စိုင်းစိုင်ခမ်းလှိုင်လည်း ရှင်းလင်းချက် ထုတ်ပြန်



သင်္ကြန်မဏ္ဍပ်တခုမှာ အလှမယ် ခင်ဝင့်ဝါနဲ့ ဖက်လှဲတကင်းတွေ့ရတဲ့ ပုံတွေဟာ ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက ပုံတွေဖြစ်ကြောင်း အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ရှင်းလိုက်ပါပြီ။

မဏ္ဍပ်ပေါ်မှာ စိုင်းစိုင်းရယ် ခင်ဝင့်ဝါရယ် နန်းဆုဦးရယ် သင်္ကြန်ပြတိုက်ဆိုတဲ့ အချစ်ကားလေး ရိုက်နေတာပါ စိုင်းစိုင်းကြောင့် သူတပါး မထိခိုက်စေချင်ပါလို့ စိုင်းစိုင်းက သူ့ facebook မှာ လွန်ခဲ့တဲ့ ၄ နာရီလောက် က ရေးလိုက်ပါတယ်။

သူ အဲဒီလို မရေးခင် ခင်ဝင့်ဝါကလည်း အဲဒီပုံတွေဟာ ရုပ်ရှင်ရိုက်ကွင်းပုံတွေဖြစ်တယ်လို့ ရှင်းခဲ့ပြီးပါပြီ။ အဲဒီအကြောင်း http://blog.irrawaddy.org/2014/04/blog-post_1594.html မှာ ဖတ်နိုင်ပါတယ်။

ဧရာဝတီ Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...