Cardiac Arrest နှလုံးခုန်ရုတ်တရက်မရပ်မီ ရှေ့ပြေးကြိုတင်သတိပေးသည့်ခံစားချက် Symptoms များ


Source of picture; Daily mail

အသက် ၅၈ နှစ်အရွယ်ရှိတဲ့ ဂျာနယ်လစ် Russert ကရုတ်တရက် နှလုံးခုန်ရပ်မှုCardiac arrest ကြောင့် သေဆုံးသွားခဲ့ပြီး အသက် ၅၁ နှစ်အရွယ် ရုပ်ရှင် သရုပ်ဆောင် Gandolfini ကတော့ နှလုံးသွေးကြောရုတ်တရက်ပိတ်ပြီးHeart attack ရလို့ သေဆုံးခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ နှစ်စဉ် ဆေးရုံပြင်ပမှာ နှလုံးခုန်ရုတ်တရက်ရပ်သူပေါင်း သုံးသိန်းခြောက်သောင်း (၃၆၀၀၀၀) ရှိပြီး ၉ .၅%သာ အသက်ရှင်တယ်လို့ အမေရိကန်နှလုံးအဖွဲ့ကြီးက ဆိုပါတယ်။

Cardiac arrest နှလုံးခုန်ရုတ်တရက်ရပ်တဲ့ သက်လတ်ပိုင်း အမျိုးသားယောက်ျားတွေရဲ့ ထက်ဝက်ကျော်လောက်ဟာ နှလုံးခုန်ရုတ်တရက်မရပ်မီ တစ်လလောက်အတွင်း ကြိုတင်သတိပေးတဲ့ ခံစားမှုတွေ ရှိတတ်ပါတယ်။နှလုံးခုန် ရုတ်တရက် ရပ်သွားတဲ့ လူနာတွေရဲ့ ၁၀%လောက်ပဲ အသက်ရှင်တာကြောင့် အဖြစ်ခင်ကတည်းက ဆေးကုသမှုကို ခံယူဖို့ အရေးကြီးပါတယ်။
နှလုံးသွေးကြော ရုတ်တရက်ပိတ်တဲ့ Heart attack လူနာအများစုမှာတော့ ရောဂါက အမြဲတမ်း ချက်ခြင်း ထပြီး ဖြစ်တာ မဟုတ်ပါဘူး။ Cardiac arrest နှလုံးခုန်ရုတ်တရက်ရပ်တယ်ဆိုတာက နှလုံးရဲ့  ခုန်ဖို့ မရှိမဖြစ်တဲ့ နှလုံးလျှပ်စစ်စီးဆင်းမှု ရုတ်တရက် မူမမှန်ဖြစ်သွားတာ ဖြစ်ပါတယ်။

လုနာတွေကို နှလုံးအဆုတ်အသက်ကယ်ရှေးဦးကုထုံး ချက်ခြင်းပေးပြီး နှလုံးနှိုးစက်နဲ့ နှိုးနိုင်ရင်တော့ နှလုံးခုန်တာ ပုံမှန်ပြန်ဖြစ်နိုင်ပြီး လူနာ အသက်ရှင်နိုင်ဖို့ အခွင့်အလမ်း ရနိုင်မယ် ဖြစ်ပါတယ်။

သုတေသနတွေ့ရှိချက်အရ နှလုံးခုန်မရပ်မီ ၄ ပါတ်လောက်အထိ လူနာတွေမှာ ကြိုတင်ခံစားမှုတွေရှိနိုင်ပြီး နှလုံးခုန်ရပ်တန့်ခြင်း Cardiac Arrest ကို ကြိုတင်ပြောနိုင်ပါတယ်။
အမျိုးသား ၅၆၇ ကိုလေ့လာတဲ့စာတမ်းအရ ၅၆%က ရင်ပတ်အောင့်၊ ၁၃%က မောဆို့ခြင်း၊ ၄%က ခေါင်းမူးခြင်း၊ သတိလစ်မလိုဖြစ်ခြင်း သို့မဟုတ် နှလုံးခုန်ု ရင်တုန်ခြင်းတွေ ဖြစ်တတ်ပါတယ်။

ဆေးသုတေသီတွေက နှလုံးခုန်ရုတ်တရက်ရပ်ခဲ့တဲ့ လူနာ ၈၀၀ ကျော်ကို လေ့လာပြီး သုတေသန လုပ်ခဲ့ပါတယ်။ ဆေးရုံပြင်ပမှာ နှလုံးခုန်ရုတ်တရက်ရပ်ရင်တော့ ဆေးပစ္စည်းကိရိယာ အစုံအလင်ရှိတဲ့ အမေရိကန်လို နိုင်ငံကြီးတွေမှာတောင် အသက်ရှင်ဖို့က ၁၀ %လောက်ပဲ ရှိပါတယ်။

ဒီဆေးသုတေသနအဖွဲ့ရဲ့ ခေါင်းဆောင် အမေရိကန်နိုင်ငံ Cedars-Sinai Heart Institute ရဲ့ သိပ္ဗံပညာရှင် Doctor Eloi Marijon ရဲ့ အဆိုအရတော့ “နှလုံးအရေးပေါ်အဖွဲ့တွေ လူနာဆီရောက်သွားတဲ့အချိန်မှာတော့ အခါကအတော်နှောင်းသွားပြီး” လို့ ဆိုပါတယ်။

Dr Marijon ပြောတာကတော့ လူနာတွေရဲ့ ၈၀%လောက်က နှလုံးခုန်ရုတ်တရက်မရပ်မီမှာ ရှေ့ပြေးခံစားမှုတွေ တစ်နာရီကနေ တစ်လလောက်အထိ ခံစားတေခဲ့ကြရတယ်လို့ ဆိုပါတယ်။ စာတမ်းကို ပူးတွဲရေးသူ Dr Sumeet Chugh က “သင်ခန်းစာကတော့ အဲဒီလို ရှေ့ပြေးခံစားမှုတွေ ရှိနေပြီဆိုရင် မပေါ့ဖို့ အရေးကြီးပါတယ်” လို့ ပြောပါတယ်။
“အချိန်လုံးဝ မဖြုန်းတီးပါနဲ့ နီးစပ်ရာ ဆရာဝန်ကို မြန်မြန်ပြပါ” လို့ ပြောပါသေးတယ်။

ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်ပါတယ်။

နှလုံးသွေးကြောရုတ်တရက်ပိတ်ခြင်းကြောင့် ခံစားရမှုများ
--------------------------------------
၁)ရင်ပတ်အောင့်ခြင်း
များသောအားဖြင့် ရက်ပတ်အလယ်မှာ ဖြစ်တတ်ပါတယ်။ ရင်ပတ်ကိုတက်ဖိထားသလိုမျိုး၊ ဆွဲညှစ်ထားသလိုမျိုး၊ တင်းကျပ်တဲ့ခံစားမှုမျိုးလည်း ရနိုင်ပါတယ်။
၂)ကိုယ်ခန္တာ၏အခြားနေရာတွင် နာကျင်ခြင်း
ရင်ပတ်ကနေ လက်မောင်း သို့မဟုတ် မေးစေ့ သို့မဟုတ် လည်ပင်း၊ နောက်ကျောနှင့် ရင်ခေါင်းသို့ ပြန့်သွားခြင်း
၃)အမောဆိုက်ခြင်း၊ ပျို့ချင်၊ အန်ချင်ဖြစ်ခြင်း၊ အော့အန်ခြင်း
၎)အရမ်းကြောက်စိတ်ပ်ါလာခြင်း
၅)ခေါင်မူးဝေခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကျပ်လာခြင်း
SOURCE: NHS Choices

မြန်မာနှလုံးဖောင်ဒေးရှင်းရဲ့ စာမျက်နှာ https://www.facebook.com/pages/Myanmar-Heart-Foundation/560619810651716 ကို Like လုပ်ဖို့ Invite လုပ်ပေးခြင်း၊ Share လုပ်ခြင်းများဖြင့် မျှဝေပေးပါရန်။)

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...