သောကကိုလျှော့၊ တရားအားထုတ်ခြင်းဖြင့် နှလုံးနှင့့် သွေးကြောရောဂါတွေကို လျှော့ချကြစို့


Source of the picture http://www.sashabrisk.com

ဒေါက်တာဇော်မျိုးထက်(နှလုံးရောဂါအထူးကု UK) မှ မြန်မာနှလုံးဖောင်ဒေးရှင်းအတွက် ပေးပို့ထားပါတယ်။
.............................................................................................

လူတစ်ယောက်က နေ့စဉ် မိနစ်အနည်းငယ်ယူပြီး သောကတွေ လျှော့နိုင်ရင်ကိုပဲ မိမိရဲ့ နှလုံးနှင့် သွေးကြောရောဂါဖြစ်နိုင်တဲ့ အန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

တရားအားထုတ်ခြင်းကတော့ ရှုရှိက်၊ ဖောင်းပိန် မှတ်တာမျိုးတွေလုပ်ပြီး သောက ကနေ ကင်းဝေးအောင် လုပ်ကြတဲ့ ကျဉ့်စဉ် တစ်ခုဆိုတာ အများသိကြပါတယ်။ အဲဒီလို တရားအားထုတ်နိုင်ရင်တော့ဖြင့် စိတ်ထဲမှာ ဆင်းရဲ ငြိမ်အေးပြီး စိတ်နှလုံးချမ်းသာမှုကို ရနိုင်ပါတယ်။ New York University, Center for Prevention of Cardiac Disease၊ ဆေးပညာဌာနပါမောက္ခ၊ လေ့ကျင့်ခဏ်းနှင့်အာဟာရဆိုင်ရာဌာန ညွှန်ကြားရေးမှုး Dr Richard A Stein က “ရသလောက် တရားမှတ်ခြင်းကို ဘ၀ရဲ့သောကတွေထဲကနေ မိနစ် ၂၀-၃၀လောက်ယူပြီး အပန်းဖြေတယ်လို့ သဘောထားပါ” လို့ ပြောပါတယ်။

ရုတ်တရက်ထိတ်လန့်သောကရောက်ထဲ့အခါ မိမိရဲ့ ကိုယ်ခန္တာက သဘာဝအလျောက် တုန့်ပြန်မှုတွေကို လုပ်ဆောင်ပါတယ်။ ထိတ်လန့်နဲ့အခါ Adrenaline လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး ကိုယ်ခန္တာထဲမှာ ထွက်လာပြီး မိမိရဲ့  အသက်ရှုနှုန်းကိုမြန်စေ၊ နှလုံးခုန်နှုန်းကိုလည်းမြန်စေကာ သွေးပေါင်ကိုလည်း တက်စေပါတယ်။

တကယ်လို့အဲဒီဖြစ်စဉ်တွေက ခန္တာကိုယ်ထဲမှာ အမြဲလို ဖြစ်နေရင်တော့ မိမိအတွက် အသက်အန္တရာယ် ရှိပါတယ်။ Dr Stein က “ကျွန်တော်တို့ လူသားတွေ ကမ္ဘာဦး ကျောက်ခေတ်မှာတုန်းက ကျားတွေက လူတွေကို တိုက်ခိုက်တဲ့အခါ Adrenaline ကကျွန်တော်တို့ကို Fight or Flight အတွက် ကုညီပါတယ်။ ဒီကနေ့မှာတော့ ကျွန်တော်တို့ကို ကိုက်မဲ့ကျားကတော့ဖြင့် ကျွန်တော်တို့ရဲ့  ဦးဏှောက်ထဲမှာသာပဲ ရှိနေတာပါ” လို့ပြောပါတယ်။

နှလုံးနဲ့ သွေးကြောရောဂါ ရှိတဲ့လူနာတွေမှာ တရားအားထုတ်ခြင်းကြောင့် သောက ပူဆွေးမှုတွေ ကို လျော့နိုင်ပြီး မိမိကျန်းမာရေးအတွက် အရေးကြီးတဲ့တခြားအရာတွေကိုလည်း ဦးစာပေးနိုင်မယ် ဖြစ်ပါ တယ်။ Dr Stein က “တရားအားထုတ်ခြင်းဟာ မိမိရဲ့  ခန္တာကိုယ်ကိုမျှတအောင်လုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ” လို့ပြောပြန်ပါသေးတယ်။ တရားမှတ်ခြင်းကြောင့် မိမိကို ကောင်းစွာ အိပ်ပျော်စေ တယ်။ အိပ်စက်ခြင်းဟာ ကိုယ်ခန္တာကျန်းမာရေးအတွက် မရှိမဖြစ်တဲ့ နားနေမှုတစ်ခုပါ” လို့လည်း ပြောပါ တယ်။

တရားအားထုတ်ခြင်းကြောင့် သွေးပေါင်ချိန်တိုးမှု ကျဆင်းစေတာကို မကြာသေးမီက လေ့လာထား တဲ့ ဆေးသုတေသနတွေက အသေအချာကို ညွှန်ပြနေပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ သုသေသနစာတမ်းတစ်ခုအရ အမေရီကန်နီုင်ငံနေ အာဖရိကလူမျိုးနွယ်တွေထဲက တရားအားထုတ် သူများဟာ တရား အားမထုတ်သူတွေနဲ့ယှဉ်ရင် ၅ နှစ်တာကာလအတွင်းမှာကို နှလုံးနဲ့သွေးကြောရော ဂါတွေ ဖြစ်ပွားမှုက ထက်ဝက်လောက်ကို နည်းနေပါတယ်။

မိမိနဲ့ကိုက်ညီမယ့် တရာအားထုတ်ခြင်း နည်းလမ်းကို ရှာပါ
......................................................................
“တရားအားထုတ်တဲ့ နည်းလမ်းပေါင်း များစွာရှိပါတယ်။ အဲဒီတော့ မိမိနဲ့ ကိုက်ညီမယ့် တရားရှုမှတ်နည်းကို ရှာဖို့လည်း အရေးကြီးပါတယ်” လို့လည်း Dr Stein က ပြောပါတယ်။

“ကိုယ်နဲ့ ကိုက်မယ့် နည်းလမ်းများကိုရှာပါ၊ လမ်းဖြည်းဖြည်းလျှောက်ရင်း ကိုယ်အနှစ်သက်ဆုံးတေးသွားကို နားထောင်တာမျိုးကလည်း အကျိုးရှိပါတယ်”တဲ့။

Dr Stein ကတော့ သူ့ရဲ့  လူနာတွေကို တရားအားထုတ်ခိုင်းပြီး၊ တရားစာအုပ်တွေဖတ်ဖို့၊ တရားစခန်းတွေ ၀င်ဖို့ အမြဲအားပေးလေ့ရှိပါတယ်။

Transcendental meditation ဆိုတာကတော့ ကိုယ့်ရဲ့  စိတ်သဏ္ဍာန်အတွင်းမှာ ဘာဝနာပွားပြီး ဒါမှမဟုတ် အာရုံငါးပါးရဲ့  ခံစားမှုမထားပဲ အရှိကို အရှိအတိုင်း၊ အသိကို အသိအတိုင်း မှတ်ခြင်း ဖြစ်ပါ တယ်။ အဲဒီလို တရားအားထုတ်ခြင်းကိုတော့ မျက်စေ့မှိတ်ပြီး တစ်နေ့ ၂ ကြိမ်၊ တစ်ကြိမ်ကို မိနစ် ၂၀ လောက် လုပ်နိုင်ရင် ကောင်းပါတယ်။ သမထကျဉ့်စဉ်ကတော့ အသံ သို့မဟုတ် ထိခြင်းအာရုံ ဥပမာ-ခေါင်းလောင်းထိုးသံ၊ ဘုရားစာရွတ်ဖတ်ခြင်း၊ ပုတီးစိတ်ခြင်း ဒါမှမဟုတ် အရာဝတ္တုတစ်ခုခုကို စူးစိုက်ခြင်းတွေ ဖြစ်ပါတယ်။

တရားအားထုတ်တယ်ဆိုတာက လူအများသိကြသလို တပလ္လင်ခွေတိုင်ပြီးမှ လုပ်လို့ရတဲ့အရာ မဟုတ်ပါ ဘူး။ ဥပမာ-Tai Chi လိုမျိုး လှုပ်ရှားရင်းတရားမှတ်ခြင်းဖြစ်ပါတယ်။“ ယောဂ” ကျဉ့်စဉ်ကတော့ သမာဓိနဲ့ ကိုယ်ခန္တာကို ထိန်းရင်း အသက်ရှုရင်း၊ အကြောလျှော့ရင်း တရားမှတ်တဲ့ ရှေးရိုးအစဉ်အလာ တရား အားထုတ်နည်းတွေထဲက တစ်နည်း ဖြစ်ပါတယ်။ “ဘုရားဝတ်ပြုခြင်းဟာလည်း တရားမှတ်သလိုမျိုးလို့ ယူဆလို့ ရတယ်”လို့ Dr Stein က ပြောပါတယ်။

တရားအားထုတ်ခြင်းဟာ သောကဝေဒနာတွေကို နည်းစေပြီး မိမိကို နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကနေ နည်းစေပေမယ့်လည်း ကျန်းမာရေးနဲ့လျော်ညီစွာ စားသောက်ခြင်း သို့မဟုတ် အပိန်အ၀ မကဲအောင်နေခြင်း၊ ဆားလျော့စားခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်းတို့ကလည်း အရေးကြီးပါတယ်။ တရားအားထုတ်ခြင်းက ဆေးဝါးတွေကို အပြည့်အ၀ အစားထိုးခြင်းမဟုတ်လို့ ဆရာဝန် က ညွှန်ကြားထားတဲ့ ဆေးတွေကို ပုံမှန် သောက်သင့်ပါတယ်။

“တရားအားထုတ်ခြင်းဟာ လိုအပ်တဲ့ ဆေးဝါးတွေ၊ ကျန်းမာရေးနဲ့ညီတဲ့ အစား အသောက်တွေ၊ လေ့ကျင့် ခဏ်း လုပ်မှုတွေကို အစားထိုးတာ မဟုတ်ပါဘူး၊ အဲဒါတွေနဲ့ တွဲလုပ်ရမှာပါ” လိုလည်း Dr Stein က ပြော ပါသေးတယ်။ ။

(မှတ်ချက်။ ။ဒီဆောင်းပါးသည် တရားအားထုတ်ခြင်း၏ အကျိုးကျေးဇူးများကို အဓိက ဖော်ပြခြင်း ဖြစ်ပါ သည်။ တရားအားထုတ်ခြင်းအပေါ် အယူအဆ အမျိုးမျိုး ရှိနိုင်ပါသည်။American Heart Association မှ ဆောင်းပါးတစ်ပုဒ်ကို ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။ Conflict of interest- ဆောင်းပါး ရှင် ဒေါက်တာဇော်မျိုးထက်သည် ၀ိဝေကာရာမ တရားစခန်းနှင့်ကျောင်းတိုက် Sundeland UK ၏ အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။)

ကျန်းမာရွှင်လန်းကြပါစေ

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...