စိတ်ဓာတ်ကျသူများ နှလုံးရပ်မည့် အန္တရာယ် သတိထား

သီဟနိုင် on 2014-04-05 13:26

စိတ်ဓာတ်ကျမှုဆိုင်ရာ သိမ်မွေ့လက္ခဏာများ ရှိသူတွေဟာ နှလုံးရပ်သွားမည့် အန္တရာယ် ၅ရာခိုင်နှုန်း တိုးလာပါတယ်။ အတော်အတန် စိတ်ဓာတ်ကျလက္ခဏာပြသူတွေဟာတော့ နှလုံးရပ် သွားနိုင်တဲ့ အန္တရာယ် ၄၀ရာခိုင်နှုန်း တိုးလာနိုင်ပါတယ်။

နော်ဝေနိုင်ငံ Levanger ဆေးရုံက သုနာပြု အထူးစောင့်ရှောက်ရေး တစ်ရပ်မှာ စာရေးသူ Lise Tuset Gustadရဲ့ ရေးသားချက်တွေပါ။ အကြီးစား စိတ်ဓာတ်ကျမှုစံ အပြည့်အစုံ မရောက်ခင် ၂ပတ်နှင့်အထက် အတွင်း လက္ခဏာပြမှုတွေကို အသေးစား စိတ်ဓာတ်ကျမှုပါလို့ ၀ါရှင်တန် အမျိုးသား စိတ်ကျန်းမာရေး တက္ကသိုလ် က သတ်မှတ်ပါတယ်။ ၀ါရှင်တန် အမျိုးသား စိတ်ကျန်းမာရေး တက္ကသိုလ်ရဲ့ ဖော်ပြချက်များ အရ စိတ်ဓာတ်ကျ လက္ခဏာတွေဟာ :

ထပ်တလဲလဲ စိုးရိမ်ကြောင့်ကျမှု၊ ၀မ်းနည်းမှု (သို့) ဘာမှမရှိတော့ဘူးဆိုတဲ့ ခံစားချက်များ
မျှော်လင့်ချက် မရှိတဲ့ (သို့) အဆိုးမြင် ခံစားချက်များ
အပြစ်ရှိသည်ဟု၊ အဖိုးမထိုက်တန်ဟု၊ အကူအညီကင်းမဲ့နေသည်ဟု ခံစားရသော ခံစားချက်များ
ကသိကအောက်ဖြစ်မှု၊ ဂနာမငြိမ်ဖြစ်မှု၊ အိပ်မပျော်မှု
လိင်ဆက်ဆံမှုအပါအ၀င် တချိန်က စိတ်ပါဝင်စားခဲ့သည့် စိတ်ကျေနပ်စရာ ၀ါသနာများ၊ လှုပ်ရှားမှုများအပေါ် စိတ်ဝင်စားမှု မရှိတော့ခြင်း
ပင်ပန်းနွမ်းလျမှုနှင့် စွမ်းအင် ကျဆင်းမှု
အာရုံစူးစိုက်ရတာ၊ အသေးစိတ် မှတ်မိတာ နဲ့ ဆုံးဖြတ်ချက်ချတာ တွေအပေါ် ခက်ခဲမှုရှိခြင်း
ညဘက်အိပ်မပျော်ခြင်း၊ နံနက်အစောပိုင်းတွင် အားနည်းနေခြင်း (သို့) အအိပ်လွန်နေခြင်း
အစားလွန်ခြင်း (သို့) အစာစားလိုစိတ် မရှိခြင်း
သေကြောင်းကြံ အတွေးများ၊ သေကြောင်းကြံရန် ကြိုးစားအားထုတ်မှုများ
ကိုက်ခဲမှုများ (သို့) ဝေဒနာများ၊ ခေါင်းကိုက်၊ ကြွက်တက်၊ ဗိုက်အောင့် (သို့) မသက်သာတဲ့
အစာခြေမှု ပြဿနာများ

နှလုံးရပ်မယ့် အန္တရာယ်များလာမယ့်အတွက် စိတ်ဓာတ်ကျ လက္ခဏာရပ်များကို သတိထားပါ။ လက္ခဏာပိုပြလေ အန္တရာယ် ပိုကြီးလေပါပဲ။ စိတ်ဓာတ်ကျနေသူတွေရဲ့ ဘ၀နေထိုင်မှုပုံစံမှာ ကျန်းမာမှု နည်းပါတယ်။ စိတ်ဓာတ်ကျမှုရော၊ နှလုံးရပ်မှုကိုပါ ဖြစ်ပွားစေမယ့် အ၀လွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း စတဲ့ အချက်တွေကို တတ်နိုင်သမျှ ထိန်းညှိုပေးဖို့ လိုပါတယ်။

Ref:upi.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...