနဲ့ ကြောက်ရွံ့တဲ့စိတ်တွေ များလာတယ်။ အသက်ကြီးလာလို့လည်း ဖြစ်နိုင်တယ်။ ပျော်ရွှင်ပေမယ့်သင်္ကြန် ကိုချစ်တဲ့ စိတ်အပြည့်ရှိပေ မယ့် မပျော်တော့ ဘူး။ မပျော်တတ်တော့ဘူး။ ကြောက်တဲ့စိတ်က ပိုများလာတယ်။ အဲဒီတော့ အသိဥာဏ် ကင်းမဲ့စွာနဲ့ ဖြစ်ကြ၊ ပျက်ကြမယ့် ကိစ္စရပ်တွေမှာ တစ်ခုခုဒုက္ခမဖြစ် ချင်ဘူး။ သေ ရမှာ ကိုကြောက်လို့တော့ မဟုတ်ဘူး။ အကြောင်းမဲ့ ပျက်စီးဆုံးရှုံးရတာကို မလိုချင်တဲ့အတွက် ပျော်ရွှင်ပါလျက်နဲ့ သင်္ကြန်ကို ကြောက် ရွံ့စွာနဲ့ ရှောင် ခွာခဲ့ တာ နှစ်ကာ လကြာခဲ့ပြီ။ “

ဆရာဇူးကျော်

” သင်္ကြန်က အသက်အရွယ်နဲ့ အဓိကဆိုင်ပါတယ်။ အရင်က ဖြတ်သန်းခဲ့တာ ငယ်ရွယ်တဲ့အချိန် မှာ ဖြတ်သန်းခဲ့ရတာပေါ့နော်။ အဲဒါတော့သင်္ကြန် က ပျော်စရာအ တိပြီးနေတာပဲလေ။ ပြောမယ်ဆိုလို့ရှိရင် အဲဒီရဲ့နောက်ကွယ်မှာ စီးပွားရေး အခြေအနေ၊ ခေတ်အခြေအနေတွေလည်း ပါလာတာပေါ့လေ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် က ဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်နဲ့ အခုလောလောလတ်လတ် ဖြတ်သန်းရမယ့် သင်္ကြန်က အများကြီးကွာဟသွားပြီ။ အသက်အရွယ်နဲ့ဆိုင်သလို စီးပွားရေး၊ လူမှုရေး၊ နိုင် ငံရေးနဲ့လည်း ဆိုင်မယ်လို့ ယူဆပါတယ်။ အဓိကပြောရင်တော့ အရင်လောက်မပျော်ဘူး။ ဒါက ကိုယ်တစ်ယောက်တည်း ခံစားချက် ကို ပြောတာပါ။ “

ကဗျာဆရာ အောင်ဇင်မင်း

” ကျွန်တော်မွေးတာက ၁၉၄၆၊ နိုဝင်ဘာ ၂၆ ရက်၊ လွတ်လပ်ရေး မရခင်လို့ပြောရမယ်။ သိတတ်စ အရွယ်တုန်းကတော့ သင်္ကြန်ရော အကုန်ကောင်းခဲ့တယ်။ မြို့တော်ဝန် မဏ္ဍပ်မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုသင်္ကြန် သံချပ်တိုင်နေတာကို ထိုင်ကြည့် နေခဲ့တယ်။ အဲဒီအချိန်မှာ သင်္ကြန် သံချပ်တိုင်နေတဲ့ လူက နိုင်ငံ တော်ဝ န်ကြီးချုပ်ကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး တိုင်းပြည် ရဲ့ ဖရိုဖရဲဖြစ်မှုတွေကို သူက ပြောတယ်။ ဒီတော့ နိုင်ငံတော် ဝန်ကြီးချုပ်က ပြုံးပြုံးလေးနဲ့ နားထောင်နေတယ်။ အဲဒီသင်္ကြန် သံချပ်ထိုးပြီးတဲ့အချိန်မှာ အဲဒီ လိုပြောတဲ့လူကို မဏ္ဍပ်ပေါ်တက် ပြီး ဆုချီးမြှင့်ခဲ့တယ်။ နိုင်ငံတော် ဝန်ကြီးချုပ်တစ်ယောက် အနေ နဲ့ ပြည်သူတစ်ယောက် ကို လေး လေး စားစားဆက်ဆံတဲ့ ပုဂ္ဂိုလ် ကြီးတစ်ယောက်အနေနဲ့ လေး စားခဲ့တယ်။ အဲဒီတုန်းက သင်္ကြန် ကိုလည်း လေးစားခဲ့တယ်။ သင်္ကြန်ကို တံခါးတွေနဲ့မ ပိတ်ပါနဲ့။ သင်္ကြန် တံခါးတွေကို ဖွင့်ပေးပါ။ ပြတင်းပေါက်တွေ မပိတ်ပါနဲ့။ ပြတင်းပေါက်တွေ ကို ဖွင့်ပေးပါ။ သင်္ကြန်ပတ်ဝန်းကျင်မှာရှိတဲ့ တပေါင်း၊တန်ခူး၊ ကဆုန်ကနေ ဆယ့်နှစ်လ ရာသီမှာ ရှုပ်ထွေး ပွေလီနေတဲ့ အနံ့အသက်တွေ၊ အမှိုက်တွေကို ဖယ်ရှားပြီး ပိတောက်ရနံ့သင်းတဲ့၊ ငြိမ်း ချမ်းတဲ့၊ ပြည်သူလူထု သက် သောင့်သက်သာနေထိုင် သွားရ တဲ့၊ အပြန် အလှန် ယုံကြည်မှု ပေးနိုင်တဲ့ အဖြစ်ကြီးကို ဟောဒီ သင်္ကြန်မဏ္ဍပ်ထဲကနေ ဖွင့်ပေးမယ်လို့ ယူဆပါတယ်”

ကဗျာဆရာ ကိုရွေး

ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုမဏ္ဍပ်တော် တော်များများ လွတ်လွတ်လပ်လပ်ရှိတယ်။ ကားတွေဆိုရင် လည်း လွတ်လွတ်လပ်လပ်နဲ့ ပျော်စရာကြီး။ အခုခေတ် ကလေးတွေက သံချပ်ဆိုတာကို မသိတာကများ တယ်။ မမြင်ဖူးဘူး ဖြစ်နေတယ်။ ရှားလည်းရှားသွား ပြီ။ သင်္ကြန်ကားတွေလည်း ရေပက်ခံလောက်ပဲရှိတော့ တယ်။ အဲဒါ က တော့ ဟိုဘက်နဲ့ ဒီဘက် သိသိသာသာ ကွာခြား သွားတယ်။ ဝတ်စားဆင်ယင်မှု တွေ ကတော့ သူ့ရေစီးကြောင်း နဲ့သူပါပဲ။ ဒါကို တားလို့မရ ဘူး လို့ထင် တယ်။ ရွေ့လျားလာတာ ပဲ။ အချိန်တန်ရင် နောက်တစ်မျိုး လည်း ပြောင်းချင်ပြောင်းသွား နိုင်တယ်။ ပြောင်းမယ်ဆိုရင် စိတ်ဓာတ်ကို အရင်ဆုံးပြောင်း မှရမယ်။ ဒီယဉ်ေ ကျးမှုဆိုတာ ကိုလည်း အကြာကြီး ဆွဲထားလို့ မရပါဘူး။ တို၊ ပြတ်ပြီး ပြန်ရှည် သွားမှာ။ ဒီဘက်ကလည်း တစ်ဖက် သတ်ကြီး ရိုင်းတယ်လို့ မကိုင် ထားဘဲနဲ့၊ မခံယူ ထား ဘဲနဲ့ ဖြေ ပေးဖို့လိုတာပေါ့။ ဒီနှစ်သင်္ကြန် ကိုတော့ အေးအေးချမ်းချမ်း၊ ယဉ်ယဉ်ကျေးကျေးနဲ့ ပျော်ပျော် ပါးပါးလေး ကုန်ဆုံးသွားစေချင်တယ်”

ဆရာမ နီနီနိုင် (သထုံ)

မန္တလေး သင်္ကြန်ဆိုတာက ဟိုးလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ရှိမယ်။ ၁၉၈၅ အစောပိုင်းပေါ့။ အဲဒီ အစော ပိုင်းကဆိုရင် တအားကောင်းတယ်။ ကိုဝင်းဦးရှိစဉ် ကပေါ့လေ။ ပိုကောင်းတယ်။ အဲဒီတုန်းက နေ့ခင်း ဘက် ရေပက်ခံထွက်တာတို့၊ှအအေနှ့သတ တွေ၊ ညဘက် ၈ နာရီဆို မထွက်တော့ဘူး။ အဲဒါပြောင်း ပြန် ဖြစ်သွားတာပေါ့နော်။ ဆရာမက ၁၉၇၆ ကတည်းက မန္တလေးကို ရောက်သွားတော့ မန္တလေးရဲ့ သင်္ကြန်အငွေ့ အသက်ကိုခံစားတတ်တယ် ပေါ့နော်။ ညဘက်ဆိုရင် တစ်မျှော်တစ်ခေါ် လမ်းေ လျှာက် ထွက်ရတာကို တအားကြိုက် တယ်။ အမှန်အတိုင်းပြောရရင် ဟိုတုန်းက သင်္ကြန်ကို ပိုပျော် တယ်။ ပိုလွတ်လပ်တယ်။ ခိုက် ရန်ဖြစ်ပွားတာတို့၊ မူးယစ် ဆေး သုံးစွဲ တာတို့ မဖြစ်စေချင် ဘူး။ ချစ်ချစ် ခင်ခင်၊ ပျော်ပျော် ပါးပါးနဲ့ နှစ်သစ်သင်္ကြန်ကို ကူး ပြောင်းနိုင်ပါစေလို့ ဆုတောင်းပါတယ်”

ဆရာမ မိချမ်းဝေ

သင်္ကြန်ဆို တာက ကိုယ့်ရဲ့ ရိုးရာအစဉ်အလာကို ထိန်းသိမ်းတဲ့ ပွဲလေး ပေါ့နော်။ ရေပက်တာတွေ အကြမ်း ပတမ်းကြီးလည်း မဟုတ်သေးဘူး။ သင်္ကြန်ရောက် တိုင်း သန်လျင်တစ်ဖက်ကမ်းက အမေ့ရွာမှာသွားပြီး သင်္ကြန်ကျ ရတယ်။ သင်္ကြန်ထမင်းလုပ် တယ်။ ဘုန်းကြီး ကျောင်းကိုပို့ တယ်။ လူကြီးမိဘတွေကို ကန်တော့တယ်။ ရိုးရာ အတိုင်း သင်္ကြန်မှာ စီးမျောခဲ့တာပေါ့။ အခုက တအားကွာသွားပါပြီ။ အမြင်မတော် တဲ့ပုံစံ ဝတ်စား ဆင်ယင်မှုတွေနဲ့ ရိုးရာအစဉ် အလာကို မေ့ဖျောက်ပစ်လိုက် ပြီးတော့ ပျော်ပွဲတစ်ခုအနေနဲ့ပဲ ကျင်းပကြတော့တယ်။ ဒီတော့ အရင်ကစီးမျောခဲ့တဲ့ ပုံစံမျက်စိ နဲ့ ကြည့်ရင် ဒါဟာ လုံးဝမသင့် တော်ပါ ဘူး။ မတင့်တယ်ပါဘူး။ ဒီလိုမျိုး မဝတ်ရ၊ မစားရ၊ မပြု မူရလို့ တရားဝင် အမိန့်ထုတ် သင့်တယ်။ အဲဒီလို အမိန့် ထုတ် လိုက်ရင် တော်တော် များများ၊ အားလုံးနီးပါး လိမ္မာယဉ်ကျေး ပြီး မပေါ့တပေါ်တွေ ဝတ်စား ကြမှာ မဟုတ်ပါဘူး။ အခုက ပြောင်းပြန်ဖြစ်နေတယ်။ မြန်မာ တွေက နိုင်ငံခြားလို ဝတ်၊ နိုင်ငံ ခြားက မြန်မာ လိုဝတ်နေကြ တာတွေလေ။ ဒီနှစ် သင်္ကြန်က မနှစ်က သင်္ကြန်ထက် ပိုကောင်းလာမယ်လို့ ထင်ပါတယ်”

Mဘွယ်
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...