ပရိသတ် မရိုးစေဖို့ ထူးထူးခြားခြား ကာရိုက်တာတွေကိုပဲ ရွေးပြီး သရုပ်ဆောင်ဖြစ်တယ်လို့ ဆိုတဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်

စန္ဒီ on 2014-04-09 15:30

အနုပညာရှင် တစ်ယောက်ဟာ ကိုယ်ပိုင်ဆိုင်ရာနေရာနဲ့ ရရှိထားတဲ့အောင်မြင်မှု အပေါ်မှာ ကြာရှည်စွာ ထိန်းထားနိုင်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီ့လိုမျိုး ရေရှည်ထိန်းသိမ်း နိုင်အောင်လို့ ဆိုပြီး အခုနောက်ပိုင်းမှာ အလှဇာတ်ရုပ်တွေထက် ထူးထူးခြားခြား ကာရိုက်တာတွေနဲ့ပဲ အတွေ့များလာတဲ့ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ကို ကာရိုက်တာ ဆန်းဆန်းလေးတွေ ရိုက်ဖြစ်တာနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့ ‘ကစ်ရိုက်ခဲ့တဲ့ ဇာတ်ကား တော်တော်များများက ရှေ့မှာ အလှအပတွေ ၊အနုအရွတွေများတယ်။ ဖန်စီတွေများပါတယ်။ အခုချိန်မှာ ကိုယ်မလုပ်ဖူးသေးတဲ့ ဇာတ်ရုပ်တွေကို လုပ်ချင်တယ်။ ပရိသတ်လည်း ကြည့်ချင်ကြမယ်။

ပထမ ဇာတ်ရုပ်ကာရိုက်တာ ဆန်းဆန်းလေး ရိုက်ခဲ့တော့လည်း ပရိသတ်က ကြိုက်တယ်။ လက်ခံတယ်။ အဲဒါကြောင့် ရိုက်ဖြစ်သွားတယ်။ နောက်ပြီး အမြဲကာရိုက်တာက ပရိသတ်အတွက်လည်းရိုး၊ ကိုယ့်အတွက်လည်း ရိုးနေတော့ ထူးထူးခြားခြား ကာရိုက်တာတွေကိုပဲ ရွေးပြီး လုပ်ဖြစ်သွားတာပါ။ ကစ်ကိုယ်တိုင်က ကိုယ့်ရဲ့ အနုပညာအလုပ်ပေါ်မှာ အမြဲတမ်း ကြိုးစားပြီး အာရုံစိုက်တယ်။ အကောင်းဆုံး ဖြစ်ဖို့ စဉ်းစားတယ်။ နောက်ပြီး ပရိသတ်နဲ့ လိုက်ဖက်မဲ့ အနုပညာပဲ ဦးစားပေးတယ်။ အခုနောက်ပိုင်းမှာ ကိုယ့်အရွယ်နဲ့ ချိန်ပြီး ဇာတ်ကာရိုက်တာ ချိန်းလာတယ်။ ကိုယ့်ကို မမြင်ဖူးသေးတဲ့ ပုံစံမျိုး လုပ်ပြချင်တယ်။ ဒါလေးဆို ငါမလုပ်ရသေးဘူး။ ငါလုပ်ကြည့်ချင်တယ်။ ဒီလိုမျိုးနဲ့ပဲ ကစ်ကြိုးစားနေတာပါ’ လို့ သူမက ဆိုပါတယ်။

Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...