Katy Perry နဲ့ Robert Pattinson ချစ်သူတွေ ဖြစ်နေပြီလား

Katy Perry နဲ့ Robert Pattinson တို့နှစ်ယောက် အတူတွဲနေရပါများလို့ သူငယ်ချင်း အဖြစ်ကနေ ချစ်သူတွေ ဖြစ်နေကြပြီဆိုတဲ့ ကောလဟလ သတင်းတွေ ထွက်ရျိလာပါတယ်။



နာမည်ကျော်တွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးကို ကယ်လီဖိုးနီးယားမှာ ကျင်းပနေတဲ့ Coachella Valley Music and Arts Festival မှာ အချိန်ဖြုန်း နေကြသူများ လို့တောင် ပြောစမှတ်တွင်နေပါတယ်။ သူတို့နှစ်ယောက်စလုံးကလည်း ချစ်သူကိုယ်စီနဲ့ မကြာခင်ကမှ ပြတ်သွားခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးရဲ့ မိတ်ဆွေတွေကတော့ သူတို့ဟာ သူငယ်ချင်း ဖြစ်တဲ့အတွက် အတူရှိနေကြတာပါလို့ ပြောပါတယ်။

သတင်းအရင်းအမြစ် တစ်ခုကတော့ အခလို ဆိုပါတယ်။ သူတို့စုံတွဲဟာ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက သိနေခဲ့ကြပြီး တစ်ယောက်စီက သူတို့ရဲ့ ချစ်သူတွေနဲ့ ပြတ်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်တဲ့အထိ နေနေကြ တယ်လို့ ပြောပါတယ်။

Katy Perry ရဲ့ ချစ်သူဟောင်း John [Mayer] က ပြန်ဆက်ဖို့ ကြိုးစားပေမယ့် Katy ကတော့ ပြန်မသွားခဲ့ပါဘူး။ ထို့အတူပဲ Kristen ကလည်း Twilight ရဲ့ နာမည်ကျော် စတား Robert Pattinson ကို မျှော်လင့်နေဆဲ ဖြစ်ပေမယ့် မင်းသားကတော့ ခပ်ကင်းကင်းနေခဲ့ပါတယ်။

အချို့ကတော့ Katy နဲ့ Rob ဟာ အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အလွန်ဂရုစိုက်ကြတယ်။ ဒါကြောင့် သူတို့နှစ်ဦးကို အမြဲ အတူတူ မြင်ချင်ကြတယ်။ နီးစပ်စေချင်တယ်။ ဒါဟာ သူတို့အတွက်လည်း အကောင်းဆုံး ဖြစ်မယ်လို့ ထင်ကြောင်း ပြောခဲ့ပါတယ်။

world-myanmar.com
ref: lollipop

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...