ထိုင်းသံရုံးမှာ ဗီဇာယူဖို့ အခက်ကြုံနေကြရ

သင်္ကြန်ပိတ်ရက် ရှိနေတာကြောင့် ထိုင်းနိုင်ငံကို လာရောက်မယ့် မြန်မာနိုင်ငံသားတွေ ရန်ကုန်မှာ ရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးမှာ ဗီဇာရယူရေး အခက်အခဲတွေ့နေကြောင်း ကိုယ်တိုင် သွားရောက်သူများက ပြောပြကြပါတယ်။



ပြီးခဲ့တဲ့ ဧပြီလဆန်းကစပြီး ထိုင်းသံရုံးမှာ ဗီဇာရဖို့ ညအိပ်စောင့်ဆိုင်းသူတွေ အများအပြား ရှိခဲ့ပြီး တချို့ဗီဇာရဖို့ ၃ ရက်အထိ စောင့်ဆိုင်းရတယ်လို့ ဆိုပါတယ်။

တချို့ပြည်သူတွေဟာလည်း ဈေးချိုတဲ့ Air Asia လေယာဉ်လက်မှတ် ၀ယ်ထားပြီး သွားရမယ့်ရက်မှာ ဗီဇာ မရလို့ လေယာဉ်လက်မှတ်ခ ဆုံးရှုံးတာမျိုးလည်း ရှိကြောင်း ပြောပြကြပါတယ်။

လက်ရှိ ထိုင်းသံရုံးဟာ တဦးချင်း တန်းလာစီသူတွေကို ၁ ရက် အယောက် ၁၅၀ လောက်
ဗီဇာ လက်ခံ လုပ်ပေးတယ် ဆိုပေမယ့် လာရောက်စောင့်ဆိုင်းသူတွေဟာ အယောက် ၃၀၀ ကနေ ၄၀၀ မက ရှိနေပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...