ထန်တပင်မြို့နယ်တွင် ယာဉ်တိုက်တိမ်းမှောက်သဖြင့် (၇)ဦးဒဏ်ရာရ


ရန်ကုန်၊ ဧပြီ ၁၆

၁၅.၄.၂၀၁၄ ရက်နေ့ ၁၅၄၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းမကြီးအတိုင်း ထန်းတပင် ဘက်မှ ညောင်တုန်းဘက်သို့ ယာဉ်မောင်း ဖိုးခွား(ခ)ကရင် (၃၂)နှစ်၊ စမ်းချောင်း မြို့နယ်နေသူ မောင်းနှင် လာသော ၄ဂ--- လင်ခရူဇာ ခဲရောင်ကိုယ်ပိုင်ယာဉ်သည် မိုင်တိုင် အမှတ်(၈/၇)နှင့် (၉/၀)ကြား အရောက် ၎င်း၏ရှေ့မှ ယာဉ်မောင်းဦးလှကြည် မောင်းနှင်နေသည့် 5G---ဟိုက်ဂျက်မာဇဒါအဖြူရောင် ကိုယ်ပိုင်ယာဉ် ကို နောက်မှဝင်ရောက် တိုက်မိခဲ့ရာ ယာဉ်(၂)စီးမှာ လမ်း၏ယာဘက် ပေ (၃၀)ခန့်အကွာရှိ
အနက်ပေ (၃၀)၊ အကျယ် (၁၅)ပေခန့်ရှိသော မြောင်းအတွင်းသို့ ထိုးကျ တိမ်းမှောက် သွားခဲ့ပြီး လင်ခရှုဇာ ယာဉ်မောင်းဖြစ်သူ ဖိုးခွား(ခ)ကရင်မှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် 5G--- ယာဉ်ပေါ်ပါ ယာဉ်မောင်း ဦးလှကြည်ပါ(၇)ဦးတို့တွင် ဒဏ်ရာ များအသီးသီးရရှိခဲ့၍ လှိုင်သာယာ ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပိုအပ်ကုသခဲ့ရာ အတွင်း/အပြင် လူနာ(မစိုးရိမ်ရ)များအဖြစ် ကုသမှုခံယူခဲ့ရပါသည်။

ယင်းကဲ့သို့ယာဉ်မဆင်မခြင်မောင်းနှင်သူယာဉ်မောင်း ဖိုးခွား(ခ)ကရင်အား ထန်းတပင်မြို့နယ်၊ တက်သစ် နယ်မြေရဲစခန်းယာဉ် (ပ)၃၅/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၂၇၉/၃၃၇/၃၃၈/၂၀၂ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...