BSc (Hons) Computing ဘာသာရပ်ကို Top-Up Degree တစ်နှစ်ဖြင့် လျှောက်ထားနိုင်

အတွဲ (၁၅)၊ အမှတ် (၁၄)


စင်ကာပူနိုင်ငံရှိ TMC Academy တက္ကသိုလ်တွင် အင်္ဂလန်နိုင်ငံ (University of Greenwich) မှ Bachelor of Science (Hons) Computing ဘာသာရပ်ကို မြန်မာနိုင်ငံမှ IADCS လက်မှတ် ကိုင်ဆောင်ထား သူများ၊ B.C.Sc ဘွဲ့ရ ကျောင်းသားများနှင့် BE (IT) ကျောင်းသားများသည် နောက်ဆုံးနှစ်တစ်နှစ်သာ တက်ရောက်ရန် လိုအပ်သော (Hons) သို့ Top-Up Degree အဆင့်ဖြင့် တိုက်ရိုက် တက်ရောက်နိုင်ကြောင်း သိရသည်။

ဘာသာရပ် ၇ ဘာသာ သင်ကြားရမည်ဖြစ်ပြီး TMC Academy တွင် Higher Diploma ဘာသာရပ်ကို Foundation အပါအ၀င် ၁၆ လမှ ၁၉ လကြာ သင်ကြားရမည် ဖြစ်သည်။ ပညာရေးဆိုင်ရာ ဝင်ခွင့် သတ်မှတ် ချက်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသားများ တစ်ဘာသာလျှင် ပျမ်းမျှအမှတ် ၆၀ နှင့်အထက် ရှိရမည်ဖြစ်ပြီး အင်္ဂလိပ်စာ သတ်မှတ်ချက်မှာ IELTS 5.0 ရှိရမည်။ Higher Diploma with Advanced Standing တန်းကို တိုက်ရိုက် တက်ရောက်လိုသော ကျောင်းသားများ အတွက် ဝင်ခွင့် သတ်မှတ်ချက်မှာ IELTS 5.5 ရှိရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ မည်သည့် ဘာသာရပ်ဖြင့်မဆို ပထမနှစ် အောင်မြင် ထားသော ကျောင်းသားများသည် Foundation တန်း ပညာသင်နှစ်ကို ကင်းလွတ်ခွင့်ရပြီး Higher Diploma တန်းသို့ တိုက်ရိုက် တက်ရောက်နိုင်ကြောင်း သိရသည်။

အသေးစိတ် သိရှိလိုသူများ Myanmar Search International (MSI) ဖုန်း-၀၁-၃၈၉၉၁၅၊ ၂၅၀ ၉၂၉၊ ၀၉-၅၁၀၃၉၁၅ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...