ဆေးလွန်ခြင်း၊ ဆေးဆိပ် သင့်ခြင်းကြောင့် အမေရိကန် ပြည်ထောင်စုတွင် သေဆုံးမှုမြင့်တက်

Health Updates Journal No. 112
ဆေးလွန်ခြင်း၊ ဆေးဆိပ်သင့် ခြင်းတို့သည် မတော်တဆ သေဆုံးမှုများ ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ အနက် အဖြစ်အများဆုံး ပြဿ နာများဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုတွင် ပြုလုပ်သည့် သုတေသန တစ်ခုက ဆိုသည်။

ဆယ်ကျော်သက်လူငယ်များ၌မူ ဆဲလ်ဖုန်း အသုံးပြုခြင်းကြောင့် မော်တော်ယာဉ် တိုက်မှုကဲ့သို့ ထိခိုက် ပျက်စီးမှုများ အများဆုံး ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အသက် (၆၅) နှစ်ကျော်အရွယ်တွင် လဲကျမှု၊ ပြုတ်ကျမှုများကြောင့် သေဆုံးမှု အများဆုံး ဖြစ်ပေါ်လျက် ရှိသည်။ ဆေးလွန်ခြင်း၊ ဆေးဆိပ်သင့်ခြင်းတို့သည် ကလေးငယ်များ၌သာ အဖြစ်များလေ့ရှိပြီး ဆေးဗီရိုထဲ မှ ဆေးများကို စားစရာထင်မှတ်၍ စားသုံးခြင်းကြောင့် ဖြစ်တတ်ကြောင်း စာရင်းဇယားများအရ တွေ့ရသော် လည်း အသက် (၃၀) တန်း၊ (၄၀) တန်းအရွယ်များတွင် ဆေးအလွန် အကျွံသုံးစွဲမှုကြောင့် သေဆုံးရနှုန်း သည် ၁၉၉၃ ခုနှစ်ကတည်းက တဖြည်းဖြည်း မြင့်တက်လာသည်ကို တွေ့ရသည်။

မိမိအသက်ကို ရန်ရှာလိုသည့် ရည်ရွယ်ချက်မရှိဘဲ ဆေးလွန်ခြင်းကြောင့် မတော်တဆသေဆုံးမှုနှုန်းသည် အသက် (၂၅) နှစ်မှ (၆၄) နှစ်အထိ တိုးမြင့်ဖြစ်ပေါ်လာပြီး အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် ဒီစီနှင့် အခြားပြည်နယ် (၁၈) ခု၌ မတော်တဆ ထိခိုက်သေဆုံးမှု အကြောင်းရင်းများတွင် ဆေးလွန် ခြင်း၊ ဆေး ဆိပ်သင့်ခြင်းသည် အဓိက အကြောင်းရင်းတစ်ခု ဖြစ်လာကြောင်း အမေရိကန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟို (CDC) က ဆိုသည်။

ဆေးဆိုင်မှ ကိုယ်တိုင်ဝယ်ယူ နိုင်သည့်ဆေးများ၊ ဆရာဝန်ဆေးစာပါမှ ၀ယ်ယူနိုင်သည့်ဆေးများနှစ်မျိုး စလုံးကြောင့် ဆေးလွန်ခြင်းဖြစ်ပေါ် နိုင်ပြီး ၂၀၁၀ ခုနှစ်အတွင်း၌ အဆိပ်သင့်သေဆုံးမှုများ၏ (၉၁) ရာခိုင် နှုန်းမှာ ဆေးလွန်ခြင်း၊ ဆေးဆိပ်သင့် ခြင်းကြောင့် ဖြစ်သည် ကို တွေ့ရှိထားသည်။

ဇော်ကို
Ref:NMD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...