ဗြိတိန်ရဲ့ နာမည်အရှည်လျားဆုံးရွာမှာ ဆေးလိပ်သောက်ခွင့်ပိတ်ပင်



Llanfairpwllgwyngyllgogerychwyrndrobwllllantysiliogogogoch ဆိုတဲ့ ဗြိတိန်နိုင်ငံက ရွာဟာ ပထမဆုံး ဆေးလိပ်သောက်ခွင့်ပိတ်ပင်တဲ့ ရွာဖြစ်လာပါတယ်။

ဗြိတိန်ရဲ့ နာမည်အရှည်လျားဆုံးနေရာနာမည်လည်း ဖြစ်တဲ့ ဒီရွာဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေ ရာတွေ မှာ ဆေးလိပ်သောက်ခွင့်ကို ပိတ်ပင်လိုက်တဲ့ ဗြိတိန်ရဲ့ ပထမဆုံးရွာလည်းဖြစ်ပါတယ်။

ရွာနာမည်က လျှာခလုတ်တိုက်လဲစေလောက်တဲ့ ရွာဟာ ဝေးလ်နိုင်ငံ မြောက်ပိုင်းမှာ တည်ရှိတာဖြစ်ပါ တယ်။ အရက်ဆိုင်နဲ့ စတိုးဆိုင်၊ဈေးဆိုင်ရှေ့ တွေအပါအ၀င် အများပြည်သူနေရာတိုင်းမှာ ရွာသားတွေ ဆေး လိပ်မသောက်ဖို့ တားမြစ်ချက်ထုတ်ပြန်လိုက်ပါပြီ။ သတိပေးဆိုင်းဘုတ်တွေကိုလည်း ရွာရဲ့ နေရာအနှံ့  အပြားမှာ ကပ်ထားမယ်လို့ ဆိုပါတယ်။

ဆေးလိပ်သောက်သုံးခြင်းနဲ့ ကျန်းမာရေးဆိုတဲ့ အသိပညာပေးအစီအစဉ်မှာ ဝေးလ်နိုင်ငံကလည်း ပါဝင် လုပ်ဆောင်နေတာပါ။

Llanfairpwllgwyngyllgogerychwyrndrobwllllantysiliogogogoch ဆိုတဲ့ ရွာနာမည်ရဲ့ အဓိပ္ပါယ် ကတော့ ချာလပတ်လည်နေတဲ့ ရေ၀ဲနားမှာရှိတဲ့ ဟေဇယ်ပင်ပုအုပ်အတွင်းက စိန့် မေရီဘုရားကျောင်း နဲ့ လှိုဏ်ဂူနီနားက စိန့် တိုင်စီလီယို ဘုရားကျောင်းလို့  ဝေးလ်စ်ဘာသာစကားနဲ့ ဆိုလိုတာဖြစ်ပါတယ်။

Ref: Mirror.co.uk,wikipedia
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...