စင်ကာပူအက်စ်အိုင်အမ်ဝင်ခွင့် ဧပြီလဆန်းပိုင်းနောက်ဆုံး



စင်ကာပူနိုင်ငံရှိ Singapore Institute of Management ကိုတက်ရောက်မယ့် ကျောင်းသား၊ ကျောင်း သူတွေအနေနဲ့ ဧပြီလဆန်းပိုင်းမှာ ကျောင်းနောက်ဆုံးလျှောက်ထားရမှာ ဖြစ်ပါတယ်။

လာမယ့် ဇူလိုင်လကျောင်းဖွင့်ချိန်အတွက် ဝင်ခွင့်အမှတ်လိုအပ်တဲ့ မြန်မာနိုင်ငံက တက္ကသိုလ်ဝင် တန်း အောင် ကျောင်းသား၊ ကျောင်းသူတွေအတွက် စီစဉ်ပေးလိုက်တဲ့ ဖောင်ဒေးရှင်းတန်းကိုလည်း တစ်ခါ တည်းလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

Singapore Institute of Management ကိုတက်ရာက်လိုတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ Diploma in Management Studies udk ၁၈လတက်ရောက်ပြီး နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့ဒီဂရီတွေကို ဆက်လက်ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲသည်ဒီပလိုမာဝင်ခွင့်အတွက် မြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူ၊ ကျောင်းသားတွေတက်ရောက်လိုပါက ငါးဘာသာ ပျမ်းမျှ အမှတ် ၇၀ ရာခိုင်နှုန်းရှိဖို သတ်မှတ်ထားပါတယ်။ အခုကျောင်းဖွင့်ချိန်အတွက် ဝင်ခွင့်အမှတ် ၇၀ ရာခိုင်နှုန်းမပြည့်ဘဲ ၆၀ ရာခိုင်နှုန်းရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် Management Foundation Studies ကို အရင်တက်ပြီး ဒီပလိုမာတန်းကို ဝင်ခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အဲသည် ဖောင်ဒေးရှင်းဘာသာရပ်အတွက် ခြောက်လတက်ရောက်ရမှာ ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုဒီပလိုမာ ဘာသာရပ်အတွက် ၁၈ လတက်ရောက်ရမှာ ဖြစ်ပါတယ်။ ဘွဲ့ဒီဂရီအနေနဲ့ သြစတြေးလျားနိုင်ငံရှိ RMIT University ပိုလောင်းဂွန်းတက္ကသိုလ်၊ ယူကေရှိ ရှဲဖ်ဖီးတက္ကသိုလ်၊ ဘာမင်တက္ကသိုလ်၊ လန်ဒန် တက္ကသိုလ်၊ University of Striling အမေရိကန်နိုင်ငံရှိ The State University of NewYork ဆွစ်ဇာ လန်နိုင်ငံရှိ အိုင်အမ်အိုင် အင်တာနေရှင်နယ် ဟိုတယ်စီမံခန့်ခွဲမှုကျောင်းတို့က ပေးအပ်မယ့် ဒီဂရီကို ရယူနိုင်မှာဖြစ်တယ်လို့ Study Abroad Information Centre ကသိရပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၂)၊ မတ်လ(၂၈) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...