Drake ရဲ့နာမည်ကို တက်တူးထိုးဖို့စိတ်ကူးနေတဲ့ Rihanna



Rihanna ဟာ Drake ရဲ့နာမည်နဲ့ တက်တူးထိုးဖို့ စိတ်ကူးနေတယ်လို့ဆိုပါတယ်။

ခန္ဓာကိုယ်တက်တူးအစိတ်အပိုင်းပေါင်း ၂၀ ကျော်ရှိတဲ့ အဆိုတော်ဟာ Drake ရဲ့နာမည်ကိုတက်တူးမထိုးမီ သူတို့နှစ်ယောက်ရဲ့ခံစားချက်တွေက အတည်တကျဖြစ်ပြီလားဆိုတာ သေခြာအောင် လုပ်ဖို့တော့လိုနေပါ တယ်။

‘သူကသူမရဲ့လူဖြစ်ရပါမယ်။ ပြီးတော့ သူမဟာ သူချစ်ရတဲ့၊ တွေးတဲ့၊ အိပ်မက်မက်တဲ့ တစ်ဦးတည်းသော သူဆိုတာ သူမခံစားမိဖို့ အချိန်လိုပါလိမ့်မယ်’ လို့အတွင်းသိတစ်ယောက်က HollywoodLife.com ကိုပြောပါတယ်။

Rihanna ရဲ့တက်တူးတွေဟာသူမအတွက် အဓိပ္ပါယ်ပြည့်ဝနေပြီး သူမဘ၀ရဲ့အရေးပါတဲ့ အချိန်ကာလကို ညွှန်ပြနေပါတယ်။

သူမရဲ့ကွယ်လွန်သွားတဲ့ အဖွားဖြစ်သူကို ဂုဏ်ပြုတဲ့အနေနဲ့ ထိုးထားတဲ့ နတ်ဘုရားမ Isis ရဲ့တက်တူး တစ်ခုလဲ သူမမှာရှိပြီးတော့ Drake အတွက် တက်တူးထိုးမယ်ဆိုရင်လည်း သူမအနေနဲ့ Drake ကို တကယ်ချစ်ဖို့လိုနေပါတယ်။

‘သူမရဲ့ခန္ဓာကိုယ်က သူမအတွက် အရာရာအားလုံးဖြစ်ပြီးတော့ သူမရဲ့ခန္ဓာကိုယ်ပေါ်က တက်တူးတိုင်းဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ညွှန်ပြနေပါတယ်’ လို့အတွင်းသိတွေကပြောပါတယ်။

‘သူမရဲ့အဖွားက သူမရဲ့ကမ္ဘာဖြစ်ပြီး သူမရဲ့စံပြပုဂ္ဂိုလ်(အဖွား) ကိုရည်ညွှန်းတဲ့ တက်တူးကို ရင်ဘတ်အောက်မှာ ထိုးထားပါတယ်။ Drake ရဲ့နာမည်ကို ထိုးမယ်ဆိုရင်တော့ ဒါဟာသူက သူမရဲ့နှလုံးသားကို ပိုင်ဆိုင်တယ်လို့ ဆိုလိုတာဖြစ်ပြီး ဒီကိစ္စက လွယ်ကူမှာတော့မဟုတ်ဘူး’ လို့လဲပြောသွားပါတယ်။

Rihanna ဟာသူမရဲ့ခန္ဓာကိုယ်တက်တူးအလှဆင်မှုတွေကို New York မှာရှိတဲ့ Bang Bang Tattoos မှာ ၂၀၀၇ ခုနှစ်ကတည်းက သွားပြီးပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးထိုးတဲ့ တက်တူးကတော့ ညာဘက်လက်ကောက်ဝတ် အတွင်းပိုင်းမှာထိုးတဲ့ အလှဆင် မွမ်းမံထားတဲ့ လက်ဝါးကပ်တိုင်ပုံပါ။

သူမရဲ့အခြားတက်တူးတွေကတော့ ပေါင်မှာထိုးထားတဲ့ သက္ကတဘာသာဆုတောင်းစာ၊ ဘယ်လက်လက်ခလယ်က love စာလုံးတွေဖြစ်ပြီး အဲဒီ့တက်တူးတွေအားလုံးမှာ စိတ်ဝိဥာဉ်ပိုင်းဆိုင်ရာ အဓိပ္ပါယ်တွေရှိတယ်ဆို့ဆိုပါတယ်။

“ကျွန်မရဲ့တက်တူးတွေအကုန်လုံးက စိတ်ဝိဥာဉ်ဆန်ပြီး ဘာသာတရားနဲ့ ပါတ်သတ်တဲ့ ကျွန်မရဲ့ ခံစားမှုကိုဖေါ်ပြပါတယ်။ ကျွန်မမှာအီဂျစ်သိမ်းဌက်ပုံရှိပြီး ဒါဟာဘုရားသခင်ကိုကိုယ်စားပြုပါတယ်” လို့ Rihanna ကအရင်ကပြောဖူးပါတယ်။

Ref:starpulse.com
Myanmar Forward

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...