LG G Flex

အတွဲ (၁၅)၊ အမှတ် (၁၄)


Technology

ဖုန်းအသုံးပြုသူတွေအတွက် ဆန်းသစ်တဲ့ထိတွေ့မှုတွေနဲ့ မတူညီတဲ့ ခံစားချက်တွေကိုပေးမယ့် LG ရဲ့ နည်းပညာသစ် ဖုန်းအမျိုးအစားတစ်ခုပါ။ ထူးခြားချက်ကတော့ G Flex ဟာကွေးနိုင်ဆန့်နိုင်တဲ့ ဖုန်းဘော်ဒီ ဖွဲ့စည်းမှု နည်းပညာနဲ့ ကွေးနိုင်ဆန့်နိုင်ပြီး အလွယ်တကူကွဲရှ ပွန်းပဲ့ခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့ Screen နည်းပညာအသစ်တွေကို ဒီဖုန်းမှာ စတင်အသုံးပြုထားတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ G Flex ဟာ Screen မျက်နှာပြင်အခွက်ကို ကြမ်းပြင်ပေါ်မှာ မှောက်ထားပြီး ကျောဘက်အခုံးဘက်ကနေ ဖိချမယ်ဆိုရင်တောင် ဖုန်းကကွဲသွားတာမျိုး မဖြစ်ဘဲအကွေးက ဆန့်သွားတာမျိုးကို မြင်တွေ့ ခံစားကြရ မှာ ဖြစ်တဲ့အပြင်ပြန်လွှတ်လိုက်တဲ့ အချိန်မှာလည်း နဂိုပုံစံအတိုင်း ပြန်ကွေးသွားတာကို မြင်တွေ့ကြရမှာ ပါ။ ကျောဘက်အခုံးဘက်ကနေ ဖိမယ်ဆိုရင်တော့အလေးချိန် 32kg ထိဖိအားကို ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။ AMOLED, Super AMOLED အစရှိတဲ့ Screen တွေကိုအသုံးပြုနေချိန်မှာပဲ LG ဟာနည်းပညာ သစ်တစ်ခုဖြစ်တဲ့ Plastic OLED လို့ခေါ်တဲ့ ကွေးနိုင်ဆန့်နိုင်တဲ့ P-OLED Screen နည်းပညာကို အသုံးပြုလာတာကို မြင်တွေ့ရမှာဖြစ်တဲ့အပြင် ဖုန်းပေါ်မှာပွန်းရှခြင်းတွေကို အလွယ်တကူပဲ အလို အလျောက် ပြန်လည်ပျောက်သွား စေနိုင်တဲ့နည်းပညာ တစ်ခုဖြစ်တဲ့ Self-healing back panel coating ဆိုတဲ့နည်းပညာ သစ်တစ်ခုကိုလည်း ဒီဖုန်းမှာအသုံးပြု ထားတာကိုမြင်တွေ့ ရမှာဖြစ်ပါတယ်။ ဒါကတော့ ဖုန်းကိုစတင်မြင်တွေ့ အသုံးပြုချိန်မှာ ခံစားရမယ့် နည်းပညာသစ်များပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ လက်ရှိ အကြမ်းဖျင်းဈေး ၇၈၀,၀၀၀ ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Network

GSM 2G, 3G ကွန်ရက်နှစ်မျိုးမှာ အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် 4G LTE စနစ်လည်း ပါဝင်မယ်လို့ဆိုပါတယ်။

CPU & GPU

Quad-core 2.26 GHz Krait 400 CPU ရဲ့ မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ဖုန်းကိုအသုံးပြုချိန် မှာ ချောမွေ့မြန်ဆန်မတဲ့ တုံ့ပြန်မှုတွေကို ခံစားရနိုင်မှာ ဖြစ်တဲ့အပြင် Adreno 330GPU ရဲ့ဂရပ်ဖစ်ထောက် ပံ့မှုနဲ့ 720x1280 Pixel ရှိတဲ့ POLED Screen ရဲ့ထောက်ပံ့မှုတွေကြောင့် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက် စနစ် ပိုင်းကိုလည်းခံစားနိုင်မှာ ဖြစ်ပါတယ်။

Sensor & Chipset

Accelerometer, Barometer, Gesture sensor, Gyroscope, Hall effect sensor, Hygrometer, Magnetometer, Proximity sensor, RGB light sensor, Thermometer အစရှိတဲ့ Sensor စနစ်တွေ အများအပြား ပါဝင်နေတဲ့အတွက် ဖုန်းအသုံးပြုသူအနေနဲ့ Sensor စနစ်တွေနဲ့ တွဲဖက်ထားတဲ့ Function စနစ်အသစ်တွေကိုလည်း မြင်တွေ့ကြရမှာပါ။ Chipset ကတော့ Qualcomm MSM8974 Snapdragon 800 Chipset ကိုအသုံးပြုထားတာ ဖြစ်ပါတယ်။

OS

Android OS Version 4.2.2 Jelly Bean ကိုအသုံးပြုထားတာ ဖြစ်တဲ့အတွက် Version 4.4 တွေထွက်နေ ချိန်မှာ နည်းပညာမြင့် ဖုန်းတစ်လုံးအနေနဲ့ ဆိုရင်တော့ OS Version ကနိမ့်နေတယ်လို့ ခံစားရပါတယ်။

Camera

13 Megapixel ရှိတဲ့ကင်မရာကို တပ်ဆင်အသုံးပြုထားတာဖြစ်ပြီး ကင်မရာစနစ်တွေ အနေနဲ့တော့ autofocus, LED flash, Simultaneous video and image recording, geotagging, face detection, panorama, HDR, Video, HDR, video stabilization အစရှိတဲ့စနစ်တွေပါဝင်ပြီး 2.1 Mega Pixel ရှိတဲ့ရှေ့ကင်မရာ စနစ်ပါဝင်ပါတယ်။

Screen

Screen အရွယ်အစားကတော့ ၆.၀ လက်မရှိတဲ့အတွက် ကြီးမားတယ်လို့ ထင်ရပေမယ့် Screen ကွေး ထားတဲ့ နည်းပညာကြောင့် ဖုန်းဟာအရမ်းကြီးမားနေသလို ခံစားရစေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကွေးနေ တဲ့ Screen ကြောင့် အသုံးပြုသူတွေအနေနဲ့ ဖုန်းကိုထိတွေ့တဲ့နေရာမှာ ဆန်းသစ်တဲ့ထိတွေ့မှု ဖြစ်နေ မှာဖြစ်ပြီး ပုံမှန်သုံးနေကျ Screen အပြန့်တွေနဲ့ မတူညီတဲ့ ကိုင်တွယ်ထိန်းသိမ်းမှုမျိုးတော့ ရှိနေမှာဖြစ်ပါ တယ်။

Memory

Internal Memory 32GB ပါဝင်ပြီး 2GB RAM ပါဝင်ပါတယ်။ Memory Card ထပ်မစိုက်နိုင်ပေမယ့် ဖုန်းမှာ ပါဝင်တဲ့ မှတ်ဉာဏ်ဟာလုံ လောက်မြင့်မားတဲ့ မှတ်ဉာဏ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

Dimension & Weight

ဖုန်းရဲ့အရွယ်အစားကတော့ အမြင့်က 16.05 စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်ကတော့ 8.16 စင်တီမီတာရှိပါတယ်။ ဖုန်းရဲ့အထူကတော့ 0.87 စင်တီမီတာရှိပါတယ်။ တော်တော်လေး ပါးလွှာတယ်လို့ ဆိုရမယ့်ဖုန်းပါပဲ။

-ကိုသက်
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...