အကောင့်နှင့် ပက်စ်ဝပ်များ ခိုးယူသည့် (မည့်) IDM_Patch



IDM_Patch ဖြင့် Firefox ဒေတာ များအား အစား ထိုး ၍ အကောင့် များ ခိုးယူ နေကြ သဖြင့် သုံးစွဲခြင်း မပြုရန် လုံခြုံရေး သတိ ပေးချက်

ယခု ရက်ပိုင်း အတွင်း ဖြန့်ဝေ နေသော IDM_Patch သည် Firefo...x ဒေတာ များ အား ကီးလော့ဂျာ ပါသည့် ဒေတာ များ ဖြင့် အစား ထိုးပြီး အကောင့် နှင့် ပက်စ်ဝပ် များ ခိုးယူ နေသော ဒေတာ သူခိုး ဖြစ်ကြောင်း စိစစ် တွေ့ရှိ ရပါ သဖြင့် သုံးစွဲ ခြင်း မပြု ကြရန် လုံခြုံ ရေး သတိပေး ချက် ကို ထပ်မံ ထုတ်ပြန် လိုက် ပါသည်။

၎င်း IDM_Patch ဖိုင် အား Dropbox တွင် တင် ထားပြီး shortlink ပြုလုပ် ၍ ပုံပါ စာများ နှင့် အတူ ဖြန့်ဝေ လျက် ရှိကြောင်း တွေ့ရ ပါ သည်။

၎င်း IDM_Patch ဖိုင်၏ လုပ်ဆောင် ချက်များ အား လေ့လာ ကြည့်သော အခါ

(၁) ပထမ ဆုံး %temp%\tmp\tmp\ ထဲ သို့ ဖိုင် (၆) ဖိုင် ဖြည်ချ ပါသည်။

(၂) ဖိုင်ဖြည်ပြီး လျှင် inv.vbs ဖြင့် run.bat ကို တိတ်တဆိတ် ခေါ်သည်။

(၃) run.bat မှ 1,2,3,4 နံပါတ်စဉ် အတိုင်း ခေါ်၍ run ပါသည်။

(၄) ပထမ ဆုံး 1.temp01.bat ဖြင့် Firefox ကို အတင်း ပိတ်ချ ပစ် လိုက်သည်။

(၅) 2.temp02.exe အား tmp_ အဖြစ် ဖြည်ချ သည်။ ၄င်း တွင် firefox ၏ တခြား မှ *.default ဖိုင်များ ပါဝင် ပါသည်။

(၆) အထူး ခြားဆုံး မှာ helper@savefrom.net.xpi add-on အား ထည့်သွင်း သွားပါသည်။

(၇) ၄င်း Add-on တွင် Firefox တွင် ရိုက်သမျှ အကောင့် နှင့် ပက်စ်ဝပ် များ ခိုးယူ မည့် ကီးလော့ဂျာ ကုတ် များ ပါဝင် ပါသည်။

(၈) 3.temp03.bat ဖြင့် မိမိ စက် ထဲမှာ Firefox ၏ အလုပ်လုပ် နေသော ဒေတာ များ ထားရှိ သည့် (%APPDATA%\Mozilla\Firefox\Profiles\) *.default folder အား ဖျက် လိုက်သည်။

(၉) ၄င်း နေရာ တွင် (၅) မှာ ဖြည်ချ ထားသည့် ဖိုင်များ အား အစား ထိုး ကူးထည့် လိုက်ပြီး Firefox အား ပြန်ဖွင့် ပေးသည်။(၁၀) IDM အား Patch လုပ်ရန် 4.temp04.exe ဖိုင်အား ခေါ်ယူ ပေး သည်။ သို့သော် ၄င်း မှာ Malicious ဖိုင် ဖြစ်နေ သဖြင့် Antivirus များ က တား၍ ဖျက် သည်။

(၁၁) အားလုံး ပြီးသော အခါ ဖြည်ချ ထားသည့် %temp%\tmp ထဲမှ ဖိုင်များ အားလုံး ကို လက်စ ဖျောက် ဖျက်ပစ် လိုက်သည်။

အချုပ် အားဖြင့် မိမိ စက်ထဲမှ Firefox ဒေတာ များ အား ဖျက် ၍ အကောင့် နှင့် ပက်စ်ဝပ် များ ခိုးယူ မည့် SaveFrom.net helper 1.50 ကီးလော့ဂျာ အက်အွန် ပါဝင် သည့် Firefox ဒေတာ များ ဖြင့် အစား ထိုး ထည့်သွား ခြင်း သာ ဖြစ်သည်။ သို့ဖြစ် ၍ Firefox တွင် ရိုက်သမျှ သော အကောင့် နှင့် ပက်စ်ဝပ် များအား အလို အလျှောက် ခိုးယူ သွားနိုင် ပါတော့ သည်။

ယခု ဤစာရေး နေချိန် တွင် နားလည် ကျွမ်းကျင် သူများ မှ SaveFrom.net helper 1.50 တွင် ပါသည့် ကီးလော့ဂျာ မှ ခိုးယူ ထားပြီး သော အကောင့် နှင့် ပက်စ်ဝပ် များ ထားရှိ သည့် အင်တာနက် ပေါ်မှ log ဖိုင် နေရာ အား ရှာဖွေ ၍ အကောင့် နှင့် ပက်စ်ဝပ် များအား သူခိုး လက်မှ သူဝှက်လု ရယူ နေပြီ ဖြစ်သည်။

သို့ဖြစ် ၍ ၄င်း IDM_Patch သုံးစွဲခြင်း မပြုကြ ပါရန် နှင့် သုံးမိ ပါက မိမိ တို့၏ Firefox တွင် Tools > Extension မှာ SaveFrom.net helper 1.50 အား ဖြုတ်ပယ် ထားရန်၊ ၄င်းအား ဖြုတ်ပြီး မှသာ အကောင့် များ ပြန်ဆယ် ယူခြင်း ကို လုပ်ဆောင် ရန်၊ အကယ်၍ ၄င်းအား မဖြုတ် ဘဲ ထား ပါက Firefox တွင် ရိုက်သမျှ သော အကောင့် နှင့် ပက်စ်ဝပ် များသည် သူခိုးများ ၏ log သို့ အလို အလျှောက် ပေးပို့ နေပါ လိမ့်မည်။

၎င်း IDM_Patch ဖိုင်အား ဖြန့်ဝေ ပေးနေသည့် နေရာ များ

(၁) Internet Journalhttps://www.facebook.com/InternetJournal/photos/a.268917586421.182068.267077651421/10152302714676422/?type=1&stream_ref=10

Twitter > https://twitter.com/InternetJournal/status/456162395212115969

သူတို့ ဆိုဒ် တွင် လည်း တင်မည် ထင် ပါသည်။ အထောက်အထား ရှာမတွေ့ သေးပါ ...


(၂) အောင်ကျော်ခိုင် (ပုသိမ်) ရဲ့ Software မြို့တော်

https://www.facebook.com/softwarecity.aungkyaw/photos/a.503615419701090.1073741825.495930940469538/704910309571599/?type=1&stream_ref=10

(၃) Myanmar Forward

https://www.facebook.com/photo.php?fbid=779004082118368&set=a.525906970761415.129382.525889830763129&type=1&stream_ref=10


(၄) Internet for Myanmar

https://www.facebook.com/internetformm/photos/a.431998393566684.1073741828.431987570234433/488328077933715/?type=1&stream_ref=10

မနေ့က တင်ထား ကြတာ ဖြစ်ပြီး အခုထိ လက်လှမ်း မီသမျှ ရှာတွေ့ ထား တာကိုပဲ တင်ပြ လိုက် ပါတယ်။ ကျွန်တော် မတွေ့တဲ့ တခြား နေရာ တွေမှာ လည်း ရှိနေ နိုင်ပါ သေးတယ်။ Credit ပေးထား တဲ့ Mg Nay Min ဆိုတာ ကို ဖေ့ဘွတ်ခ် မှာ ရှာ ရာမှာ (၃) ဦး တွေ့ ရပြီး သူတို့ ဝေါတွေ ပေါ်မှာတော့ အဆိုပါ ပို့စ် ကို မတွေ့ရှိ ရပါ။ ထပ်ဆင့် share ထားကြ တာလည်း တော်တော် များများ တွေ့နေ ရပါ တယ်။ Internet Journal က 198 shares , Software မြို့တော် က 14 shares ယူသွား ကြတာ ကို တွေ့ရ ပါတယ် ...

ဒါ့ကြောင့် မိမိတို့ အကောင့် လုံခြုံရေး ကို ဘယ် ဆော့ဖ်ဝဲလ် ဘယ် နည်းပညာ ကမှ 100% အာမ မခံ နိုင်ဘဲ မိမိ တို့ ဘာသာ ကိုယ်ပိုင် အသိ သတိတွေ နဲ့သာ စောင့်ရှောက် ကြရမှာ ဖြစ်ကြောင်း လေ့လာ တင်ပြ လိုက် ပါတယ် ... ဆက်လက် ပြီးတော့ ၄င်း IDM_Patch အား မိမိ တို့ သူငယ်ချင်း များ ဒေါင်း မသုံးရ သေးခင် အမြန်ဆုံး သိရှိ နိုင်အောင် လက်ဆင့် ကမ်း အသိပေး သင့် ပါတယ် ...

PoleStar Minn Minn Aung - https://www.facebook.com/PoleStarMMA


အကောင့် လုံခြုံရေးအတွက် ဆက်လက် ဖတ်ရှုသင့်သော ဆက်စပ် ပို့စ်

https://www.facebook.com/notes/golden-land-myanmar/အကောင့်-နှင့်-ပက်စ်ဝပ်-များ-ခိုးယူ-သော-bill-stoppe-add-on/492964907495626?stream_ref=10

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...