စင်ကာပူမှာ အေဘီအီးလယ်ဗယ်ဖိုး ဒီပလိုမာ တက်ရောက်နိုင်



စင်ကာပူနိုင်ငံ Amity Global Business School မှာ နိုင်ငံတကာအသိအမှတ်ပြု အေဘီအီးလယ်ဗယ် ဖိုးဒီပလိုမာကို မြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူတွေ IELTS အမှတ်တင်ပြစရာ မလို၊ ဝင်ခွင့်စာမေးပွဲဖြေစရာမလိုဘဲ အချိန်တိုအတွင်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အေဘီအီးလယ်ဗယ်ဖိုး ဒီပလိုမာကိုခြောက်လကြာ တက်ရောက်ရမှာဖြစ်ပြီး ကျောင်းစရိတ်က မြန်မာ ငွေ ကျပ်သိန်း ၃၀ လောက် ကုန်ကျမယ်လို့ Wissen Education ကသိရပါတယ်။

အေဘီအီးလယ်ဗယ်ဖိုး ဒီပလိုမာမှာသင်ယူနိုင်တဲ့ ဘာသာရပ်တွေက စီးပွားရေးစီမံခန့်ခွဲမှု၊ မားကတ် တင်းစီမံခန့်ခွဲမှု၊ ခရီးသွားလုပ်ငန်းနဲ့ ဟိုတယ်စီမံခန့်ခွဲမှုတို့ ဖြစ်ပါတယ်။ အနီးဆုံးကျောင်းဝင်ခွင့်က ဧပြီလဖြစ်ပါတယ်။ စတင်လျှောက်ထားနိုင်ပါပြီ။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၃)၊ ဧပြီလ(၄) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...