အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ


အမျိုးသမီး - မိန်းကလေးတွေ သတိပေးပါရစေ

Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါများ နဲ့ ဆေးခတ်မခံရအောင် ဘယ်လို ကာကွယ်မလဲဆိုတာကို ဖတ်ပေးပါ။ အမှန်က သင်္ကြန်ကာလနီးမှ ခေတ်စားတာပါ။ ရာသီဆေးစာအနေနဲ့ ရေးတာပါ။

ညစ်ညမ်းလက်ဖက်ရည် ၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ကိုတော့ (ဘလော့ခ်) မှာပဲ တင်ထားပါတယ်
သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများက အရက်လို ဘီယာလို၊ သောက်တာ တခုခုထဲမှာ ထည့်တယ်။ ညစ်ညမ်း လက်ဖက်ရည်၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ဖီဆိုတာတွေကို ရေနွေးမှာဖျော်ပြီး ရိုးရိုးကော်ဖီလို ဖျားယောင်းတက်တဲ့ ဆေးကော်ဖီတွေပါ။ ညစ်ညမ်းဆေးတွေတော့ သင်္ကြန်မှာ ရေအေး နဲ့ပက်ဖြန်းပြီး သောက်ရ တဲ့အပိုင်းတွေပါ။

လက်လှမ်းမီသလောက် (၄)မျိုး သိပါတယ်။ ဒီထက်မက ရှိပါအုံးမယ်။
1) Spanische Fliege
2) German Spanische Love 20ml drop
3) Spanische Fliege extra konzentriert Liebesstropfen 15ml
4) Die Spanische Fliege
စတဲ့နာမည်တွေနဲ့ ရောင်းပါတယ်။

ဆေးအရည်ပုလင်းငယ်လေးတွေပါ။ ၁၅-၂၀ (စီစီ) သာပါလို့ ထိုးဆေးပုလင်းအတိုင်းပါဘဲ။ မိန်းကလေး တစ်ယောက်ကို ဖျားယောင်းသွေဆာဖို့ရာ (သားကောင်ကို ကျော့ကွင်းထောင်ဖို့ရာ) ဆေး ၁၀-၁၅ စက်သာလိုပါတယ်။

“ညီမလေး အအေးလေး သုံးဆောင်ပါအုံး” ဆိုပြီး တစိမ်းယောက်ျားဖြစ်ဖြစ် သမီးရည်းစားက ဖြစ်ဖြစ် သဘောကောင်းချင်ယောင်ဆောင်နဲ့ တိုက်လာရင် သတိထားပါစေ။ ငါးမျှား ချိတ်ကို မမြင်ကြဘဲ စားစရာတွေလို့ထင်ရင် ငါးတွေ တံငါသည်ဖမ်းတာခံကြရတာပဲ။ သင်္ကြန်အတွင်းမှာသာ အဲ့လိုလုပ်နိုင်တာ မဟုတ်တာလည်း သတိထားပါ။ ဒီဆေးက “ယင်ကောင်” တစ်မျိုးကနေ ထုတ်လုပ်တာပါ။ “အညှီရှိရင် အဆိပ်” မဟုတ်ပါလား။

ဆေးအစွမ်းက သောက်မိလိုက်တဲ့ မိန်းကလေးဟာ ခဏ(မိနစ်ပိုင်း) အတွင်း ကိုယ်နဲ့စိတ် ပြောင်းလဲ မှုတွေဖြစ်လာမယ်။ ဟိုစိတ်တွေမကဲသင့်ဘဲ ပိုကဲလာမယ်။ အတူတူ နေချင်စိတ်တွေဖြစ်ပေါ်လာမယ်။ မဖြစ်သင့်တာအတွက် အဆင်သင့်ဖြစ်လာတော့မယ်။ သတိလက်လွတ်သွားမယ်။ ဆေးအရှိန်ကုန်ပြီး အပြုခံရပြီးမှ နောင်တ ရပါလိမ့်မယ်။ နောက်ကျသွားပြီ။ ပိုဆိုးမှာက “မစွမ်းရင်းကလည်း ရှိ ကန်စွန်းခင်းကလည်းငြိ” အဖြစ်မျိုးဆိုတာ သင်္ကြန်ကာလမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ ပျော်စရာ တစ်ခုတည်းအတွက်သာလို့ ထင်သူတွေမှာ ဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ FDA မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကနေ ကြိုးစားနေပေမယ့် ဖျက်ဆီးခံရတဲ့ကာလကြီးက ကြာခဲ့တာမို့ ဆင့်ပါးစပ်နမ်းပက်သာ စစ်ဆေးအရေးယူတာတွေ လုပ်နိုင်ပါသေးတယ်။ ဒီဆေးမျိုး လက်သိပ်ထိုးရောင်းတာတွေ သေချာပေါက်ရမှာပါ။

FACEBOOK မှကူးယူဖော်ပြခြင်းဖြစ်သည်။
D-မိုသား

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...