သြစတြေးလျနိုင်ငံ Curtin University Foundation Program ကို ငွေကျပ် သိန်း ငါးဆယ်ဖြင့် တက်ရောက်နိုင်ပြီး ၅၀ ရာခိုင်နှုန်း ပညာသင်ဆုများ လျှောက်ထားနိုင်ပြီ

သြစတြေးလျနိုင်ငံ အရှေ့တောင်အာရှ၏ အဓိက ကျောင်းခွဲ နှစ်ခုထဲမှ တစ်ခုဖြစ်သော မလေးရှားနိုင်ငံရှိ Curtin University တွင် 2013-2014 ခုနှစ် ပညာသင်နှစ်အတွက် University Foundation Programme ကို စရိတ်သက်သာစွာဖြင့် တက်ရောက်နိုင်ပြီး ၎င်း Foundation Programme တွင် ထူးချွန်စွာ ပြီးမြောက်အောင်မြင်သော ကျောင်းသားများအတွက် Degree တန်း ၏ ကျောင်းလခ ၅၀ ရာခိုင်နှုန်း ခံစားခွင့်ရရှိနိုင်သော Pro-Vice Chancellor Scholarship လျှောက်ထားနိုင်ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေး ဝန်ဆောင်မှု မှ သိရှိရသည်။



ယခု University Foundation Program သည် ကျောင်းသားများ၏ ဘွဲ့ကြိုတန်းအတွက် Arts၊ Commerce နှင့် Social Science ဘာသာရပ်များတက်ရောက်ရန် ကြိုတင်ပြင်ဆင်ပေးသော အတန်းဖြစ်သည်။ Curtin University ၏ Foundation တန်းတွင် လမ်းကြောင်းနှစ်ခု ဖြစ်သော Commerce and Arts နှင့် Engineering and Science ဘာသာရပ်များကို အဓိကထား လေ့လာနိုင်သည်။ ဘာသာရပ်အမျိုးမျိုး ပါဝင်ပြီး ထိရောက်သော နိုင်ငံတကာ ပေါင်းသင်းဆက်ဆံရေး၊ Writing Skill နှင့် သုတေသနပြုလုပ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ကြားပေးသည်။

Commerce and Arts အထူးပြု လမ်းကြောင်းတွင် ကျောင်းသားသည် Commerce Mathematics၊ Economics၊ Accounting and Business Management၊ Media and Communication၊ Journalism၊ Information Technology၊ ၂၀ ရာစု ကမ္ဘာ့သမိုင်း (20th Century World History)၊ Screen Production နှင့် Visual Culture ဘာသာရပ်များကို လေ့လာရမည်။

Engineering နှင့် Science အဓိကဘာသာရပ် ရယူထားသော ကျောင်းသားများသည် ဘွဲ့ကြိုတန်းတွင် Engineering and Science နှင့် Computing and Information Technology ဘာသာရပ်များကို ဆက်လက်တက်ရောက်နိုင်ကြပြီး Foundation တန်းအတွက် Engineering Mathematics, Physics and Chemistry and Programming in C++ ဘာသာရပ်များကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။

လျှောက်ထားလိုသော ကျောင်းသားများသည် Curtin University ၏ ၀င်ခွင့်သတ်မှတ်ချက် များ ပြည့်မှီရမည်။ Foundation တက်ရောက်ပြီးသော ကျောင်းသားများအနေဖြင့် Bachelor တန်းများကို တက်ရောက်နိုင်ကြပြီး Commerce နှင့် Arts အဓိကဘာသာရပ်ရယူထားသော ကျောင်းသားများမှာ Bachelor တန်းတွင် Business Administration၊ Commerce (Accounting and Finance, Banking and Finance, Finance and Management, Management and Marketing, Marketing and Public Relations, Public Relations and Management, Tourism and Event Management, Marketing)၊ Borneo Studies, Mass Communication, Accounting တို့သို့ ၀င်ခွင့်ရရှိနိုင်မည်ဖြစ်သည်။

ဝင်ခွင့်သတ်မှတ်ချက်များအနေဖြင့် GCE “O” Level (With 4 Credit) (သို့) တက္ကသိုလ်ဝင် တန်းအောင် မြင်ပြီး တစ်ဘာသာလျှင် အနည်းဆုံးရမှတ် ၆၀နှင့် အထက် IELTS 5.0 ရရှိထားသော ကျောင်း သားများ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ Foundation တန်းအတွက် နှစ်စဉ် ကျောင်းဖွင့်ချိန်မှာ မတ်လ၊ ဇူလိုင်လဖြစ်ပြီး ကျောင်းပိတ်ချိန် အပါအဝင် ၁ နှစ်တက်ရောက်ရမည်ဖြစ်သည်။ ကျောင်းလခမှာ အမေရိကန်ဒေါ်လာ ၅,၇၆၇ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သိန်း ၅၀ ဝန်းကျင်ခန့်) သာ ကုန်ကျမည်ဖြစ် သည်။

Myanmar Search International (MSI) ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်မှ “Curtin Universtiy Sarawak Campus က Foundation အောင်ပြီး ဘွဲ့ကြိုတန်း ကျောင်းသားတွေအတွက် ပညာသင်ဆုကို ၅၀ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးပါတယ်။ Foundation ကျောင်းသားတွေအားလုံးထဲက (၂) ယောက် ရွေးပြီးပေးတာဆိုတော့ ရဖို့တော့ခက်တယ်။ ဒါပေမယ့် MSIရဲ့ စီစဉ်မှုနဲ့ 2011 Foundation in Engineering and Science တန်း ကို အောင်မြင်ပြီး 2012 ခုနှစ် ဒီဂရီတန်းကို တက်ရောက်နေပြီဖြစ်တဲ့ မြန်မာကျောင်းသား “Adrian Soe Myint” နဲ့ 2012 Foundation တန်း ကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပြီး 2013 ခုနှစ်မှာ ဒီဂရီတန်း တက်နေတဲ့ “မောင်စည်သူပိုင်” တို့ နှစ်ဦး ဒီပညာသင်ဆုကို ရခဲ့ကြတယ်။ ၂နှစ်ဆက်တိုက်မှာ MSI က ကျောင်းသားတစ်ယောက်ဆီ ရခဲ့ကြတယ်။ ကျန်တဲ့ ကျောင်းသား ၂ ယောက်ကတော့ နိုင်ငံခြားသားတွေပဲ။ နိုင်ငံတကာ ကျောင်းသားတွေနဲ့ ယှဉ်ပြိုင်ပြီးမှ ရခဲ့တဲ့ ပညာသင်ဆုမို့လို့ MSI အနေနဲ့ မြန်မာကျောင်းသားတွေအတွက် ဂုဏ်ယူတယ်။ တကယ့်အရည်အချင်းအစစ်အမှန်နဲ့ ယှဉ်ပြိုင်ခဲ့ကြရတာ။

တကယ်တော်တဲ့ မြန်မာကျောင်းသားလေးတွေတကယ်ရှိနေသေးတယ်။ နောက်ပြီး ဒီFoundation ကို တက်မယ်ဆိုရင် သြစတြေးလျက သင်ရိုးညွှန်းတမ်းအတိုင်း တိုက်ရိုက်သင်ကြားပေးပြီး သင်တဲ့ ဆရာတွေကလည်း အနည်းဆုံး နိုင်ငံခြားသား Master ဘွဲ့ရတွေဆိုတော့ ကျောင်းသားတွေ အတွက် နိုင်ငံတကာ အဆင့်မှီ သင်ကြားမှု နည်းစနစ်တွေနဲ့ အကျွမ်းတဝင်ဖြစ်သွားနိုင် တယ်။ ကျောင်းမှာက နိုင်ငံတကာ ကျောင်းသားတွေလဲ များတယ်ဆိုတော့ ကိုယ့်သူငယ်ချင်း အသိုင်းအ၀ိုင်းက နိုင်ငံတကာ နဲ့ ပြန့်နှံ့သွားတော့ တချိန်ချိန် ကိုယ် စီးပွားရေးဈေးကွက် ချဲ့ထွင်တဲ့ အခါ အများကြီး အထောက်အကူ ဖြစ်နိုင်ပါတယ်။ အဲကျောင်းမှာကတော့ အခုလောလောဆယ် မြန်မာနိုင်ငံ က ကျောင်းသား အယောက် ၂၀ ဝန်းကျင်ပဲရှိတယ်။ အယောက် ၂၀ထဲက မှ နှစ်ယောက်ရခဲ့တယ်ဆိုတော့ တကယ့်ကို ဂုဏ်ယူစရာပါ။ Engineering ဘာသာရပ်ကို သင်ယူနေတဲ့ မြန်မာကျောင်းသားများတယ်။” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ၎င်း ပညာသင်ဆုကို Curtin University Sarawak ၏ Foundation တန်းကို တက်ရောက်ပြီး သော သူများသာ လျှောက်ထား ခွင့်ရှိကြောင်း ထပ်မံပြောကြားသွားသည်။

သြစတြေးလျ နိုင်ငံရှိ Curtin Uinversity သည် ၊ သြစတြေးလျနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် (၅) ကျောင်းတွင် ‘ ကျောင်းသားများ ဘ၀အတွက် အကောင်းဆုံးသုတေသနပြုမှု’ အဆင့် – ၂ ရရှိခဲ့ပြီး ၊ Tier – 5 Excellent Awarded (အကောင်းဆုံးဆု) ရရှိခဲ့သော တက္ကသိုလ် ဖြစ်သည်။ Curtin University သည် Singapore , Malaysia , Hong Kong, Indonesia , Brunei , South Africa တွင် Teaching နှင့် Research Services အတွက် Offshore Campus များဖွင့်လှစ်ထားသည်။ ၎င်း Curtin University Sarawak Malaysia ကျောင်းဝင်ခွင့်များ ၊ ကျောင်းသားများ ကျောင်းတက်ရန်အတွက် လိုအပ်မည့် စာရွက်စာတမ်းများ၊ ပညာရေးပိုင်း ဆိုင် ရာလိုအပ်ချက်များနှင့် Curtin University Sarawak Malaysia အကြောင်း စိတ်ဝင်စား သောကျောင်းသားများ အနေဖြင့် Myanmar Search International (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှု အမှတ် (၂၃၄) ရွှေဘုံသာအလယ်လမ်း ၊ ဒုတိယထပ် (ညာ) ၊ ဖုန်း – ၀၁ – ၂၅၀၉၂၉ ၊ ၀၁ – ၃၈၉၉၁၅ ၊နှင့် ၀၉ – ၅၁၀၃၉၁၅၊ Email- myanmarsearchinternational@gmail.com သို့ဆက်သွယ်စုံစမ်းပြီး မေးမြန်းနိုင်ပါသည်။
MSI

World Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...