နေပြည်တော်ဈေးကွက်အတွင်း CDMA 800 ဟန်းဆက်များသာ ဆက်တိုက်ဝင်ရောက်

အတွဲ (၁၅)၊ အမှတ် (၁၄)

photo:google

နေပြည်တော် ဟန်းဆက်ဈေးကွက်အတွင်း၌ အခြားသောဟန်းဆက်များထက် CDMA 800MHz သုံးဟန်းဆက်များ ပိုမိုရောင်းကောင်းနေပြီး ဈေးကွက်အတွင်းသို့လည်း အသစ်အနေဖြင့် CDMA 800MHz ဟန်းဆက်များသာ ပိုမိုဝင်ရောက်လျက်ရှိကြောင်း ဖြန့်ချိရေးဆိုင်များမှ သိရသည်။

“CDMA 800 ဟန်းဆက်နဲ့ ပတ်သက်ရင် အခုတလော ဝင်လာတာကတော့ များတယ်ဗျ။ အများစုက တရုတ်နိုင်ငံလုပ်တွေပဲ။ Key Pad သုံးဟန်းဆက်တွေရော Touch Screen သုံး ဟန်းဆက်တွေရော ဝင်လာတယ်။ သုံးစွဲသူတွေအနေနဲ့ လူကြီးပိုင်းတွေက ရှုပ်ယှက်ခတ်တာတွေ မကြိုက်တဲ့အတွက် Function နည်းတဲ့ Key Pad ဟန်းဆက်တွေ ဝယ်ကြတာများသလို လူငယ်/ လူလတ်ပိုင်းအများစုကတော့ Touch Screen သုံး အမြင့်ပိုင်း ဟန်းဆက်တွေ ပိုကြိုက်ကြတယ်။ အရောင်းရ အကောင်းဆုံးကလည်း Touch Screen ဟန်းဆက်တွေပဲ” ဟု နေပြည်တော်ဒေသရှိ ဟန်းဆက်ဖြန့်ချိရေးဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေပြည်တော်ဒေသအတွင်း လတ်တလောရောင်းအားအကောင်းဆုံးမှာ CDMA 800 MHz ဟန်းဆက်ဖြစ်ပြီး ဒုတိယရောင်းအား အကောင်းဆုံးမှာ GSM ဟန်းဆက်များဖြစ်သည်။ တတိယရောင်းအား အကောင်းဆုံးဟန်းဆက်မှာ WCDMA ဟန်းဆက်များဖြစ်ပြီး ရောင်းအားအနည်းဆုံးမှာ CDMA 450MHz ဟန်းဆက်များဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကျော်ဇေယျ၊ နေပြည်တော်
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...