Bryan Dyson ( fomer CEO of Coca- Cola ) ရဲ့ စက္ကန့် ၃၀ မိန့်ခွန်း



ဘဝဆိုတာ ဘော်လုံး ( ၅ ) လုံးကို လေပေါ်မှာ မကျအောင် ထိန်းကစားနေရတာလို့ တွေးကြည့်ပါ။
အဲဒါတွေက (အလုပ် ၊ မိသားစု ၊ ကျန်းမာရေး ၊ သူငယ်ချင်းများ နဲ့၊ စိတ်ဓာတ်) တွေပဲ။
ဒီဘော်လုံးတွေကို လေထဲမှာမကျအောင် ထိန်းထားရမယ်။
သင် ချက်ချင်း သိလာမယ်။ အလုပ်ဆိုတာက ရာဘာဘော်လုံး ။
မတော်လို့ လွတ်ကျခဲ့ရင်တောင် ပြန်ခုန်လာလိမ့်မယ်။
ကျန်တဲ့ ဘော်လုံး(၄)လုံး မိသားစု၊ ကျန်းမာရေး၊ သူငယ်ချင်းများနဲ့ စိတ်ဓာတ်ကတော့ ဖန်ဘော်လုံးလိုပဲ။
ဒါတွေ လွက်ကျသွားရင် ထိ၊ ရှ၊ ကွဲ အက်၊ ပျက်စီးသွားမယ်။
ပြီးရင် နဂိုရ်အတိုင်း ပြန်မဖြစ်တော့ဘူး။
ဒါကို သဘောပေါက်ပါ။
အလုပ်ချိန် အတွင်းမှာ ကြိုးကြိုးစားစားလုပ်၊ အချိန်တန်ရင် ထားလိုက်။
မိသားစု၊ မိတ်ဆွေ၊ တွေနဲ့ သင့်တင့်မျှတတဲ့ အနားယူ အပန်းဖြေ ဖို့ အချိန်ပေးပါ။
တန်ဖိုးသိတတ် တန်ဖိုးထားတတ်မှ၊ တန်ဖိုးရှိတာ။

Myanmar News Update

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...