ဗြိတိသျှကောင်စီမှ IELTS Scholarship များပေးမည်

အတွဲ (၁၅)၊ အမှတ် (၁၄)


ဗြိတိသျှ ကောင်စီမှ မြန်မာနိုင်ငံ ကျောင်း သား၊ ကျောင်းသူများ အား နိုင်ငံတကာ ပညာရေး အတွေ့အကြုံ ပိုမို ရရှိစေရန် ၂၀၁၄ ခုနှစ်မှစ၍ IELTS Scholarship များ နှစ်စဉ် ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားချက် အရ သိရသည်။

အဆိုပါ IELTS Scholarship တွင် အမျိုးအစား နှစ်မျိုးရှိကာ ပထမတစ်မျိုးမှာ မြန်မာနိုင်ငံတွင် နေ ထိုင်သော ကျောင်းသား၊ ကျောင်းသူ နှစ်ဦးအား တစ်ဦးလျှင် စတာလင်ပေါင် ၂၅၀၀ (အမေရိကန် ဒေါ်လာ ၄၁၀၀ခန့်) အထိ ပေးသွားမည်ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ အရှေ့ အာရှတွင်ရှိသော ကျောင်းသား၊ ကျောင်း သူနောက်ထပ် သုံးဦးအား တစ်ဦးလျှင် စတာလင်ပေါင် ၂၅"၀၀၀ (အမေရိကန် ဒေါ်လာ ၄၁ ၀၀၀) စီပေး သွားမည် ဖြစ်ကြောင်းသိရသည်။

Scholarship ရရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ၎င်းင်းတို့တက်မည့် ကျောင်းသို့ တိုက် ရိုက်ငွေကြေး ပေးသွင်း ပေးသွားမည် ဖြစ်ပြီး အရှေ့အာရှ နိုင်ငံများတွင် မြန်မာ၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါရှိကြောင်းသိရသည်။

မြန်မာနိုင်ငံမှ IELTS Scholarship လျှောက်ထားသူများအနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်သူဖြစ်ရ မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင်၂၀၁၄ ပညာသင်နှစ်မှစ၍ဘွဲ့ကြို (undergraduate) နှင့် ဘွဲ့လွန် (Postgraduate) ပညာ သင်ကြားမည့်သူ ဖြစ်ရမည်။ IELTS လက်မှတ်အား ဝင်ခွင့်လိုအပ်ချက် တစ်ခု အနေဖြင့် လက်ခံသော တက္ကသိုလ်တွင် တက်မည့်သူဖြစ်ရမည်။ အနည်းဆုံး IELTS overall band score 6 ရရှိသူဖြစ်ရမည်။ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်မတိုင်မီ မိမိလျှောက်ထားသော တက္ကသိုလ်မှ ၀င်ခွင့် အထောက်အထား (acceptance letter) ကို ပြနိုင်သူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

Scholarship လျှောက်လွှာနှင့် အသေးစိတ် အချက်အလက်များအား ဗြိတိသျှကောင်စီဝက်ဘ်ဆိုက် http://www.britishcouncil.org. mm/ielts-scholarship တွင် download ရယူနိုင်ပြီး ဖြည့်သွင်း ပြီးသော လျှောက်လွှာများကို ၂၀၁၄ ရက်၊ ဇွန်လ ၆ ရက်မတိုင်မီ ပေးပို့ရမည် ဖြစ်သည်။ အခြားသိလိုသည် များကို ဗြိတိသျှကောင်စီ ဝက်ဘ်ဆိုက်နှင့် Myanmar Network တွင် ကြည့်ရှုနိုင်သည်။ ဗြိတိသျှကောင် စီ မြန်မာ၏ စာမေးပွဲဌာန မန်နေဂျာ ဒေါ်အိအိမွန်မှ IELTS စာမေးပွဲအား ဖြေသောသူများ တစ်နှစ်ထက် တစ်နှစ် များပြားလာကြောင်း၊ စာမေးပွဲဖြေသူဦးရေမှာ ယခုနှစ်အတွင်း ၁၀ ရာခိုင်နှုန်း ပိုမိုများ လာကြောင်း ပြောသည်။ စာမေးပွဲဖြေဆိုရန် လိုအပ်သော အကူအညီများ၊ သတင်းအချက်အလက်များကို လည်း ဗြိတိသျှကောင်စီမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းပြော ကြားသွားသည်။

IELTS စာမေးပွဲအား လစဉ် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖြေဆိုနိုင်ပြီး စာမေးပွဲအတွက် လိုအပ်သော စာအုပ်နှင့် ပစ္စည်းများကို ဗြိတိသျှကောင်စီ စာကြည့်တိုက်များတွင် ပြည့်စုံစွာ ရရှိနိုင်သည်။ IELTS စာမေး ပွဲကို ဖြေဆိုလိုသူများ (သို့မဟုတ်) IELTS စာမေးပွဲအား စိတ်ဝင်စားသူများသည် သိလိုသည်များကို www.takeielts.org တွင် ကြည့်ရှုနိုင်ပြီး IELTS စာမေးပွဲဖြေဆိုမည့်သူများနှင့် စာမေးပွဲအား လေ့ကျင့်လိုသူ များ အတွက် အွန်လိုင်းမှ ၁၀ နာရီစာ လေ့ကျင့်ခန်းများအား အခမဲ့ဝင်ရောက် လေ့လာနိုင်သည်။ ထို့အပြင် IELTS ကို ဖြေဆိုရန် စာရင်းသွင်းပြီးပါက နာရီ ၃၀ စာ လေ့ကျင့်ခန်းများအား အခမဲ့ ရရှိမည်။ ပိုမိုလေ့ ကျင့်လိုပါက နာရီ ၁၂၀ လေ့ကျင့်ခန်းများကိုလည်း အွန်လိုင်းမှ ဝယ်ယူ လေ့ကျင့်နိုင်ကြောင်း သိရသည်။

IELTS စာမေးပွဲနှင့် ပတ်သက်၍ သိလိုသည်များကို facebook (သို့မဟုတ်) Myanmar Network တွင် လည်းကောင်း၊ ဗြိတိသျှကောင်စီရုံးများသို့ ဖုန်းဖြင့်လည်းကောင်း၊ မိမိကိုယ်တိုင် လာရောက်၍ လည်းကောင်း မေးမြန်းနိုင်သည်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...