ဗီတာမင် D ကြောင့် ကျန်းမာရေး ထူးခြားကောင်းကျိုးရှိသည်ဆိုမှု သုတေသီများ ငြင်းပယ်

နှလုံးရောဂါ၊ ကိုယ်ခံစနစ် ချွတ်ယွင်းမှုရောဂါနှင့် ကင်ဆာရောဂါများ ဖြစ်နိုင်ခြေကို ဗီတာမင် D ဖြည့် တင်းပေးခြင်းဖြင့် လျော့ပါးစေကြောင်း ယုံကြည်မှုများ ရှိနေသည့်တိုင် ယင်းသည် တိကျသော မှတ်ချက်မျိုး မဟုတ်ဟု အော့ခ်လန်တက္ကသိုလ်မှ ပညာရှင်များက ဆိုသည်။



ဗီတာမင် Dကို ကြွယ်ကြွယ်ဝဝ ဖြည့်ဆည်းပေးခြင်းဖြင့် လူ့ကျန်းမာရေးအတွက် ထင်ထင်ရှားရှား ကောင်း ကျိုး ဖြစ်ထွန်းစေသည့် သက်သေ အထောက်အထားမျိုး မတွေ့ရဟု နယူးဇီလန်မှ သုတေသီများ က ပြောကြားခဲ့သည်။ နှလုံးရောဂါ၊ ကိုယ်ခံစနစ် ချွတ်ယွင်းမှုရောဂါနှင့် ကင်ဆာရောဂါများ ဖြစ်နိုင်ခြေကို ဗီတာမင် D ဖြည့်တင်းပေးခြင်းဖြင့် လျော့ပါးစေကြောင်း ယုံကြည်မှုများ ရှိနေသည့်တိုင် ယင်းသည် တိကျသော မှတ်ချက်မျိုး မဟုတ်ဟု အော့ခ်လန်တက္ကသိုလ်မှ ပညာရှင်များက ဆိုသည်။ ယခုနှစ် အစောပိုင်းက ဗြိတိန်နိုင်ငံမှ ပညာရှင်များက မိခင်လောင်းများ ကိုယ်ဝန်ဆောင် ဘဝဖြင့် ဗီတာမင် Dဓာတ် ဖြည့်တင်းခံယူခြင်းသည် သန္ဓေသား၏ ကြွက်သားများကို ဖွံ့ဖြိုးစေကြောင်း ကြေညာခဲ့ဖူးသည်။

ထို့အတူ ဗီတာမင် Dဓာတ်ကို များပြားစွာ ဖြည့်တင်းပေးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှု ပြင်းအား ကို လျှော့ချနိုင်ကြောင်း ယုံကြည်မှုများလည်း ရှိနေသည်။ နေရောင်ခြည်ကို တိုက်ရိုက်ခံယူခြင်းဖြင့် ရရှိနိုင် သည့် ဗီတာမင် Dသည် ယင်းသို့သော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးကောင်းများ ရရှိပိုင်ဆိုင်စေနိုင် သည်ဟု မိမိတို့ လုံးဝ သက်သေမပြနိုင်ခဲ့ကြောင်း ဒေါက်တာ မာ့ခ်ဘိုလန်း ဦးဆောင်သည့် အော့ခ်လန် တက္ကသိုလ်မှ သုတေသန ပညာရှင်များက ကြေညာခဲ့သည်။

ဥရောပ၊ အမေရိကနှင့် ဗြိတိန်နိုင်ငံများတွင် ယခင်က ပြုလုပ်သည့် သုတေသန ရလဒ်များကမူ ဗီတာမင် Dကြောင့် ကောင်းမွန်သော ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုကောင်းများ ရရှိစေမည်ဟု ညွှန်ပြနေခဲ့ဖူး သည်။ နယူးဇီလန်မှ သုတေသီများသည် ဗီတာမင် Dဓာတ်ကို ခံယူမှု ကွာခြားသည့် ကျန်းမာရေးဆိုင်ရာ ရလဒ်(၁၃၇)ခုကြား နှိုင်းယှဉ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဗီတာမင် Dသည် သိသာသည့် ကျန်းမာရေး ဆိုင်ရာ ကောင်းကျိုးများ မရရှိစေသည့်အပြင် အများအပြား မှီဝဲခြင်းဖြင့် ဗီတာမင် Cနှင့် E တို့ကဲ့သို့ ပင် ဘေးထွက်ဆိုးကျိုးများ ရှိစေနိုင်ကြောင်း ပညာရှင်များက သတိပေး ပြောဆိုသွားသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...