ကျေးလက်အင်တာနက် သုံးစွဲနိုင်ရေး လုပ်ကိုင်ခွင့် ယခုနှစ် ခွင့်ပြုမည်



phto:google

ကျေးလက်ဒေသ အင်တာနက်သုံးစွဲနိုင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် တင်ဒါခေါ်ယူမှုတွင် ကုမ္ပဏီ ၂၆ ခု လျှောက်ထားခဲ့ပြီး ယခုနှစ်အ တွင်း ရွေးချယ် လုပ် ကိုင် ခွင့် ပေးသွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ”လောလောဆယ်တော့ ကုမ္ပဏီတွေရဲ့ အဆိုပြုချက် တွေကို ဖတ်ရှုစစ်ဆေးနေ ပါတယ်။ မကြာခင် သက် ဆိုင် ရာ လူကြီးတွေရွေးချယ်တော့မှာပါ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက ပြောသည်။

ဝိုင်ဖိုင် အင်တာနက်စနစ်အတွက် လုပ်ကိုင်မည့် ကုမ္ပဏီအရေအတွက်ကို ကန့်သတ်မထားကြောင်း အရည်အသွေးပြည့်မီခြင်း၊ လုပ်ကိုင်နိုင်သည့် အနေအထား၊ နည်း ပညာကျွမ်းကျင်မှု စသည့် အချက်များကိုကြည့်၍ ကုမ္ပဏီများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

”ကုမ္ပဏီတွေ အဆိုပြုထားတဲ့နေရာတွေအပြင်အဆို မပြုထားတဲ့နေရာတွေကိုပါ အင်တာနက် သုံးနိုင်ဖို့ အတွက် သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ညှိနှိုင်းသွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။ ရွေးချယ်ခံရသည့် ကုမ္ပဏီများအနေဖြင့်ကျေးလက် ဒေသ အင်တာနက် အသုံးပြုနိုင်ရေးအတွက် ဆောင် ရွက်ရာတွင် အင်တာနက်စနစ်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှယူဆောင်ရမည်ဖြစ်ကြောင်း ယင်းမှတစ်ဆင့်ျွှင်င ထုတ်လွှင့်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် ကျေးလက် ဒေသအင်တာနက်သုံးစွဲခွင့်အတွက် လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို ယခင်နှစ် အောက်တိုဘာလ တွင်တင်ဒါ ခေါ် ယူ ထားပြီး တင်ဒါပိတ်ခြင်းကို ဒီဇင်ဘာလ တွင် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ လုပ်ကိုင်ခွင့်အတွက် ရွေးချယ်နိုင်ခြင်းမရှိသေးပေ။ လက်ရှိ တွင် မြန်မာ့ ဆက် သွ ယ်ရေး အနေဖြင့် ကျေးလက်ဒေသ အင်တာနက်သုံးနိုင်ရန် စီစဉ်မှုသာ ရှိသေးသော် လည်း စက်တင်ဘာလမတိုင်ခင် ရောင်းချ တော့မည့် ဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီ များကမူ၎င်းတို့ ဖုန်းများသည် ကျေးလက်ဒေသများပါ အင်တာနက်သုံးစွဲနိုင်မည်ဟု သတင်းများ ထုတ်ပြန်ထားသည်။

အောင်ဇော်
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...