ရေသောက်ခြင်းဖြင့် Heart Attack နှလုံးသွေးကြောရုတ်တရက်ပိတ်ခြင်း ကို ကာကွယ်ကြစို့


Photo i-heart-water

American Journal of Epidemiology အမေရိကန်ဂျာနယ်တစ်ခုရဲ့ ဆေးသုတေသနတစ်ခုအရ တစ်နေ့ကို ရေ ၂ ခွက် (သို့မဟုတ်) ပိုနည်းပြီးသောက်တဲ့လူတွေနဲ့ ယှဉ်တဲ့အခါ Heart Attack နှလုံးသွေးကြောရုတ်တရက်ပိတ်ခြင်းဟာ ရေ ၅ခွက် (သို့မဟုတ်)ဒီထက် ပိုပြီးသောက်တဲ့ အမျိုးသားတွေမှာ ၄၆%၊ အမျိုးသမီးတွေမှာ ၅၉ % ပိုပြီးနည်းသွားတာ တွေ့ရပါတယ်။

Heart Attack နှလုံးသွေးကြောရုတ်တရက်ပိတ်ခြင်းဟာ ရိုးရိုးရေအစား လက်ဘက်ရည်၊ အချိုရည် သို့မဟုတ် သစ်သီးအရည် ၂ ခွက် (သို့မဟုတ်) ပိုနည်းပြီးသောက်တဲ့ အမျိုးသမီးတွေမှာ ရေ ၅ခွက် (သို့မဟုတ်)ဒီထက် ပိုပြီးသောက်တဲ့ အမျိုးသမီးတွေထက် ၁၄၇% များနေပါတယ်။

သုတေသနမှာပါတဲ့ လူတွေရဲ့  တခြားနှလုံးအန္တရာယ်ဖြစ်စေမှုတွေကို ထည့်ပြီးတွက်ရင်လည်း ဒီအဖြေပဲ ထွက်ပါတယ်တဲ့။

ဆေးသူတေသနပညာရှင်တွေဟာ အမျိုးသား ၈၂၈၀ ဦး နဲ့ အမျိုးသမီး ၁၂၀၁၇ ဦးရဲ့ နှလုံးရောဂါ အကြောင်းကို လေ့လာခဲ့ကြပါတယ်။ သူတို့ကို ၆ နှစ်ကျော်ကြာ လေ့လာခဲ့ရာမှာ နှလုံးသွေးကြော ရုတ်တရက်ပိတ်ခြင်း စုစုပေါင်း ၂၄၆ ကြိမ် (အမျိုးသား ၁၂၈ ဦး၊ အမျိုးသမီး ၁၁၈ဦး) ရှိခဲ့ပါတယ်။

သုတေသနပညာရှင် Dr. Jacqueline Chan ရဲ့ အဆိုအရ ရေသောက်သုံးတဲ့ ပမာဏနဲ့ နှလုံးသွေးကြော ရုတ်တရက်ပိတ်မှု ဆက်စပ်နေမှုနဲ့ ပါတ်သက်တဲ့ ဆေးသုသေတနတွေမှာ ဒီသုတေသနဟာမှာ ပထမဆုံးပဲ ဖြစ်ပါတယ်။ ရိုးရိုးရေသောက်တဲ့ သူတွေမှာ နှလုံးသွေးကြောရုတ်တရက်ပိတ်ခြင်းဟာ ၅၀%လောက်ကို နည်းသွားနိုင်ပါတယ်။

လူ့ရဲ့ ခန္တာကိုယ်ထဲမှာ ၈၃% ဟာ ရေဖြစ်ပါတယ်။ ဦးဏှောက်နဲ့ ကြွက်သားတွေမှာ ရေ ၇၅% ပါပြီး အရိုးမှာ ၂၂% ရှိပါတယ်။ ကိုယ်ခန္တာအတွင်းထဲ အာဟာရဓာတ်ပို့ခြင်းနဲ့ အညစ်အကြေးစွန့်ခြင်းတွေမှာ ရေက အရေးကြီးပါတယ်။ ကိုယ်ထဲမှာ ရေဓာတ်နည်းသွားတဲ့အခါ သွေးပိုပြီး ပြစ်လာပါတယ်၊ သွေးကြည်ပြန်ရည် ပိုပြီးပြစ်လာပါတယ်။

နှလုံးသွေးကြောရုတ်တရက်ပိတ်ခြင်းက်ု မနက်ခင်းအစောမှာ ပိုပြီး ဖြစ်ပွားတာဟာ အိပ်နေတဲ့အချိန် ကိုယ်ခန္ထာကရေဓာတ်နည်းသွားတဲ့အတွက် မနက်ခင်းစောစောမှာ သွေးပိုပြီးပြစ်စေတဲ့ အကြောင်းကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

ရေသောက်တာနည်းသူတွေဟာ stress hormone cortisol ကော်တီဆောလ် ဓာတ်တွေကို ပိုပြီးထုတ်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် အ၀လွန်ရောဂါကို ပိုပြီးဖြစ်စေတယ်လို့ လည်း ပြောပါ တယ်။ ကော်တီဆောလ်က အဆီတွေကိုစုစေပြီး ကြွက်သားတွေကို နည်းစေပါတယ်။

ရေသောက်ခြင်းဟာ အရမ်းကိုလွယ်ကူတာမို့လို့ လူတိုင်း လိုက်နာသင့်တယ်လို့ ဆိုကြပါတယ်။အနည်းဆုံး အိပ်ယာထ ၂ခွက်၊ နေ့လည်စာ မစားမီ ၁ ခွက်၊ ညနေစာမစားမီ ၁ ခွက်၊ ညအိပ်ယာမ၀င်ခင်၁ ခွက် အနည်း ဆုံးသောက်သင့်ပါတယ်။ ရာသီဥတုက ပူပြင်းရင်တော့ ပိုပြီးသောက်ရပါမယ်။ ကော်ဖီ၊ လက်ဘက်ရည် (သို့မဟုတ်)အချိုရည်တွေထဲမှာပါတဲ့ ရေက မလုံလောက်ပါဘူး။

ရေလုံလောက်စွာသောက်ခြင်းဖြင့် Heart Attack နှလုံးသွေးကြောရုတ်တရက်ပိတ်ခြင်းကို ကာကွယ်နိုင်ကြ ပါစေ။

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...