ကျန်းမာရေး ဗဟုသုတများ (၁)



မိမိအတွက် အကျိုးရှိမယ်ဆို တခြားသူများအကျိုးရှိစေဖို့အတွက်ပြန်ရှယ်ပေးစေလိုပါတယ်

အနံ့ အသက်များပျောက်စေလိုသော်
======================

အနံ့ အသက် စွဲစေသော အစားအစာများ
( ဥပမာ-တညင်းသီး၊ ဆူးပုပ်ကြီးရွက်) စားသောက်ပြီးနောက်အာခံတွင်း
(ပါးစပ်)တွင်၎င်းတို့ ၏ အနံ့အသက်များစွာကျန်နေတတ်သည်။ ၄င်းအနံ့အသက်များပျောက်စေလိုသော်..
သကြားလက်ဖက်စားဇွန်း(၁)ဇွန်းခန့် ဝါးစားပေးပါ။
မကြာမီ အနံ့ အသက်များကင်းစင် သွားမည် ဖြစ်ပါကြောင်း
သတင်းကောင်း ပါးလိုက်ပါရစေ။

သွားခြေယိုင်ပြီး သွားရင်းက ပြည်ယိုသော်
======================
မာလကာသီးအစေ့ကို အခြောက်ခံ ၊အမှုန့် ထောင်းပြီးထည့်ပေးမကြာခင်ပျောက်ပါလိမ့်မယ်။

သွားနာ ၊ သွားကိုက် ၊သွားဖုံးပြည်ယိုရောဂါများအတွက်
မာလကာခေါက်ပြုတ်ရည် ကို ငုံပေးရင်သက်သာပျောက်ကင်းစေနိုင်ပါတယ်။

မျက်လုံးအားပြန်ကောင်းပြီးမျက်မှန်လွတ်တဲ့နည်း
ိဒီနည်းလေးကို မေတ္တာရှင် (ရွှေပြည်သာ) ရေးတဲ့ စာရိတ္တ သတ္တိ ဆိုတဲ့ စာအုပ်လေးက ရတာပါ။

ပထမဆုံး အိပ်ယာက နိုးပြီးပြီးချင်းမျက်နှာကို အရင်မသစ်ဘဲ ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီးရေသုံးခွက်စီလောက် လောင်းပေးပါ။ ဒါက တစ်ကိုယ်လုံးပြန့်နှံ့နေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ။ ပြီးရင်ချက်ချင်း မျက်နှာမသစ်ရသေးပါဘူး။ ချိုင်းကြားနှစ်ဘက်မှာ ကပ်ကျန်နေတဲ့အပူခိုးတွေထွက်သွားအောင် မတ်တပ်ရပ်ပြီးလကိနှစ်ဘက်ကို
ခေါင်းပေါ်မြှောက်တင်လိုက်။ အောက်ချလိုက်နဲ့ အနည်းဆုံးအကြိမ်နှစ်ဆယ်လောက်လုပ်ပေးပါ။ ပြီးရင် တက်နေတဲ့ ဇက်ကြောတွေလျော့သွားအောင် ခေါင်းကိုနောက်ကျော ဘက်ရောက်နိုင် သလောက်လှန်ချရမယ်။ရှေ့ကိုလည်း ရသလောက်ငုံ့ပေးပါ။ ဒါကလည်း အကြိမ်၂၀လောက်ပေါ့။ ပြီးရင်ခေါင်းကို ဘယ်ညာအခါ ၂၀လောက် လှည့်ပေး။ ပြီးမှ မျက်နှာသစ်။ပါးစပ်ကိုပိတ်ထားရမယ်တဲ့။ သစ်ပြီး မျက်နှာကိုသုတ်။ ပြီးတော့မှသွားတိုက်ပါတဲ့။

( ဒီနည်းက သွားကိုက်ရောဂါကိုကြိုတင်ကာကွယ်တဲ့နည်းလည်းဖြစ်ပါတယ်တဲ့ )

စိတ်ပါဝင်စားသူများ စမ်းသပ်ကြည့်ပေါ့ကြာကြာလုပ်နိုင်လေ ကောင်းလေပါပဲ။

ထောလပတ်ရွက်ဖြင့်ဆံပင်နက်အောင်လုပ်နည်း
======================

အရွက်လက်တစ်ဆုပ်စာကိုရေစင်စင်ဆေး၊ငရုတ်ဆုံနဲ့ထောင်းရတယ်၊ညက်အောင်ထောင်းပြီး စုယူ၊ပြီးတော့ ပန်းကန်တစ်ချပ် ခံပြီးအရေညှစ်ယူရပါတယ်။ ရေစက်လက်အရွက် ဆိုတော့ အရည်များများရပါတယ်။
အရည်ရဲ့ အရောင်ကအစိမ်းရင့်ရင့်ပါ။ အဲဒါရပြီဆိုတော့ အုန်းဆီစစ်စစ်ကို လက်ဖက်ရည်ဇွန်းလေးတစ်ဝက်
လောက်ရောထည့်။ (အုန်းဆီမရလည်းပဲဆီထည့်လို့ ဖြစ်ပါတယ်။ အုန်းဆီကမွှေးတယ်ပေါ့)။ ပြီးရင် သမအောင်မွှေပြီး ဆံပင်ကို အမြစ်ကစလူးရတယ်။ သွားပွတ်တံလေးနဲ့ဘီးဖြီးသလိုလိမ်းလို့ရပါ တယ်။ ဦးရေထဲ ၀င်အောင်ဖိရင်ပိုကောင်းပါတယ်။ အရေပြားထဲလက်နဲ့ဖိရင် အကောင်းဆုံးပဲ တဲ့။ အဲဒီ အစိမ်းရင့်ကို လိမ်းလိုက်တဲ့အခါဆံပင်ဟာ စိမ်းမလာဘဲ မည်းသွားပါရော။ ပထမတစ်ပတ်တစ်ခါခေါင်းလျှော်ပြီးတိုင်းလိမ်းတယ်။နောက်ပိုင်း တစ်ပတ်နှစ်ပတ်နေမှ လိမ်းမယ်။
မျက်ခုံးမွှေးနည်းလို့်ဆိုရင်လည်း သွားပွတ်တံလေးနဲ့ ဆွတ်ပြီးလိမ်းပေးပါ။ ဆံပင်ပါးနေတယ်ဆိုရင်လည်း အဲဒီအရည်နဲ့ ပွတ်ပွတ်ပေးပါ။

Ref:internet
Aung Michel Or Zaw Zaw Aung
Myanmar Forward

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...