အမျိုးသမီးများက အမျိုးသားများထက် ကိုးဆပို၍ အသည်းကွဲလွယ်

ချစ်သူနှင့် လမ်းခွဲရခြင်း သို့မဟုတ် ချစ်သူခင်သူတစ်ယောက် ဆုံးပါးသွားခြင်းတို့သည် အသည်းကွဲခြင်း ကို ဖြစ်စေပါတယ်။



ယင်းကဲ့သို့ အဖြစ်မျိုးမှာ အမျိုးသမီးများတွင် ပို၍ အဖြစ်များကြောင်း သုတေသန အသစ်တစ်ရပ်အရ သိရသည်။ စိတ်ထိခိုက်ခြင်းသည် ရုတ်တရက် နှလုံးရောဂါ ဖောက်ပြန်ခြင်း သို့မဟုတ် အခြား နှလုံးရောဂါဆိုင်ရာ ပြဿနာများ၏ ရောဂါလက္ခဏာရပ်များကို အကြီးအကျယ် လှုံဆော်ပေးနိုင်သည်ဟု ဆိုသည်။ ပထမဆုံး အကြိမ် အဖြစ် လူအမြောက်အမြားတွင် လေ့လာသုတေသနပြုချက်အရ အမျိုးသမီးများသည် အမျိုးသားများထက် အသည်းကွဲရောဂါ ဖြစ်နိုင်ခြေ ကိုးဆပိုများသည် ဟု ဆိုသည်။

ယခင်က သွေးကြောပိတ်ခြင်း သို့မဟုတ် နှလုံးရောဂါဆိုင်ရာ ပြဿနာ ရာဇ၀င် လုံးဝမရှိဘဲ စိတ်ထိခိုက်ခြင်းကြောင့် နှလုံးရောဂါဖောက်ပြန်မှု ရုတ်တရက် ဖြစ်ပေါ်ခြင်းကို အသည်းကွဲရောဂါဟု ခေါ် သည်။ ဆရာဝန်များ၏ အဆိုအရ ခင်ပွန်းသည် ရုတ်တရက် ဆုံးပါးခြင်းကဲ့သို့သော အဖြစ်မျိုးတွင် အက်ဒရီနယ်လင် အပါအ၀င် အခြားစိတ်ဖိစီးမှုကို ဖြစ်စေသည့် ဟော်မုန်းများ တစ်ဟုန်ထိုး မြင့်တက်လာပြီး ယင်းက နှလုံးရှိ သွေးမှုတ်ထုတ်သည့် အဓိက အခန်းကို ရုတ်တရက် ၀န်ပိစေခြင်းအားဖြင့် ထိခိုက်စေ သည်။ ယင်းကဲ့သို့သော ဖြစ်ရပ်တွင် နှလုံးခုန်နှုန်း နှင့် သွေးအတွင်းပါဝင်သည့် အရာများမှာ နှလုံးရောဂါ ရှိနေသူ၏ လက္ခဏာရပ်များနှင့် ထပ်တူဖြစ်နေ သော်လည်း နှလုံးရောဂါ ရှိနေသူကဲ့သို့ မည်သည့် သွေး လွတ်ကြောမှ ပိတ်ဆို့ခြင်း မရျိဟု ဆိုသည်။ အမေရိကန် ပြည်ထောင်စု အာကင်ဆက် တက္ကသိုလ်မှ နှ လုံးရောဂါ အထူးကဆရာဝန် အဘီရှက်ဒက်ရှ်မူကာ ခေါင်းဆောင်သော အဖွဲ့သည် ၂၀၀၇ ခုနှစ်အ တွင်း ဆေးရုံပေါင်း ၁၀၀၀ မှ လူနာပေါင်း ၆၂၂၉ဦးကို လေ့လာခဲ့ရာ အသည်းကွဲရောဂါဟု ခေါ်သော ထိုရောဂါ ဖြစ်နိုင်ချေ သည် အမျိုးသမီးများတွင် အမျိုးသားများထက် ကိုးဆပို၍ များကြောင်း တွေ့ရှိရသည်။

world-myanmar.com
ref: SMG

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...