အိမ်ခေါင်မိုးပေါ်မှာ အာကာသယာဉ် တင်ထားတဲ့လူ



တရုတ်နိုင်ငံ Guangdong ပြည်နယ် က ရန်မှန်းချက်ကြီးမားခဲ့တဲ့ လူတစ်ဦး ဟာ အာကာသယာဉ် ပုံတူတစ်စီးကို သူရဲ့အိမ်ခေါင်မိုးပေါ်မှာ တင်ထားပါတယ်။

သူ ဒီလိုလုပ်ရတာဟာ ပေါ်ပြုလာဖြစ်ချင်လို့လည်း မဟုတ်ပါဘူး။ သူများတွေလို ပေါကြောင်ကြောင် လုပ်တာလည်း မဟုတ်ပါဘူး။

၆၃ နှစ်အရွယ် Meng Ni ဆိုတဲ့ ဒီလူဟာ သူ ကလေး လေးကတည်းက အကာသယာဉ်မှုးဖြစ်ရမယ်လို့ အိမ်မက်မက်ခဲ့သူ တစ်ဦးပါ။ Jiexi ခရိုင်မှာရှိတဲ့ Xiapu ဆိုတဲ့အ ရမ်းခေါင်လွန်းတဲ့ရွာလေးမှာ မွေးဖွားခဲ့တဲ့ သူဟာ သူ့အိမ်မက်တွေက ဖြစ်နိုင်ဖို့အခွင့်အရေး နည်းနည်းလေးပဲ ရှိတယ်ဆိုတာ စောစောစီးစီး နားလည်ခဲ့တယ် လို့ဆိုပါတယ်။

ဒါကြောင့် သူဟာ မိဘတွေရဲ့ လက်ငုတ်လက်ရင်းဖြစ်တဲ့ လယ်ယာလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။ သူ့လက်ထက်မှာ လယ်မြေဟာ များပြားလာပြီး အစိုးရက သူ့မြေတွေကိုဝယ်ခဲ့ပါတယ်။

အတော်အသင့် အောင်မြင်လာတဲ့ Meng Ni ဟာ သူ့ငယ်ဘဝက ရည်မှန်းချက်ကို ဘယ်တော့မှမမေ့ခဲ့ပါဘူး။ ဒီပုံတူဟာ အစစ်မဟုတ်ပေမဲ့ ဒီအာကာသယာဉ်ထဲကို ဝင်ပြီး သဘာဝပတ်ဝန်းကျင်လောကကြီးကို ဟိုးအမြင့်ကနေ သူက ကြည့်လို့ရတယ် လို့ဆိုပါတယ်။

ဖိုးသူတော်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...