မိခင်နို့က ကလေးများရဲ့ IQ ကိုပိုမြင့်စေနိုင်


Health Updates Journal No. 111

မခင်နို့သောက်သုံးရတဲ့ ကလေးငယ်တွေဟာ ဉာဏ်ရည်ဆိုင်ရာ အညွှန်းကိန်းတစ်မျိုးဖြစ်တဲ့ IQ intelligence quotient ဆိုင်ရာ ဆန်းစစ်မှုတွေမှာ ပိုမိုမြင့်မားတဲ့ အမှတ်တွေရှိကြောင်း လေ့လာမှု တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒီလေ့လာမှုကို Brigham Young University က လူမူသိပ္ပံပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
မိခင်နို့ တိုက်ကျွေးခြင်းဟာ မိမိရင်သွေးငယ်ရဲ့ အသက်ကိုးလအရွယ်မှစတင်ပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှုနဲ့က စာဖတ်စွမ်းရည်တွေကို ပိုမိုမြင့်မားစေတယ်လို့ လေ့လာမှု ခေါင်းဆောင် Ben Gibbs က ပြောကြားထားပါတယ်။ လေ့လာမှုမှာ မိခင်နို့သောက်သုံးခဲ့ရတဲ့ ကလေးငယ်တွေဟာ အသက်လေးနှစ် အရွယ်မှာ ရှိရမယ့် သင်္ချာနဲ့ စာဖတ်စွမ်းရည်တွေနဲ့ သက်ဆိုင်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေကိုနို့ဘူးစို့ခဲ့ရတဲ့ ကလေးငယ်တွေ ထက် လေးလခန့်ပိုပြီး စောစောပိုင်ဆိုင်နိုင်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သုတေသီတွေဟာ အခုလို ရလဒ်ကိုတွေ့ရှိဖို့ မွေးကင်းစ ကလေးများမှ အသက်ငါးနှစ်အရွယ်တွင်းရှိ ကလေးများကို ပိုင်ဆိုင်တဲ့မိခင် ၇၅၀၀ကျော်ကို သုတေသနပြုခဲ့ကြပါတယ်။ အိမ်တွင်းရိုက်ကူးထားတဲ့ ကလေးငယ်တွေရဲ့ စာဖတ်စွမ်းရည်ပြဗီဒီယိုများ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ မေးခွန်းများ သင်္ချာတွက်ချက်မှု များကို လည်း အသုံးပြုခဲ့ပါတယ်။

Wayne State ဆေးတက္က သိုလ်မှ သုတေသီSandru Jacobson က မိခင်နို့ကို ခြောက်လ အထက် သောက်သုံးခဲ့ရတဲ့ ကလေးငယ်များဟာ ဉာဏ်ရည်မြင့်မားတဲ့ အပြင်မိခင်များနဲ့ ထိတွေ့မှုပိုများတဲ့ အတွက် လူမှုဆက်ဆံရေးမှာလည်း ပိုမိုမြင့်မားတဲ့စွမ်းဆောင်ရည်ရှိကြောင်း ပြောကြားထားပါတယ်။

ဒီလေ့လာမှုကို The Journal of Pediatrics မှာဖော်ပြထားပါတယ်။

သက်ကို
ref: PTI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...