iOS 7.1 နဲ့ run နေတဲ့ iPhone 4 တွေ Geeksn0w tool ကို အသုံးပြုပြီး jailbreak လုပ်နိုင်ပြီ

Geeksn0w ကတော့ tethered jailbreak tool တခုဖြစ်ပါတယ်... အခုထွက်လာတဲ နောက်ဆုံး Geeksn0w 2.8 version က iOS 7.1 နဲ့ run ထားတဲ့ iPhone 4 devices တွေကိုသာ support လုပ်ပါတယ်....


 
iPhone 4 ကို Jailbreak လုပ်ဖို့အတွက် ကွန်ပြူတာထဲမှာ လိုအပ်တဲ့ အရာတွေက...

ကဲ... ဒါဆိုရင် စလိုက်ရအောင်ဗျာ...

Step 1 - Geeksnow 2.8 ကို ဒေါင်းလုပ်ပါ... (Chick here to download geeksn0w 2.8.1)

Step 2 - JDK (Java Development Kit) ကို install လုပ်ပါ... မရှိသေးရင် ဒီနေရာမှာ ဒေါင်းယူလိုက်ပါ... အဲဒီနောက် အပေါ်မှာ ဒေါင်းလုပ်ထားတဲ့ geeksn0w .exe ပေါ်မှာ right click နှိပ်ပြီး administrator right နဲ့ run လိုက်ပါ...

Step 3 - USB cable ကို အသုံးပြုပြီး iPhone 4 ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ... ဖုန်ုးကို DFU mode ထဲ ၀င်ပါ... ၀င်နည်းမသိရင် အောက်က ဗွီဒီယို မှာ ကြည့်ပါ...


Step 4 - GeekSn0w ပေါ်က "Jailbreak" button ကို နှိပ်ပါ... မိမိရဲ့ phone model ကို ရွေးပါ...  (GSM, GSM Revision A or CDMA)



Step 5 - ရွေးပြီးရင် ဖုန်းကို DFU Mode ၀င်ခိုင်းပါလိမ့်မယ် ထပ်ဝင်ပါ... ဖုန်း reboot လုပ်ပါလိမ့်မယ်...

Step 6 - အဲဒီနောက် geeksn0w tool ဟာ ၂ မိနစ်အတွင်းမှာ auto-boot လုပ်ပါမယ်... ပြီးရင် jailbreak process ကို ဆက်သွားပါလိမ့်မယ်... Process ပြီးသွားရင် DFU Mode ကို တတိယအကြိမ် ထပ်ပြီး ၀င်ရပါမယ်... ၀င်ပါ... ဖုန်းဟာ နောက်ဆုံး reboot လုပ်တာ ပြီးသွားရင်တော့ မိမိရဲ့ iPhone 4 ဟာ jailbreak ဖြစ်သွားပါပြီ... Cydia ကနေ apps တွေကို စိတ်ကြိုက်ရယူနိုင်ပါပြီ...း-)

Geeksn0w tool ကို အသုံးပြုပြီး iPhone 4 ကို jailbreak လုပ်တာကို အောက်က ဗွီဒီယိုဖိုင်လ်မှာ လည်း လေ့လာနိုင်ပါတယ်.... 


 Ref: Geeksn0w/ evasion7

Good Luck... Ko Myo
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...