ဘေးအန္တရာယ်ကိုဖြစ်စေသော အစားအစာများရဲ့ အဆိပ်ဖြေဆေးများ



✿ ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊ ငါးခြောက်၏ အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါ တယ်။ ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊ bacon ၊ အစားအစာများက စားကောင်းတဲ့အပြင် အချိန်ကြာရှည်စွာ အထားခံနိင်တာမို့လုတိုင်းနှစ်သက်ကြပါတယ် ။ ဒါပေမယ့် လွန်ကဲသောဆားဒြပ်ပါဝင်ပြီး အသားကို ကြာရှည် ဆားနယ်သိပ်ရတာကြောင့် နိုက်ထရိုစမင်း Nitrosamine ကိုဖြစ်စေပြီး လုခန္ဓာကိုယ် ထဲရောက်သွားတဲ့အခါ မှာ ကင်ဆာရောဂါကိုဖြစ်စေတဲ့ Dimethylnitrosamine ဒြပ် အဖြစ်သို့ပြောင်းလဲ သွားပါတယ် ။

✬ အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။ လက်ဖက်ရည်ကြမ်းက ဘေးအန္တရာယ် ကိုဖြစ်စေသောဒြပ်တွေကို ပျက်ပြားစေပါတယ် ။ နေ့တိုင်းလက်ဖက်ရည်ကြမ်းသောက်ခြင်းက ကျန်းမာရေးကို အထောက်အကုပြုနိင်ပါတယ် ။ ငါးခြောက် ၊ဝက်ဆားနယ်ခြောက် ၊ဝက်ပေါင်ခြောက် ပေါင်း (သို့) ချက်စားတဲ့အခါ ရှာလကာရည် (သို့) သံပရာရည် အနည်းငယ်ထည့်ပြီး ကျက်အောင်ချက်ခြင်းဖြင့် နိုက်ထရိုစမင်း Nitrosamine ကို ပျက်ပြားစေပါတယ် ။

✿ အီကြာကွေး၏ အဆိပ်ဖြေဆေးက ပဲနို့ရည်ဖြစ်ပါတယ် ။ အီကြာကွေးထဲမှာ များသောအားဖြင့် ကျောက် ချဉ်ထည့်ထားပါတယ်။ အလှုမီနီယမ်ဒြပ် aluminum ပါတာမို့လုခန္ဓာကိုယ်ကစုပ်ယုပြီးနောက်
ဦးနှောက်ဆဲလ်များ ထုတ်လုပ်မှုကို ထိခိုက်စေတယ်။ အလှုမီနီယမ်ဒြပ်က ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ပစ်ဖို့ မလွယ်ကူတာမို့ ကိုယ်ခန္ဓာထဲမှာ စုစည်းကျန်ရစ်နေတတ်ပါတယ် ။ ကြာလာတော့ ခန္ဓာကိုယ်ကို ထိခိုက်နိင်ပါတယ် ။ မှတ်ဥာဏ်မကောင်းတော့ခြင်း ၊ စိတ်ဓာတ်ကျခြင်း၊ စိတ်တို စိတ်ဒေါသထွက်ခြင်း ၊ပိုဆိုးပါက အကြိုဇရာအိုရောဂါကိုဖြစ်စေတယ် ။

✬အဆိပ်ဖြေဆေးက ပဲနို့ရည်ဖြစ်ပါတယ် ။ ပဲနို့ရည်တွင် များပြားသော Lecithin ဒြပ်ပါတာမို့ မှတ်ဥာဏ်ကောင်းစေပါတယ်။ ကယ်လဆီယမ်ဒြပ် Calcium လည်း ပါဝင်တာမို့ အရိုးအတွက်အထောက် အကုပြုနိင်ပါတယ် ။

✿ ချဉ်ဖတ် ၏ Sauerkraut အဆိပ်ဖြေဆေးက Kiwi ကီဝီသီးဖြစ်ပါတယ်။ ချဉ်ဖတ်ကို လုတိုင်းကြိုက်နှစ် သက်ကြပါတယ်။ ဆားစိမ်ထားတာမို့ဗီတာမင်စီ မရှိတော့ပါ။ ချဉ်ဖတ်ထဲတွင် အောက်စီလစ်အက်စစ် oxalic acid နှင့်ကယ်လဆီယမ်ဒြပ် ပါတာမို့အုက အလွယ်တကူစုပ်ယူပြီး ကျောက်ကပ်က ပြင်ပသို့ ထုတ်တဲ့အခါ ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်ပါတယ် ။ အချဉ်သိပ်ထားသော အစားအစာများတွင် နိုက်ထရိတ် Nitriteများပါဝင်ပြီးခန္ဓာကိုယ်ထဲရောက်တဲ့အခါမှာ ကင်ဆာရောဂါကိုဖြစ်စေသော နိုက်ထရိုစမင်း nitrosamine အဖြစ်သို့ပြောင်းလဲသွားပါတယ် ။

✬ အဆိပ်ဖြေဆေးက Kiwi ကီဝီသီးဖြစ်ပါတယ်။ များပြားသောဗီတာမင်များ ပါဝင်သော သစ်သီးများကို စားခြင်းဖြင့် ကင်ဆာရောဂါကိုဖြစ်စေသောနိုက်ထရိုစမင်းဒြပ်ကို ပျက်ပြားစေပါတယ်။ အစာအိမ် ကင်ဆာ နှင့် အစာအိမ်ပြွန်လမ်းကြောင်းကင်ဆာရောဂါဖြစ်ပွားမှုကိုလျှော့နည်းစေပါတယ်။ ကီဝီသီးတွင် ဗီတာမင်စီ အများဆုံးပါဝင်တာမို့ ကီဝီသီးတစ်လုံးက လုတစ်ယောက်စာ တစ်နေ့လိုအပ်တဲ့ ဗီတာမင်စီ နဲ့ညီမျှပါတယ်။

✿ Hot pot ပောာ့ပေါ့ရဲ့ အဆိပ်ဖြေဆေးက ကျွဲကောသီးဖြစ်ပါတယ်။ အလွယ်တကု အပုကြီးသူများ အတွက် (သို့) ခံတွင်း၌ အပုဖုပေါက် သူများအတွက် အဖြေအနေပိုဆိုး သွားတတ်ပါတယ်။ မကြခ ဏ ကောင်းသွား လိုက်ပြန်ဖြစ်လိုက် ဖြစ်နေတတ်ပါတယ်။ အစာအိမ်ပြွန်လမ်းကြောင်းနှင့် ခံတွင်း ကင်ဆာကို တိုက်တွန်းနိင်ပါတယ်။ ပောာ့ပေါ့က အပုကြီးတတ်တဲ့အပြင် ဂေါက်နာရောဂါကိုပါ ဖြစ်စေ နိင်ပါတယ် ။

*** ဆားဓာတ်အများဆုံး ပါတာမို့ ပောာ့ပေါ့ စားပြီးလျှင်ရေများများသောက်ပါ။ ကျောက်ကပ်အတွက် တာဝန်ပိုသွားတတ်ပါတယ် ။

✬အဆိပ်ဖြေဆေး က (ရှောက်ခါးသီး)ကျွဲကောသီးဖြစ်ပါတယ်။ အဆီအစိမ့် အစပ် (မာလာ ပာင်း) ပောာ့ပေါ့သုံးဆောင်ပြီးနောက် ကျွဲကောသီးကို စားခြင်းဖြင့် အပုကျ ၊ အဆီအစိမ့်အစပ်တွေကို ပြယ်ပျက်စေပြီး သရက်ရွှက် အတွက်အထောက်အကူပြုပါတယ် ။

✿ အသားကင်များရဲ့အဆိပ်ဖြေဆေးက ကဇွန်းဥဖုတ် (စိမ်းစားဥ) ဖြစ်ပါတယ်။ တုတ်ထိုးအသားကင် အစရှိသော ကင်စားသော အစားအစာအမျိုးမျိုးကို မီးသွေး (မီးကင် )လိုက်တဲ့အခါ ပါဝင်တဲ့ Benzopyrene က ခန္ဓာကိုယ်ရောက်တဲ့အခါ အစာအိမ်ကင်ဆာကိုဖြစ်စေနိင်ပါတယ် ။

✬အဆိပ်ဖြေဆေးက ကဇွန်းဥဖုတ် (စိမ်းစားဥ) ဖြစ်ပါတယ် ။ အသားကင်များကို သုံးဆောင်ပြီးနောက် ကဇွန်းဥဖုတ်(သို့)စိမ်းစားဥ ထဲတွင် သစ်စေးဓာတ် cellulose အများဆုံး ပါဝင်တာမို့အသားကင်ထဲတွင် ပါဝင်သောဘေးအန္တရာယ်ကို ဖြစ်စေတဲ့ အဆိပ်များ ကို ခန္ဓာကိုယ်ပြင်ပသို့ဖယ်ထုတ်နိင်စွမ်းရှိပါတယ် ။
အသားကင်ထဲမှ များပြားသောအဆီဓာတ်များကို ခန္ဓာကိုယ်က မစုပ်ယုနိင်အောင် ပာန့်တားနိင်စွမ်းရှိ ပါတယ် ။

✿ ဆေးဘဲဥရဲ့ အဆိပ်ဖြေဆေးက ပဲပြား (တို့ပာူး) ဖြစ်ပါတယ်။ ဆေးဘဲဥကို လုတိုင်းကြိုက်နှစ်သက်မှာပါ ။ တရုတ် ၊ ထိုင်း .ယုနန်လုမျိုး များက အမျိုးမျိုး ချက်စားကြပါတယ် ။(ဆေးဘဲဥကြော် ၊ဆေးဘဲဥ ပ်) ဆေးဘဲဥလုပ်ရာတွင် အနည်းနှင့်အများ ခဲဓာတ် lead ပါပါတယ်။ ခဲဓာတ်များများစားမိလျှင် အသိဥာဏ်လျှော့နည်းလာခြင်း၊ အာရုံကြော ကိုထိခိုက်နိင်ခြင်း ၊ နားမကြားခြင်း ၊ သင်ယုနိင်စွမ်း (အသိဥာဏ်) လျှော့နည်းလာ နိင်ပါတယ်။

✬ အဆိပ်ဖြေဆေးက ပဲပြား (တို့ပာူး) ဖြစ်ပါတယ်။ ဆေးဘဲဥ နဲ့ပဲပြားက လိုက်ဖက်ညီတဲ့ အစား အစာဖြစ်ပါတယ်။ ပဲအမျိုးမျိုးတွင် ပါဝင်သော သစ်စေးက အစားအစားထဲတွင် ပါဝင်သော ခဲဓာတ်က အစာအိမ်က စုပ်မယုသွားနိင်အောင်ပာ န့်တားနိင်ပါတယ်။ ကယ်လဆီယမ်ဓာတ် ပါဝင်တာမို့လည်း ခဲဓာတ်ကိုတားဆီးနိင်ပါတယ်။ တို့ပာူးက လုခန္ဓာကိုယ်ထဲမှာရောက် သွားတဲ့ ခဲဓာတ်ကို ပျက်ပြားစေပြီး
ခန္ဓာကိုယ်သွေးကြောထဲမှ သတ္တူ ဓာတ်စုစည်းခြင်း ကိုလျှော့နည်းနိင်စွမ်း ရှိပါတယ်။

ချစ်ခင်လေးစားရသော သူငယ်ချင်းတို့ ........ နေ့စဉ်စားသုံးနေတဲ့အစားအစာတိုင်းက စားတတ် ရင် ဘေးအန္တရာယ် မဖြစ်နိင်ပဘုး ။ ချိန်ဆနိင်ရင်တော့အကောင်းဆုံးပါ။ အများစု ကြိုက်နှစ်သက်သော ပာင်းတွေဖြစ်တာမို့ သူငယ်ချင်းများကိုမျှဝေပေးလိုက်ပါတယ်။

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပါစေ

Page ၀န်ဆောင်မှုပေးခြင်းမှ ပြန်လည်မျှဝေပါသည်။

~~~♥♥♥ Jin Li Chao ღ(✿‿✿)ღ
Myanmar Forward

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...