ဧပြီလ ၁၉ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာ ထွန်းလွင်

ဧပြီလ ၁၉ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင် အခြေအနေ ခန့်မှန်းချက် မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်ရှိနိုင်ပါတယ်။ လှိုင်းအမြင့် ၁ ပေကနေ ၂ ပေလောက် မြင့် တက်နိုင်ပါတယ်။



ဧပြီလ ၁၉ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှု တွေဟာ လွန်ကဲအဆင့်ကနေ ကျဆင်းခြင်း မရှိနိုင်သေးဘူးလို့ ခန့်မှန်းထားပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးတန်ဖိုး ၁၃ ဒသမ ၉ အထိ ကျရောက်နိုင်တဲ့ မြို့တွေကတော့ မြန်မာနိုင်ငံ တောင်ပိုင်းဒေ သတွေဖြစ်တဲ့ မြိတ်မြို့နဲ့ ကော့သောင်းမြို့တွေ ဖြစ်ပါတယ်။ မြစ်ကြီးနားမှာကတော့ ခရမ်းလွန်ရောင်ခြည် အနည်းဆုံးဖြစ်ပြီး ၁၁ ဒသမ ၆ အထိရှိနိုင်ပါတယ်။ ကျန်မြို့တွေမှာတော့ အညွန်းကိန်းတန်ဖိုး ၁၂ ကနေ ၁၃ ကျော်တဲ့အထိရှိနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ကနေ ဆက်လက်ကျဆင်းခြင်း မရှိနိုင်သေးတဲ့အတွက် ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို သတိပြုကာကွယ်ကြဖို့ တိုက်တွန်း လိုက်ရပါတယ်။

ဧပြီလ ၁၉ ရက်နေ့အတွက် နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၃၁ ဒီဂရီစင်တီဂရိတ် ကနေ ၃၄ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၅ ဒီဂရီစင်တီဂရိတ် ကနေ ၄၃ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

ဧပြီလ ၁၉ ရက်နေ့အတွက် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း လောက်သေချာ မှုရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထား ပါတယ်။
ဧပြီလ ၁၉ ရက်နေ့အတွက် မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ် မြောက်ပိုင်းစွန်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းစွန်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တို့မှာ မိုးရွာဖို့ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပါတယ်။ နေရာကွက်ကြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

ဧပြီလ ၁၉ ရက်နေ့အတွက် မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချည်ပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္လာရီတိုင်း ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဧပြီလ ၁၉ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ် လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

ဧပြီလ ၁၉ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ အများအားဖြင့်သာယာနိုင်ပါတယ်။

ဧပြီလ ၁၉ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...