လူငယ်အဆိုတော်တို့ ၏လတ်ဆတ်သစ်လွင်သော သင်္ကြန်သီချင်းသစ်များနှင့် နှစ်သစ်ကူး

မကြာမီကျရောက်တော့မည့် ၂ဝ၁၄ ခုနှစ် နှစ်သစ်ကူးအတာသင်္ကြန်အတွက် ထွက်ရှိခဲ့ကြသော တေးသီချင်း အသစ်များထဲမှ လူငယ်အဆိုတော်များ ဖန်တီးပုံဖော်ထားသော သင်္ကြန်သီချင်းအသစ်များကို တင်ဆက် လိုက်ပါသည်။ လူငယ်တို့၏လွတ်လပ်ပွင့်လင်းစွာ ပျော်ရွှင်မှု၊ လတ်ဆတ်သော အတွေး အခေါ်များ၊ ရိုးရိုးရှင်း ရှင်းစကားလုံးများနှင့် သင်္ကြန်အပျော်ပုံရိပ်များကို ရင်ခုန်ခံစားနိုင်မည်ဖြစ်ပေသည်။

ယုန်လေး
(ရယ်သောသူသည် အသက်ရှည်၏)

" သင်္ကြန်သီချင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဟိုးအရင်ကတည်း က အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေကိုနားထောင်ခဲ့ရတယ်။ ကျွန်တော် အဆိုတော် စလုပ်တဲ့အချိန်ကနေစပြီးတော့ သင်္ကြန်နဲ့
ပတ်သက်ပြီး သီချင်းတွေရေးခဲ့တယ်။ တစ်နှစ်နဲ့ တစ်နှစ် မတူအောင်ရေးတယ်။ ကျွန်တော်တို့ခေတ်နဲ့ ကျွန်တော်တို့ပေါ့။

အခုဒီနှစ်ရေးတဲ့သီချင်းလေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အားရ ကျေနပ်မှုရှိပါတယ်၊ ဒီနှစ် သင်္ကြန်အတွက် ကျွန်တော် ရန်ကုန်မှာ၃ရက်ရှိမယ်။ မန္တလေးသင်္ကြန်အတွက်တော့ ကျွန်တော့်
အစ်ကို မဏ္ဍပ်မှာသွားထိုင်ပေးရပါမယ်။ သင်္ကြန်သီချင်းအသစ်တွေ၊ သီချင်းအဟောင်းတွေနဲ့ ပျော်ပျော် ရွှင်ရွှင် နှစ်သစ်ကူးနိုင်ကြပါစေလို့ ဆုတောင်းပါတယ်"

ဂျောက်ဂျက် (သင်္ကြန်ဘာဘီရုပ်)

" အရင်တုန်းကရေးခဲ့၊ ဆိုခဲ့ကြတဲ့သင်္ကြန်သီချင်းတွေဆို အခုအချိန်ထိကို ဂန္ထဝင်မြောက်အောင်ကျန်ခဲ့ တယ်။ကျွန်တော်တို့ လေးစားအားကျတယ်။ အခုဒီ ဘက်ခေတ်မှာကျတော့ သင်္ကြန် သီချင်းနဲ့ပတ် သက်ပြီး ရေးကြ၊ ဆိုကြပေမယ့် သင်္ကြန်သီချင်းက ဦးနှောက်တအားစားတယ်။ အဆိုတော်တော်တော် များများကို လိုက်မေးကြည့်။ သင်္ကြန် သီချင်းဆို လက်ရှောင်ကြတာများပါတယ်။ ဒီနှစ်သင်္ကြန် ကျွန်တော် ရန်ကုန်မှာရှိပါတယ်။ "

ကျော်ထွဋ်ဆွေ (လေထဲက သင်္ကြန်)

ကျွန်တော်က သင်္ကြန်သီချင်းနဲ့ပတ်သက်ပြီး အမြူးတွေလုပ်ရတာကြိုက် တယ်။ ရှေ့ နှစ်တွေတုန်းကဆို " ရေပြွတ်" တို့ "တုန်ဘူးဆိုပက်" တို့ အမြူးတွေဖန်တီးဖြစ်တာများပါတယ်။ ကျွန်တော်တို့ ဒီဘက်ခေတ် စတိုင်ပေါ့ ကျွန်တော်ရယ်၊ စန္ဒီမြင့်လွင်ရယ် " လေထဲကသင်္ကြန်" သီချင်းကိုဆိုထားပါတယ်။ "

လွှမ်းပိုင် (အများနဲ့ မသက်ဆိုင်တဲ့ငါ)

" သင်္ကြန်သီချင်းနဲ့ပတ်သက်ပြီး ကျွန်တော်ကလွမ်းတဲ့ ခံစားမှုပါ တဲ့သီချင်းတွေဖန်တီးရတာ ကြိုက်တယ်။ဒီနှစ်သင်္ကြန်အတွက် ကျွန်တော်ရယ်၊ ထက်ထက်ရယ် " အများနဲ့မသက်ဆိုင်တဲ့ငါ" သီချင်းကိုဆိုထားပါတယ်။ ကျွန်တော်တို့ မဏ္ဍပ်မှာ သီချင်းဆိုပြီး မဏ္ဍပ်ထိုင်ပြီဆို မဏ္ဍပ် အောက် မှာ ရေသန့်ဘူးခွံတို့၊ ဘီယာဘူးခွံတို့

လိုက်ကောက်နေ ကြတဲ့ ကလေးတွေရှိတယ်။ ကျွန်တော်တို့ နှစ်တိုင်းတွေ့နေ ရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း သူတို့ဘက် ကနေခံစားပြီး ရေးဖြစ်သွားတာပါ။ သင်္ကြန်အကြို အမှတ်တရကတော့ အားလုံး ဘေးရန်ကင်းကွာပြီးပျော်ရွှင်ကြ ပါစေ။ ကျွန်တော်က ဒီနှစ်ရန်ကုန် SKY NET မဏ္ဍပ်မှာရှိပါမယ်"

မိစန္ဒီ (မျက်ခွက်ပြောင်သလားကွာ၊ နှစ်သစ်ကူးတော့မယ်)

" သင်္ကြန်သီချင်းရေးတော့မယ်ဆို စာသားအကြောင်းအရာကို အဓိက စဉ်းစားရပါတယ်။ အဓိပ္ပာယ်ရှိရှိနဲ့ ပရိသတ်ကြိုက်မယ့် စာသားတွေကို မရိုးအောင်လို့ ဖန်တီးတင်ဆက်ရပါတယ်။ ဒီနှစ်အတွက်ကတော့ မရတနာမိုင် နဲ့ ကောင်လေးတွေကို သရော်ထားတဲ့သီချင်းလေးဆိုထားပါတယ်။ နာမည်က " မျက် ခွက် ပြောင်သလားကွာ" ပါ။ ကိုနိုင်းဝမ်း နဲ့ သင်္ကြန်မှာလျှောက်လည်ကြ တဲ့ပုံစံ " နှစ်သစ်ကူးတော့မယ်" ဆိုတဲ့သီချင်းကို ဆိုထားပါတယ်"

အိမ့်ချစ် (တစ်ကြိမ်သာရသော)

" အိမ့်ချစ်က သင်္ကြန်သီချင်းတွေဆို ကိုယ့်ဘာသာ ကိုယ်ရေးတာများပါတယ်။ အရင် ခေတ်က အိမ့်ချစ်တို့ထက် တော်တဲ့ဂန္ထဝင်မြောက်တဲ့ သင်္ကြန်သီ ချင်းတွေကိုလည်း အိမ့်ချစ်တို့ အားကျခဲ့ရတယ်။ အဲဒီသီချင်းတွေနဲ့ အိမ့်ချစ်တို့ကြီးပြင်းလာခဲ့ရတယ်။ ဒီနှစ်အတွက် အိမ့်ချစ်ကိုယ် တိုင်ရေးပြီးဆိုထားတာက " တစ်ကြိမ်သာရသော" ဆိုတဲ့သီချင်းပါ။

သင်္ကြန်ပွဲတော်ဆိုတာ မြန်မာလူမျိုးတွေရဲ့ပျော်ပျော်ရွှင်ရွှင်နှစ်သစ်ကူးကြတဲ့ပွဲတော်ပါ။ နောက်ပြီးတော့ အိမ့်ချစ်ရယ်၊ နန်းသူဇာ ရယ်ဆိုထားတဲ့ "ပေါ့ပေါ့ ပါးပါးသင်္ကြန်" အဲဒီသီချင်းလေးကို အိမ့်ချစ်အပိုဒ် ကျတော့ကို ယုန်လေးရေးပေး တယ်။ နန်းသူ ဇာအပိုဒ်ကိုကျတော့ ကိုကျော်ထွဋ်ဆွေရေးပေးထားပါတယ်။"

Popular News Journal







ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...