ပြိုင်ပွဲများနှင့်ကင်းကွာချိန် ကမ်းခြေတွင် အနားယူနေသည့် ရှရာပိုဗာ


Friday, April 4, 2014

အသက်(၂၆)နှစ်ရှိပြီဖြစ်သည့် တင်းနစ်မယ်နှင့် စူပါမော်ဒယ်လ်သည် ဗုဒ္ဓဟူးနေ့က မက္ကစီကိုနိုင်ငံ၊ ကန်ကွန်ကမ်းခြေသို့ သွားရောက် အပန်းဖြေနေခဲ့သည်

မာရီယာ ရှရာပိုဗာ အနေဖြင့် တင်းနစ်ကွင်းများနှင့် ခဏတာ ကင်းကွာနေချိန်၌ ပင်လယ်ကမ်းခြေ ဒေသ ၏ နွေးထွေးသော နေရောင်ခြည်ကို ခံယူပျော်ရွှင်လျှက် ရှိသည်။ အသက်(၂၆)နှစ်ရှိပြီဖြစ်သည့် တင်းနစ်မယ်နှင့် စူပါမော်ဒယ်လ်သည် ဗုဒ္ဓဟူးနေ့က မက္ကစီကိုနိုင်ငံ၊ ကန်ကွန်ကမ်းခြေသို့ သွားရောက် အပန်းဖြေနေခဲ့သည်။ အနက်ရောင် ဘီကနီကို ဝတ်ဆင်ထားသည့် ရုရှားလှပျိုဖြူသည် ဆင့်ကဲ ရိုက်ခတ်နေသော လှိုင်းလုံးများကြားတွင် သူငယ်ချင်းများနှင့်အတူ ဆော့ကစားရင်း စိတ်လွတ်ကိုယ် လွတ် မြူးကြွနေသည်ကို လူအများ တွေ့မြင်ခဲ့ရသည်။

သူမသည် ပူနွေးသော ရာသီဥတုကြောင့် ကျေနပ်နှစ်သိမ့်နေဟန်ရှိပြီး ကမ်းစပ်လှိုင်းလုံးများကြားတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သည်။ အရပ်(၆)ပေ၊ (၂)လက်မရှိသည့် ရှရာပိုဗာသည် အစိမ်းရောင်သန်းနေ သည့် ရေပြင်ထဲသို့ သူငယ်ချင်း တစ်ဦးနှင့်အတူ ဖြည်းဖြည်းချင်း ဆင်းသက်သွားပြီးနောက် ပင်လယ်ရေ ချိုးနေခဲ့သည်။ သူမသည် မကြာသေးမီက ပြိုင်ဘက်ကြီး ဆရီနာဝီလျံကို (၁၅)ကြိမ်ဆက်တိုက်အဖြစ် အရေးနိမ့်ခဲ့ပြီးနောက် စိတ်ပြေလက်ပျောက် အပန်းဖြေနေခြင်းလည်း ဖြစ်ဖွယ်ရှိသည်။

ရှရာပိုဗာက “ကျွန်မအနေနဲ့ သူနဲ့ယှဉ်တိုင်း ရလဒ်တွေ မကောင်းဘူး ဆိုပေမယ့် ရှေ့ဆက်ပြီး ယှဉ်ပြိုင်သွား ဖို့တော့ အမြဲတမ်း ဆန္ဒပြင်းပြနေမှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့လို ထူးချွန်သူ တစ်ယောက်နဲ့ ကစားရင်း ကျွန်မအတွက် အများကြီး သင်ယူခွင့်တွေ ရရှိလာနိုင်တာကြောင့်ပါပဲ”ဟု မှတ်ချက်ပြု ပြောဆိုထားသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...