Instagram သုံးသူသန်း ၂၀၀ ကျော်ရှိလာ

အတွဲ (၁၅)၊ အမှတ် (၁၄)


Instagram က၎င်းတို့ဝန်ဆောင်မှုကို အသုံးပြုသူသန်း ၂၀၀ ရှိလာပြီး သုံးစွဲသူဦးရေ ဆက်လက်တိုးတက်နေကြောင်း ထုတ်ဖော်ကြေညာသွားခဲ့သည်။

Facebook ပိုင်ဆိုင်သည့် Instagram ကုမ္ပဏီက ၎င်းတို့၏ သုံးစွဲသူများသည်ဓာတ်ပုံပေါင်း ဘီလီယံ၂၀ ကျော်ကို ဝေမျှနေကြကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့်ခြောက်လခန့်က Instagram တွင်သုံးစွဲသူ သန်း ၁၅၀ ခန့်ရှိခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်ခန့်ကမူ သန်း ၁၀၀ ခန့်သာရှိခဲ့ကြောင်းသိရသည်။ ယခုကိန်းဂဏန်း အချက်အလက်ကို Foursqure မလိုအပ်ဘဲ Instagram ပေါ်တွင် တည်နေရာဝေမျှနိုင်သည့် ဝန်ဆောင်မှုစတင်သည့် အချိန်တွင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Foursquare ဝန်ဆောင်မှုဆိုသည်မှာ ဓာတ်ပုံရိုက်ကူးသည့် အခါတွင်သုံးစွဲသူများ မည်သည့်နေရာတွင် ရှိသည်ကိုသိရှိနိုင်ရန် ကူညီပေးနိုင်သည်။ ထို့ပြင်၎င်းဝန်ဆောင်မှုကို နေရာဒေသများဖော်ပြပေးခြင်းမှ Facebook check-in များတွင်စတင် အစားထိုးအသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။

-စိုးထက်
Ref: CNET
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...