သြစတြေးလျား အမျိုးသားတက္ကသိုလ်မှာ ပြည်တွင်း၊ ပြည်ပရွေးချယ်မှုများတဲ့ အင်ဂျင်နီယာဘာသာရပ်


photo:google

သြစတြေးလျားအဆင့်တစ် အမျိုးသားတက္ကသိုလ် (ANU) ကို တက်ရောက်လိုတဲ့ မြန်မာကျောင်း သူ၊ ကျောင်းသားတွေအနေနဲ့ လက်ရှိပြည်တွင်းပြည်ပမှာ ရွေးချယ်မှု အများဆုံး ဘာသာရပ်တွေဖြစ်တဲ့ အင်ဂျင်နီယာဘာသာရပ် အပါအဝင် တခြားဘာသာရပ်တွေကိုပါ ရွေးချယ်နိုင်တယ်လို့ သိရပါတယ်။

အင်ဂျင်နီယာဘာသာရပ်အပါအဝင် တခြားရွေးချယ်မှုများနေတဲ့ ဘာသာရပ်တွေကတော့ ဆေးသိပ္ပံ ဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်၊ ဥပဒေဘာသာရပ်၊ ဝိဇ္ဇာဘာသာရပ်၊ ဘဏ္ဍာရေးဘာသာရပ်၊ သိပ္ပံ ဘာသာရပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဘာသာရပ်တွေနဲ့ တွက်ချက်မှုပိုင်းဆိုင်ရာ စာရင်း အင်းဘာသာရပ်စတာတွေပဲ ဖြစ်ပါတယ်။

တက်ရောက်လိုရင်

မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ANU မှာတက်ရောက်ချင်ရင် အခြေခံပညာ အထက်တန်းမှာ နှစ်ဘာသာ ဂုဏ်ထူးထွက်ပြီး နှစ်ဘာသာမှာလည်း ပျမ်းမျှ ၆၅ ရာခိုင်နှုန်း ရရှိထားရ မှာဖြစ်ပါတယ်။ IELTS 6.0 နဲ့ညီမျှတဲ့ အင်္ဂလိပ်စာရရှိထားသူ ဒါမှမဟုတ် GCE ‘O’ Level မှာ ငါးဘာ သာကို B အဆင့်ရရှိထားပြီး IELTS 6.0 နဲ့ညီမျှတဲ့ အင်္ဂလိပ်စာ ရရှိထားသူတွေကတော့ Foundation Studies ကို Semester နှစ်ခုပဲတက်ရောက်ရမှာပါ။

အခြေခံပညာအထက်တန်းမှာ ပျမ်းမျှ ၆၅ ရာခိုင်နှုန်းနဲ့ IELTS 5.5 နဲ့ညီမျှတဲ့ အင်္ဂလိပ်စာရရှိထားသူ (သို့မဟုတ်) GCE ‘O’ Level မှာသုံးဘာသာကို (B) အဆင့်ရရှိထားပြီး IELTS 5.5 နဲ့ညီမျှတဲ့ အင်္ဂလိပ် စာရရှိထားသူတွေကတော့ Foundation Studies Extended ကို semester သုံးခုအတွက် တက် ရောက်ရမယ်လို့ သိရပါတယ်။

ဝင်ခွင့်ဆိုင်ရာ အတိအကျသတ်မှတ်ထားတာတော့ မရှိဘူး။ Academic တွေပေါ်မူတည်ပြီးကြည့်တာ များတယ်လို့ AT&S မှသိရပါတယ်။

ကျောင်းလခအနေနဲ့ကတော့ Foundation Studies အတွက် သြစတြေးလျားဒေါ်လာ ၂၁,၀၀၀ ဝန်း ကျင်ရှိပြီး Foundation Studies ဆိုတာကတော့ ဘယ်ဘာသာရပ်လို့ သတ်မှတ်ထားတာ မဟုတ်ဘူး လို့ သိရပါတယ်။ ဒါ့အပြင် သြစတြေးလျားဒေါ်လာ ၂၁,၀၀၀ ဆိုတာကလည်း ၂၀၁၄ တစ်နှစ်စာ အတွက်ပဲလို့ သိရပါတယ်။

တစ်ဆင့်တက်ရောက်နိုင်

အမျိုးသားတက္ကသိုလ် (ANU) ကိုတက်ရောက်လိုသူ အထက်တန်းအောင် မြန်မာကျောင်းသူ၊ ကျောင်း သားတွေအနေနဲ့ ANU College Foundation Studies Program ကနေတစ်ဆင့်လည်း တက်ရောက် ခွင့်ရရှိနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ANU College ဟာ ANU (Australian National University) ကိုတိုက်ရိုက်တက်ရောက်နိုင် မယ့် ပညာရေး လမ်းကြောင်းဖြစ်တဲ့အပြင် လေ့လာချက်တွေအရလည်း ANUC က Foundation ဖြေဆို သူ ၉၃ ရာခိုင်နှုန်းက ANU ကို ဆက်ပြီးတက်ရောက်ခွင့်ရှိကြတယ်လို့ သိရတယ်။

ANU Foundation စာမေးပွဲမှာ ရလဒ်ကောင်းကောင်းတွေနဲ့ အောင်မြင်ထူးချွန် တဲ့ ကျောင်းသူ၊ ကျောင်း သားတွေအနေနဲ့လည်း သြစတြေးလျားတက္ကသိုလ် (ANU) ကိုဆက်ပြီး တက်ရောက်မယ့်အ တန်းအတွက် ၅၀ ရာခိုင်နှုန်းအထိ ပညာသင်ဆုတွေရရှိနိုင်တယ်လို့ AT&S Co.,Ltd ကသိရပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၃)၊ ဧပြီလ(၄) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...