အင်တာနက်၏ နောက်ခံသမိုင်း



၁၉၆၉ ခုနှစ်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် ကွန်ယက်စနစ် (network) ဖြင့် သုတေသန လုပ်ရန် အဆင့်မြှင့်သုတေသနစီမံကိန်းများဆိုင်ရာ အေဂျင်စီ Advanced Research Project Agency (ARPANET) ကို ဖွဲ့စည်းခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ ရန်သူနိုင်ငံများ၏ နျူကလီယားထိုးစစ်ဖြင့် ကြုံရပါ က အစိုးရလုပ်ငန်းဆိုင်ရာများကို စစ်ရေးနှင့် ပညာရေးဆိုင်ရာ သုတေသီများက ဆက်လက် ဆောင် ရွက်နိုင်စေရန် ဖြစ်သည်။

၁၉၇၀ပြည့်နှစ်တွင် (ARPANET) သည် control protocol ကိုစတင်အသုံးပြုခဲ့သည်။ protocol ဆိုသည်မှာ network တစ်ခုအတွင်း ဆက်သွယ်ရာတွင် သော်လည်းကောင်း၊ network အချင်းချင်း ဆက်သွယ်ရာတွင် လည်းကောင်း၊ Network card တစ်ခုနှင့်တစ်ခု၊ ကွန်ပျူတာတစ်လုံးနှင့် တစ်လုံးဆက်သွယ်နိုင်ရန် အသုံးပြု သည့် ဘာသာစကား (machine language) တစ်ခုဟု သတ်မှတ် ရပါသည်။

၁၉၇၃ခုနှစ်တွင် (ARPANET) သည် အင်္ဂလန်နိုင်ငံ၊ နော်ဝေနိုင်ငံများနှင့် ကွန်ရက်စနစ်ကို ထူထောင်ခဲ့ သည်။ ထိုအချိန်မှစ၍ ကွန်ယက်စနစ်သည် တဖြည်းဖြည်းကျယ်ပြန့်လာခဲ့ရာ ၁၉၉၂ ခုနှစ်သို့ရောက်သော အခါ ကမ္ဘာ့ဖြန့်ကြက်ကွန်ရက် (World Wide Web) ယနေ့ခေတ်သုံး network စနစ်ကြီးကို ထူထောင်နိုင် ခဲ့ခြင်းဖြစ်သည်။

Ref: မြန်မာ့စွယ်စုံကျမ်း (၁၉၉၉)

Myanmar News Updates

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...