ပဲခူးမြို့၊ အမှတ်(၃)ကျောင်းအနီးတွင် သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်တိုက်သေဆုံးမှုဖြစ်ပွား



၁၆-၄-၂၀၁၄ ရက်နေ့ ည(၈)နာရီအချိန်တွင် ပဲခူးမြို့၊ ပဲခူး-ရန်ကုန်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၅၀/၀)နှင့် (၅၀/၁)အကြား၊ အမှတ်(၃)အထက်တန်းကျောင်းအနီးတွင် ပဲခူးမြစ်ကူးတံတားဘက်မှ ဘုရားကြီးမြို့ ဘက်သို့ ပခ/xxxxxx လော့ဂျာအမျိုးအစား အနက်ရောင် ဆိုင်ကယ်အား ဇော်ဝင်းနိုင် (၂၇)နှစ် (ဘ)ဦးကျော်ဝင်း၊ မြို့သစ်(ဂ)ရပ်ကွက်၊ ပဲခူးမြို့နေသူ မောင်းနှင်ပြီး ဆိုင်ကယ်နောက်မှ မသင်းသင်း (၃၀)နှစ် (ဘ)ဦးကြီးစိန်လိုက်ပါကာ မောင်းနှင်လာစဉ်ဘုရားကြီးဘက်မှ ပဲခူးမြစ်ကူးတံတားဘက်သို့ အမှတ်(၁၆)သုံးဘီးယာဉ်လိုင်းမှ၁ယ/xxxxxx သုံးဘီးဆိုင်ကယ်တို့ လမ်းလယ်တွင်မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းသူ ဇော်ဝင်းနိုင်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မသင်းသင်းတွင် ယာဒူးခေါင်းကျိုးသည့် ဒဏ်ရာရရှိခဲ့ကာ သုံးဘီးဆိုင်ကယ်မောင်းသူမှာ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဇော်ဝင်းနိုင်နှင့် သုံးဘီးဆိုင်ကယ်မောင်းသူတို့အား ပဲခူးမြို့မရဲစခန်း ယာဉ်(ပ)၂၀/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၊ ၃၀၄-က/၃၃၈/၂၀၂ အရ အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။

ပဲခူးထူးခြားသတင်း




ရွှေမြန်မာမီဒီယာ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...