Facebook တွင် Nearby Friends feature အသစ် အသုံးပြုနိုင်မည်



င်္Facebook အသုံးပြုတွေဟာ မကြာမီမှာ feature အသစ်တစ်ခုကို အသုံးပြုခွင့်ရမယ်လို့ ဆိုပါတယ်။ Nearby Friends လို့ခေါ်တဲ့ Feacebook ရဲ့ feature အသစ်ဟာ မိမိရောက်နေတဲ့ နေရာနဲ့ အနီးပတ်ဝန်းကျင်မှာ မိမိရဲ့ Facebook သူငယ်ချင်းတွေထဲက ဘယ်သူတွေရှိနေလဲဆိုတာ သိနိုင်မှာပါ။

ယခင်ကတည်းက Facebook မှာ အသုံးပြုနိုင်တဲ့ Nearby Places သဘောမျိုး ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် Facebook အသုံးပြုသူတွေဟာ မိမိရောက်ရှိနေတဲ့ နေရာကို Facebook သူငယ်ချင်းတွေကို location-sharing ပြုလုပ်နိုင်မယ့် သဘောဖြစ်ပါတယ်။

Facebook ရဲ့ Nearby Friends ဟာ Apple က ဖန်တီးထားတဲ့ Find My Friends App နဲ့ Foursquare မှာပါဝင်တဲ့ Find Friends feature ကဲ့သို့ပင်ဖြစ်ကြောင်း သိရှိရပါတယ်။

PLANET Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...