ပညာရေးဝန်ထမ်းများ ပညာရည်ပြည့်ဝဖို့ ကြိုးပမ်းကြစေချင်



“ပညာရေးဖြင့်ခေတ်မဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ကျွန်တော်တို့နိုင်ငံရဲ့ စာသင်ကျောင်းအားလုံးလိုလိုမှာ တွေ့ရတဲ့ဆောင်ပုဒ်တစ်ခုပါဘဲ။ ကြွေးကြော်ချက်တွေ၊ ရည်ရွယ်ချက် တွေ ဘယ်လောက်ပဲကောင်းနေပါစေ လက်တွေ့မှာ လိုက်လျောညီထွေ အကောင်အထည်ဖော် ဆောင်နိုင်မှု မရှိတဲ့အခါကျတော့ အဲဒီစာသားတွေဟာ စာရွက်ပေါ်ကစာလုံးတွေပဲ ဖြစ်သွားလေ့ရှိပါတယ်။

မတန်မရာ၊ အလွန်အကျွံ မြှောက်ပင့်ပြောဆိုခြင်းလို့ဆိုနိုင်တဲ့ ဆောင်ပုဒ်တွေ၊ ကြွေးကြော်သံတွေ ကျွန်တော် တို့နိုင်ငံမှာ နေရာအများအပြားမှာ တွေ့နေရပါတယ်။ (မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်ဆို တဲ့ ဆောင်ပုဒ်မျိုးပေါ့)။

ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီတဲ့နိုင်ငံတစ်ခု တည်ဆောက်ဖို့အတွက် ပညာရေးအဆင့်အတန်းမြင့်မားခြင်း ဟာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ၁၉၈၈ နောက်ပိုင်းကျွန်တော်တို့နိုင်ငံရဲ့ မရေမ တွက်နိုင်လောက်အောင် များပြားလှတဲ့ကော်မတီဥက္ကဋ္ဌတာဝန်တွေကို ဦးခင်ညွန့်ရယူပြီးနောက် အဆိုး ရွားဆုံးပျက်စီးခဲ့တဲ့အထဲမှာ ပညာရေးစနစ်ဟာရှေ့ဆုံးက ပါဝင်ပါတယ်။ Critical Thinking (ကျိုး ကြောင်းဆက်စပ်တွေးခေါ်မှု) သီအိုရီနဲ့ အခြေခံသဘောတရားတွေကို ကျေညက်နားလည်ရေးဆိုတဲ့ ပညာရေးစနစ်ရဲ့ အခြေခံလိုအပ်ချက်နေရာမှာ ကြက်တူရွေးစာအံသလို သင်၊ အံ၊ ကျက်စနစ် အစား ဝင်ရောက်လာခဲ့ပါတယ်။ အောင်ချက်ရာခိုင်နှုန်းတွေကို စီမံချက်နဲ့ပုံဖော်၊ မအောင်မရှိ ငါ့တပည့်စနစ်နဲ့ ခရီးဆက်၊ ယခင်က နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တွေကသာလျှင် ပေးလေ့ရှိတဲ့ Ph.D ဘွဲ့ တွေကို ပြည်တွင်းမှာပဲ ဗုံးပေါလအောပေး၊ B.A, B.Sc, B.E မှသည် Ph.D အထိ Copy ပညာရေးစနစ် နဲ့ ခရီးဆက်ခဲ့ပါတယ်။

ပညာရေးစနစ် ပျက်ယွင်းခြင်းနဲ့အတူ ပညာတတ်ဘွဲ့ရတွေရဲ့ အခန်းကဏ္ဍ ဘက်ပေါင်းစုံက မှေးမှိန် ကာနိုင်ငံတစ်ခု စနစ်တစ်ခုကို ပုံဖော်တည်ဆောက်တဲ့နေရာမှာ အဓိကမောင်းနှင်အားတွေဖြစ်တဲ့ လူလတ်တန်းစားတွေရဲ့ အရေးပါမှုကိုဖျက်ဆီးဟန့်တားတဲ့ ပညာရေးစနစ်တစ်ခုလို ဖြစ်ခဲ့ပါ တယ်။ ခေတ်ပညာတတ်တွေရဲ့ အသိဉာဏ်ပညာအတွေးအခေါ်နဲ့ ဗဟုသုတတွေဟာ ငါးတန်း အဆင့်လောက် တောင်မှ မရှိတော့ဘူးလို့ “ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင်” ကဏ္ဍက မီးမောင်းထိုးပြလို့ ရတဲ့အဆင့်ထိ ရောက်သွားခဲ့ရပါပြီ။ သမိုင်းမသိ၊ ပထဝီနားမလည်၊ သင်္ချာကိုမတွေးခေါ်တတ်ပဲ ဘွဲ့တွေ့ရခဲ့ တဲ့ မြန်မာ့ အနုပညာနယ်ျပယ်က ပေါကြောင်ကြောင်၊ ရူးနှမ်းနှမ်းသရုပ်ဆောင်တွေရဲ့ ဖျော်ဖြေတင်ဆက် မှုတွေက ဖျော်ဖြေရေးဆိုတာထက် ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးစနစ်အတွက်တော့ အရှက်ရစရာ တစ်ခုလို့ပဲ မြင်မိပါတယ်။ “မူကြိုနှင့်ပြိုင် ဘယ်သူနိုင်” ဆိုတဲ့အစီအစဉ်မျိုး နောက်ထပ်မပေါ်လာပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတယ်။

နိုင်ငံတစ်ခုမှာ ဘယ်ပညာရေးစနစ်ပဲ ကျင့်သုံးပါစေ အတွေးအခေါ်၊ သီအိုရီ၊ သုတေသန (Research) နဲ့ Critical Thinking တွေကို အခြေမခံဘူးဆိုရင် အဲဒီနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဘယ်လိုနည်းနဲ့မှ တိုးတက်လာနိုင်စရာ အကြောင်းမရှိပါဘူး။ နိုင်ငံအများအပြားမှာတော့ CCA (Child Centered Appr-oach) သင်ကြားနည်းစနစ်ကို ကျင့်သုံးပေမယ့်လဲ ကျွန်တော်တို့နိုင်ငံမှာတော့ TCA (Teacher Centered Approach) ဆရာဗဟိုပြုသင်ကြား နည်းစနစ်ကိုပဲကျင့်သုံးခဲ့ပါတယ်။

ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းပြည့်မိမှု၊ စိတ်ဓာတ်ခွန်အားတွေဟာ နိုင်ငံ့သားကောင်းတွေ၊ ဘက်စုံ ထူးချွန်တဲ့ မျိုးချစ်လူငယ်တွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေကို ဖန်တီးပုံဖော်တဲ့နေရာမှာ မရှိမ ဖြစ်လိုအ ပ်ပါတယ်။ ၁၉၈၈ နောက်ပိုင်းကာလတွေမှာတော့ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးစနစ်မှာ အခြေခံလို အပ်ချက်ဖြစ်တဲ့ ဆရာ၊ တပည့်ဆက်ဆံရေးမှာ ဆရာ၊ ဆရာမတွေဟာ ဆရာကျင့်ဝတ်ငါးပါး ထက် အာဏာရှင်အလိုကျ ကျင့်ဝတ်တွေနဲ့ ပြုမူလုပ်ဆောင် ခဲ့တာတွေကိုပဲ တွေကခဲ့ရပါတယ်။

မေးခွန်းတွေဖြေဆိုတဲ့အခါမှာ အဖြေမှန်ပေမယ့်လဲ သူ့တွက်နည်း၊ သူဖြေပြထားတဲ့ပုံစံနဲ့ နည်းနည်းကွာ လိုက်တာနဲ့ လုံးဝအမှတ်မပေးတော့တဲ့ထိ အာဏာပါဝါပြခဲ့တဲ့ ဆရာ၊ ဆရာမတွေလည်း ဒုနဲ့ဒေးပါဘဲ။ သူ့ကျူရှင်မတက်လို့ အမျက်ဒေါသထွက် စိတ်ဆိုးပြီး လပတ်စာမေးပွဲဖြေဆိုချိန်မှာ စာမေးပွဲမဖြေခိုင်းဘဲ တံမြက်စည်းလှည်းခိုင်း၊ ပြီးတော့မှ လပတ်စာမေးပွဲကျတယ်ဆိုပြီး သူ့ကျူရှင်ကို မဖြစ်မနေတက်မှဖြစ် မယ်လို့ မိဘခေါ်တွေ့အကျပ်ကိုင်ကာ ခုနှစ်တန်းကျောင်းသူတစ်ဦးကို သူ့ကျူရှင်မတက်တက်အောင် ပညာစွမ်းပြတဲ့ တောင်ကြီးမြို့က အလယ်တန်းပြဆရာမတစ်ဦးလို ဆရာမတွေကလဲ ပေါမှပေါ။ ရှစ်တန်း ကိုးတန်း ကျောင်းသားလေးတွေ လက်ဖက်ရည်ဆိုင်မှာ ဆေးလိပ်သောက်နေတာကို မဟန့်တားတဲ့အပြင် ကိုယ်တိုင်ပါဆေးလိပ်မီးညှိပေးခဲ့တဲ့ တွံတေးမြို့က ကျောင်းအုပ်ဆရာကြီးလို ဆရာကြီးမျိုးကတစ်ဖုံ။ သူ့ကျူရှင်တက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို နည်းနည်းမှမခိုးချနဲ့၊ လှုပ်တာနဲ့ဖမ်းလွန်းလို့ ကျောင်း သားတွေမကျေမနပ်ဖြစ်၊ စာမေးပွဲဖြေပြီးချိန်မှာ ပြဿနာဖြစ်မှာ ကြောက်ပြီး ကျောင်းနောက်ပေါက်ကနေ ဟန်မဆောင်နိုင်စတမ်း သုတ်ခြေတင်ပြေးခဲ့ရတဲ့ သံတွဲမြို့ရဲ့ အထက်တန်းကျောင်း တစ်ကျောင်းက ဆရာတစ်ဦးရဲ့ အဖြစ်မျိုးကလဲ မရှား။ စာသင်ချိန်တပည့်တွေကို စာထွက်ရေးခိုင်း၊ ကိုယ်တိုင်ကျတော့ ဖုန်းတစ်လုံးနဲ့ အီစီကလီပြုရင်း အလုပ်ရှုပ်နေကြတဲ့ ဆရာမပျိုပျို ရွယ်ရွယ်တွေကလည်း ကျောင်းတိုင်း လက်ညှိုးထိုးမလွဲ။ အာဇာနည်နေ့ အကြောင်းသိချင်လို့ နည်းနည်း လောက်ပြောပြပေးပါ တောင်းဆို တဲ့ကျောင်းသားတစ်ဦးကို အတန်းသားအားလုံးရဲ့ရှေ့မှောက်မှာ ဒေါသတကြီးပြစ် တင်ကြိမ်းမောင်းပြောဆို ခဲ့တဲ့ မကွေးမြို့က အထက်တန်းပြဆရာတစ်ဦး။ အောင်စာ ရင်းထွက်ချိန် ပထမ၊ ဒုတိယအဆင့်တွေကို မရေး၊ ဆုပေးပွဲနီးခါနီးမှ များများကန်တော့နိုင်တဲ့ ကျောင်း သား၊ ကျောင်းသူတွေကို ကန်တော့ကြေးအလိုက် ဆုတံဆိပ်သတ်မှတ်တဲ့ ကျောင်းတွေကလည်း အား လုံးနီးပါး။ ကျောင်းရှေ့မျက်နှာစာက ဈေးသည် တိုင်းလိုလိုနဲ့ ရန်ဖြစ်၊ ကျောင်းလာအပ်တဲ့ မိဘတစ်ဦး ကို ထဘီစွန်တောင်ဆွဲပြီး ကက်ကက်လန်အောင် ရန်တွေ့ခဲ့တဲ့လှိုင်သာယာ အလက (၅) က ပုသိမ် သူကျောင်းအုပ်ဆရာမကြီးရဲ့အဖြစ်ကလည်း ကလေးတွေနဲ့အတူ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းပဲ ပို့ရတော့မလို။ ငါ့ယောက်ျားက သင်္ဘောသား၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဘယ်ဌာနကအရာရှိ စသည်ဖြင့် (လင်တု၊ လင်ပြိုင်) ဂုဏ်ဖော်နေကြတဲ့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများရှိ နာမည်ကြီးကျောင်း တွေက ဆရာမများကလည်း တမှောင့်။ အများသူငါတွေက လုပ်ငန်းခွင်ဝင်ဖို့ သုတ်ခြေတင်နေရချိန်မှာ လမ်းဘေးမူးပြီးလဲမကျအောင် ထိန်းပြီးသွားနေရတဲ့ လှိုင်သာယာမြို့နယ်ရဲ့တစ်ခုသော မူလွန်ကျောင်း ကကျောင်းအုပ်ဆရာကြီးတစ်ဦးအဖြစ်ဟာလဲ ပညာရေးလောက သိက္ခာမကျရလေအောင် အရက်ဆိုင် ကိုသူ့ရုံးခန်းမှာပဲ ဖွင့်ပေးရတော့မလို လို။ ကျောင်းရှေ့မျက်နှာစာမှာ အရက်၊ ဘီယာဆိုင်ကြီးတွေ ဟီးဟီးထနေအောင် ဖွင့်ထား၊ ကျောင်းလာရာ လမ်းထိပ်မှာ တည်းခိုခန်းတွေအစီအရီဖွင့်ထားတဲ့ လှိုင် သာယာမြို့ရဲ့ အထက်တန်းကျောင်း တစ်ကျောင်း လို ကျောင်းတွေကလည်း နေရာအနှံ့။ ဆရာနဲ့တပည့် အမြည်းအတူတူစား၊ အပြန်အလှန် အရက် ငှဲ့ပေးရင်းလက်ရည် တစ်ပြင်တည်းသောက်နေကြတဲ့ ရန်ကုန်မြို့ရဲ့ စခန်းသွင်းဘော်ဒါဆောင် ဆရာတွေက လဲ မရိုးနိုင်စရာ။

၁၉၈၈ နောက်ပိုင်းဖြစ်လာတဲ့ ပညာရေးဝန်ကြီးအားလုံး (ယနေ့ထိ) ‘သူ့ဆန်စားရင် ရဲရမည်’ ဆိုတဲ့ အ တွေးထက် ပိုမတွေးတတ်ဟုဆိုက ပိုအံ့မထင်။ ပညာရေးမူဝါဒကောင်း ချမှတ်နိုင်ရေးထက် ရာထူးနေ ရာတည်မြဲရေးအတွက် အထက်အမိန့်ကို Followship လုပ်ကာ စားကောင်း၊ သောက်ကောင်းအောင် ဟန်ပြလုပ်ပြရုံမှလွဲပြီး ဘာတစ်ခုမှလုပ်ဆောင်ခြင်းမရှိခဲ့တဲ့ ဝန်ကြီးတွေ။ စစ်အစိုးရရဲ့ ဂရင်းနစ်စံချိန် တင် နိုင်လောက်အောင် များပြားလှတဲ့ဝန်ကြီးဌာနတွေထဲမှာ ပညာရေးဝန်ကြီးဌာနလောက် ဖြစ်ကတတ် ဆန်းနိုင်တဲ့ ဝန်ကြီးဌာနနော့ ရှိလိမ့်မယ်မထင်ဘူး။

‘အမျိုးသားစည်ကမ်းအစ စာသင်ကျောင်းက’၊ ‘ပညာတို့နိုင်ငံရဲ့ ပညာရေးဝန်ထမ်းလောကမှာ ဖြစ် ရပ် တွေကတော့ ပြောမဆုံးပေါင်တောသုံးတောင်လို့ပဲ ဆိုရမှာပါ။ ဆရာ့ကျင့်ဝတ်ငါးပါး ပျက်စီးနေသရွေ့ ကာလပတ်လုံးတော့ ပညာရေးစနစ်ကို ဘယ်လိုမှမြှင့်တင်လို့ရနိုင်မှာ မဟုတ်ပါဘူး။ ပညာရေးမူဝါဒ တစ်ခုကို ချမှတ်အကောင်အထည်ဖော်တဲ့နေရာမှာ အာဏာရှင်၊ အုပ်ချုပ်သူက ပုံဖော်တဲ့စနစ်ထက် ပညာရေးလောကသားတွေ ပူးပေါင်းပါဝင်ပြီး ပုံဖော်တဲ့စနစ်ဖြစ်အောင် ဦးစွာလုပ်ဆောင်ဖို့ လိုအပ်ပါ တယ်။

ဆရာ၊ ဆရာမတွေဟာ တပည့်သားသမီးတွေရဲ့ လက်ရှိဘဝအပေါ်မှာရော ရေရှည်အနာဂတ်ကို ပါ မျှော်ကိုးပြီး လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးတွေကောင်းဖို့ အတွက်ရာထူးဂုဏ်ရှိန်ကိုပဲ ရွေးကြည့်တတ်တဲ့အကျင့်ကိုဖျောက်ပြီး မိဘတွေနဲ့ပူးပေါင်းဆောင်ရွက် သင့်ပါတယ်။ သိပ္ပမချန်ဘဲ အတတ်လည်းသင်ဖို့အတွက် ကိုယ်ကိုတိုင်လည်း စွမ်းရည်ပြည့်ဝလာ အောင် ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးစနစ်နိမ့်ကျသွားရခြင်းရဲ့ အကြောင်း ရင်းတွေထဲမှာ ဆရာ၊ ဆရာမတွေရဲ့ အသိဉာဏ်ဗဟုသုတ ဘက်ပေါင်းစုံက ခေါင်းပါးနိမ့်ကျ မှုတွေကလဲ အဓိကကျတဲ့အချက်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ပညာရေးဌာနက ဆရာ၊ ဆရာမ အ တော်များများ (အထူးသဖြင့် ၁၉၈၈ နောက်ပိုင်းဖြစ်လာတဲ့သူတွေ) ဟာပညာရေးနဲ့ သက်ဆိုင်တဲ့ဗဟု သုတ၊ အတွေး အခေါ်တွေမှာ ဆိုးရွားစွာနိမ့်ကျနေခဲ့တာကို တွေ့ရပါတယ်။

ပညာရေးလောကမှာ ဆရာတွေရဲ့အရေအတွက် အလွန်အကျွံနည်းပါးနေခြင်းဟာ ပညာရေးစနစ်အ တွက်ကောင်းမွန်ပြီး လက်သင့်ခံနိုင်တဲ့ အနေအထားတစ်ရပ်လို့ ကျွန်တော်မယုံကြည်ပါဘူး။ ဆရာ၊ ဆရာမ အရေအတွက်အချိုးကို ညီမျှအောင်၊ ထိန်းညှိနိုင်တဲ့အခြေအနေတစ်ခုကိုရောက်အောင် ဖန်တီး နိုင်ဖို့လို အပ်ပါတယ်။ ဘေးရန်ဆီးကာဆိုတဲ့ ကျင့်ဝတ်နဲ့အညီ တပည့်တွေအပေါ်မှာ ကျရောက်လာနိုင်မယ့် အန္တရာယ်တွေ၊ အဖျက်အဆီးတွေကိုလည်း ကာကွယ်ပေးရမယ့်တာဝန်ရှိပါတယ်။

ဒီကနေ့မှာ ကျောင်းသားအများစု ဆေးလိပ်ကိုဖင်က မီးခိုးထွက်မတတ် သောက်နေကြ တာတွေ၊ ကော် ရှူနေကြတာတွေ၊ အရက်ဆိုင်၊ ဘီယာဆိုင်၊ တည်းခိုခန်းတွေမှာ မလိုလားအပ်တဲ့ ဖြစ်ရပ်ပေါင်းစုံ ဆိုးရွားစွာထပ်မဖြစ်လာအောင် စနစ်တကျနဲ့ကာကွယ်ပေးဖို့လိုအပ်နေပါပြီ။ တရားဥပဒေစိုးမိုးမှု အား နည်းပေမယ့်လည်း သက်ဆိုင်ရာက ကျောင်းအနီးတစ်ဝိုက်မှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို ဖျက်ဆီးစေနိုင်မယ့် အရက်၊ ဘီယာဆိုင်တွေ၊ တည်းခိုခန်းတွေ လွတ်လပ်စွာဖွင့်ခွင့် ကိုတော့ ပိတ်ပင်လို့ရနိုင်ပါသေးတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့လဲ ကိုယ်နဲ့မဆိုင်သလိုမျိုးမနေဘဲ ထိရောက်တဲ့ကန့်ကွက်မှုမျိုး လုပ်ဖို့လိုအပ်ပါတယ်။

တကယ်တော့ဆရာ၊ ဆရာမတွေဆိုတာဟာ အင်မတန်နုနယ်ပြီး ဖြူစင်တဲ့ရင်သွေးငယ်တွေရဲ့ အနာဂတ် လှပဖို့၊ ဘဝမှာ အဆင့်အတန်းမြင့်မြင့် ရှင်သန်ရပ်တည်နိုင်ဖို့အတွက်ရည်ရွယ်ပြီး ယုံကြည် စိတ်ချ အပ်နှံထားခြင်းခံရတဲ့ ဒုတိယမိဘတွေပါပဲ။ ကျွန်တော်တို့နိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေ ဟာဆရာကောင်းတပည့် ပန်းကောင်းမပန်နိုင်ခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ တပည့်သား၊ သမီး တွေအတွက် ဥယျာဉ်မှူးကောင်းပီသတဲ့၊ ဆရာ့ကျင့်ဝတ်နဲ့ညီတဲ့ ဆရာကောင်း၊ သမားကောင်းတွေ ကို ပြည်သူတွေကမျှော်လင့်နေကြပါပြီ။ ပန်းကောင်းအညွန့်ချိုးမယ့် ဥယျာဉ်မှူးဆိုးတွေ နဲ့ ပြည့်နှက်နေတဲ့ ပညာရေးစနစ်ကိုတော့ ဘယ်သူကမှမလိုချင်တော့ပါဘူး။ ပညာရေးအဆင့်အတန်းမြင့်မှ တိုင်းပြည် အနာဂတ်အတွက် လိုအပ်တဲ့လူ့စွမ်းအား အရင်းအမြစ်တွေ ကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံ ကြည်ပါတယ်။ ဒါကြောင့်ပြည်သူတွေ ဂုဏ်ယူဝင့်ကြွားနိုင်မယ့် ဥယျာဉ်မှူးကောင်းပီသတဲ့ ဆရာ၊ ဆရာမတွေဖြစ်လာအောင် ကြိုးစားရင်းနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက် တဲ့ နိုင်ငံတော်ကိုတည်ဆောက်နိုင် မယ့် ပညာရေးစနစ်ကောင်းတွေ ကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်း လာနိုင်အောင် ပုံဖော်ဆောင်ရွက်နိုင် မယ့် ဆရာ၊ ဆရာမတွေဖြစ်နေဖို့လိုအပ်ပါတယ်။ အာစရိယဂုဏ်အင်နဲ့ အစဉ်အလာကောင်းတွေကို ထိန်းသိမ်းနိုင်မယ့် ဆရာ၊ ဆရာမတွေဖြစ်အောင် ကြိုးစားရင်းနဲ့ နိုင်ငံ အနာဂတ်အတွက်၊ တပည့်သား၊ သမီးတွေရဲ့ ဘဝရှေ့ရေးလှပဖို့အတွက် အဓိကအရေးပါတဲ့ စွမ်းဆောင်ရှင်တွေအဖြစ် ကျွန်တော်တို့ ပြည်သူတွေအား လုံး ဂုဏ်ယူဝံ့ကြွားနိုင်မယ့် ဆရာ၊ ဆရာမကောင်းတွေ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါရစေ။

Democracy today Daily
အတွဲ(၁)၊ အမှတ်(၁၉)၊ မတ်လ(၁၉) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...