၂ဝ၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံအခြေအနေနှင့် သင်္ကြန်စာ..


photo:google

အိန္ဒိယနိုင်ငံက A.R.P တက္ကသိုလ်မှ ပေးအပ်ချီးမြှင့်သော Gold Medal-LORD STAR OF THE ASTROLOGER (အာရှတိုက်၏ အထွန်းတောက်ဆုံးကြယ်တစ်ပွင့်) ဆုရ ပါမောက္ခ ဒေါက်တာမြတ်သစ် (မန္တလေး)က ” ကျွန်တော်က မြန်မာနိုင်ငံသူ နိုင်ငံသားအတွက် ကျွန်တော်တို့ဘွဲ့ယူတုန်းက ခံဝန် ချက်ပေးရတယ်။ ခံဝန်ချက်က ဒီ ဘွဲ့ကြီးနဲ့ ဒေါက်တာဘွဲ့တွေ ယူပြီးတော့ စီးပွားဖြစ်လုပ် မစားပါဘူး။ ဒီဘွဲ့ကြီးရပြီး တော့ ငွေတွေနဲ့ လုပ်မစားပါဘူး။ ခံဝန်ချက်တွေပါတယ်။ ကတိသစ္စာပြုရတယ်။ ဒီ ဘွဲ့က မိမိ နိုင်ငံမိမိလူမျိုး၊ ဘာသာသာသနာကို ဒီပညာနဲ့ တတ်နိုင်သမျှ စောင့်ရှောက်ပါမယ်ဆိုတဲ့ ကတိသစ္စာ ရှိတယ်။ ကျွန်တော်က အဲဒါနဲ့အညီ ဒီနေ့မှာ ဆက်လုပ်နေ ပါ တယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း ဇာတာကမတည်ငြိမ်ဘူး။ ဒါကြောင့် အရင်တုန်းက ကျွန်တော်ပတ္တမြား FM မှာ အသံလွှင့်တယ်။ လွှင့်နေရင်းနဲ့ကျန်းမာရေးကြောင့် နားလိုက် တယ်။ နားပြီးတော့ အခုတစ်ခါ မန္တလေး FM ကနေပြီးတော့ နေ့စဉ်အသံလွှင့်တယ်။ အဲဒီမှာ ကျွန်တော်ကသဘာဝဘေးနဲ့ ပတ်သက် တာတွေ၊ မီးလောင် တာ တွေ၊ ပေါက်ကွဲတာတွေ၊ အနုကြမ်းစီးတာတွေ၊ သွေးထွက်သံယို ဖြစ်တတ် တာတွေ အဲဒါတွေကို ကျွန်တော်ကသတိပေးထားပြီး တော့ သူတို့အတွက် စောင့်ရှောက် မှုေ တွ လုပ်နေတယ်” ဟုပြောပါ သည်။၂ဝ၁၄ခုနှစ် မြန်မာနိုင်ငံ၏ အခြေအနေများကို ပါမောက္ခ ဒေါက် တာမြတ်သစ်(မန္တလေး)က ” ဒီနှစ် ၂ဝ၁၄၊ သြဂုတ်လ မကျော် မချင်း မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးလည်း မရနိုင်ဘူး။ တစ်ယောက်နဲ့တစ်ယောက် တွေ့ရင်သတ်ကြမယ်။ စိတ်ဝမ်းတွေကွဲမယ်။ လုယက်မှုတွေ၊ အနုကြမ်းတွေ ဆက်ေ တွ့ဦးမှာ။

အခုချိန် ကစပြီး အဲဒါတွေဆက်ဖြစ်ဦးမှာပါပဲ။ အဲဒါတွေ တတ်နိုင်သမျှ နည်းအောင်လုပ်ရမယ်။ အထူးသဖြင့် ကလေးငယ်တွေ ၊မိန်းကလေးတွေအပြင်မှာ တစ်ယောက် တည်း ပစ်မထားဖို့လိုတယ်။ ဒီနှစ်ရဲ့သင်္ကြန်စာ က ဒီနှစ် မိုးကောင်းမယ်။ မိုးသဲကြီးမဲကြီးရွာမယ်။ တောင်သူလယ် သမားတွေအတွက် ကောင်းတယ်။ ဧပြီနဲ့မေလ မှာ လေ ထန်မယ်။ မိုးအကြီး အကျယ်ရွာမယ်။ တောင်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထား ရင်တော့ ဒီအချိန်မှာ စိုက်ပျိုးရေးအတွက် အထောက်အပံ့ပေး မယ်။ နော က်ပြီးတော့ ကောက်ပဲ သီးနှံ တွေ တော်တော်ပေါ်ထွက်လာ မယ်။ ဒါပေမဲ့ နိုင်ငံရေးလုပ်တဲ့ သူတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာစိတ်နဲ့ လုပ်သင့် တယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့နေရာရလိုစိတ်နဲ့ အဲဒါ တွေတော့ တော်တော် သတိထားရမယ်” ဟု ပြောပါသည်။

ပါမောက္ခ ဒေါက်တာမြတ်သစ် (မန္တလေး)ကသင်္ကြန်စာအလိုအရ မြန်မာနိုင်ငံ၏အကြောင်းကို ” သင်္ကြန်စာ ကတော့ မြန်မာနိုင်ငံက မကောင်းနိုင်ဘူး။ သင်္ကြန် စာအရမ ဟုတ်ဘဲနဲ့ နက္ခတ် အနေအထားအရလည်း လုံးဝမကောင်း နိုင်သေးဘူး။ ၂ဝ၁၄တစ်နှစ်လုံးမှာ ခရီးကြမ်းကြီးကို ဖြတ်သန်းရမယ်။ ဒီသင်္ကြန်စာအရ ခရီးကြမ်းကြီးကို လုံးဝဖြတ်သန်းရဦးမှာ။ အဲဒီတော့ ဘာသတိထားရမလဲဆိုတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်တာတွေ ဖြေ ရှင်းရမယ်။ မြေနဲ့ပတ် သက် တာတွေ ဖြေရှင်းလို့ မရနိုင်ဘူး။ ဇူလိုင်၊ သြဂုတ်ဆို အဆိုးဆုံးပဲ။ ဇူလိုင်လ၊ သြဂုတ်လဟာတို့ မြန်မာနိုင်ငံမှာ ရေပြဿနာ၊ မီးလောင်တာ၊ ပေါက်ကွဲတာ၊ လုယက်တာ အဲဒါတွေ ပိုဆိုးမယ်။ နောက်ပြီးတော့ ဆူပူမှု ကြီးတွေ၊ ဆန္ဒပြတာတွေ ပိုကြီးထွားလာမယ်။ ကျွန်တော်ရေးတဲ့အထဲမှာ ကျွန်တော်က သတိပေးတဲ့အထဲမှာ ပါလိမ့်ဦးမယ်။ သင်္ကြန်စာအရ အဓိက ရုဏ်းတွေဖြစ် မယ်။

သင်္ကြန်စာရေးတာက တကယ့် ပညာရှင်ကြီး တွေရေးတာ။ အများဆုံးကတော့ လေဖြတ်တာတွေ၊ ရော ဂါတွေ သွေးတိုးနဲ့ ပတ်သက်တာတွေ၊ အာရုံကြောနဲ့ ပတ်သက် တာတွေ ဖြစ်ဦးမှာ။ အဓိက သတိပေးချင် တာက လေမုန်တိုင်း မိုးသည်းကြီး မဲကြီးချမယ်။ မချရင်လေမုန်တိုင်း အကြီးကျယ်ဝင်မယ်။ အဲဒါနဲ့ အတူ မိုးသီးတွေ အကြီး အကျယ်ကျမယ်။ ဧပြီ နောက်ဆုံးပတ်ကနေ မေ ပထမအပတ် အတွင်းထဲမှာ ကြီးမားတဲ့ မိုးဥတုစပြီ။ ဒီနှစ်မှာ ကားဈေးတွေကျမယ်။ ခုကျနေတာ သိလို့ပြောတာ မဟုတ် ဘူး။ ထပ်ပြီးတော့ကို ကျဦးမှာ ကားဈေး တွေ ဆက်ကျမယ်။ အဲဒါတစ် အချက်။နှစ်အချက်က ခရီးသွားလုပ်ငန်းတွေ ကြီး ကျယ်အောင် မြင်မယ်။ သုံးအချက် မြန် မာနိုင်ငံမှာ ရှိတဲ့ စက်ရုံအလုပ်ရုံ တချို့ပျက်စီးကုန် မယ်။ မြေဈေး တွေတအားကောင်းလာမယ်။ မြေဈေးတွေ ဘယ်လိုလုပ် လုပ် မကျဘူး။ မြန်မာနိုင်ငံမြေဈေး က ဆက် တက် သွား မယ်။လူတိုင်း စိတ် ဝင်စားတဲ့ ရွှေဈေးနှုန်းက မငြိမ် ပါဘူးဗျာ။ ရွှေဈေးနှုန်းက ဇွန် နောက်ဆုံးပတ် ဇူလိုင်နဲ့ သြဂုတ် လမှာ ရွှေဈေးက ၇သိန်း ကျော်ရှိလာမယ်။ စံချိန်ချိုး မှာက ရွှေဈေးနှုန်း က ၇လ ၈လမှာ စံချိန်ချိုးသွားလိမ့်မယ်။ နောက် အုပ်စုလိုက်လိမ်တာတွေ ပိုကြီး ထွာလာမယ်” ဟု ပြောပါ သည်။

လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့်မကြာမီဖြစ်ပျက်မည့် မြန်မာနိုင်ငံ၏ အခြေအနေများကို ပါမောက္ခဒေါက် တာ မြတ်သစ်က ” မြန်မာနိုင်ငံအတွက်သုံးသပ်ရင်တော့ ပ ညာရေးပိုင်း တွေတိုးတက်လာမယ်။ ဘာသာသာသနာနဲ့ ပတ်သက်ရင် တိုးတက်မယ်။ အားလုံးကလည်း ဒီဘာသာသာသနာနဲ့ ပတ်သက် တာတွေ ကို လိုက်ပြီး ဆောင် ရွက်သင့်တယ်။ ကျွန်တော်တို့ဗုဒ္ဓဘာသာနိုင်ငံကြီးအစိတ်စိတ် အမြွှာမြွှာ ကွဲမယ့် ကိစ္စတွေ၊ မဖြစ်သင့်တာတွေမှာ ဘာသာသာသနာဝင်ကပါတာကို ကျွန်တော်က ကြိုက် တယ်။ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေကို အကြံပြုချင်တာက စိတ်သာပဓာနသီလမြဲရမယ်။ ကိုယ့်ကျင့် တရားကောင်းရမယ်။ တစ်ယောက် ချင်း စီသာ သီလမြဲမယ်၊ ကိုယ်ကျင့်တရားတွေ ထိန်းသိမ်းမယ်ဆိုရင် ပိုကောင်းမယ်။ ဒုက္ခကိုရင်ဆိုင်ရမယ်။ အဲဒီ ဒုက္ခတွေကို ဝိုင်းပြီး စုပေါင်းရင် ဆိုင် ဖြေရှင်း ရင်အောင် မြင်နို င်မယ်ထင်တယ် ” ဟုသုံးသပ်ပြောပြသည်။

K Moe
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...