ဓာတ်ပုံရိုက်ကွင်းမှာ ဒေါ်လာ ၂၅၀၀ တန် ဘရာစီယာ အခိုးခံခဲ့ရတဲ့ Madonna

  Jack the Ripper on 2014-04-05 13:14

ပြီးခဲ့တဲ့အပါတ် New York မှာလုပ်တဲ့ ဓာတ်ပုံရိုက်ကူးမှုတစ်ခုမှာ Madonna ရဲ့တန်ဖိုးကြီးအတွင်းခံ ပစ္စည်းတစ်ခုပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ New York ရဲဌာနနဲ့ ဒီဇိုင်နာတစ်ရောက်ရဲ့ပြောရေးဆိုခွင့်ရှိသူ ကပြောပါတယ်။

ပေါ့ပ်ဂီတဘုရင်မဟာ သူမရဲ့ sexy အောက်ခံအ၀တ်အစားတွေနဲ့ L’uomo Vogue (Vogue မဂ္ဂဇင်းရဲ့ အီတလီ version) အတွက်ဓာတ်ပုံအရိုက်ခံခဲ့တာဖြစ်ပြီး ဒီဇိုင်နာ Deborah Marquit ရဲ့အဖွဲ့ဝင် တစ်ယောက်က အီတလီပိုးထည်နဲ့လုပ်တဲ့ ဒေါ်လာ ၂၅၄၅ တန် ဘရာဇီယာ၊ ၃၄၅ ဒေါ်လာ တန်အတွင်းခံဘောင်းဘီ နဲ့ ၅၁၅ ဒေါ်လာတန်အတွင်းခံအတိုအ၀တ်အစားတွေကို မတ်လ ၂၀ ရက်နေ့ညနေ ၄ နာရီကထိုင်ခုံတစ်ခုံရဲ့အောက်မှာသိမ်းဆည်းထားခဲ့တယ်လို့ ရဲကပြောပါတယ်။

ညသန်းခေါင်ကျော်ဓာတ်ပုံရိုက်ကူးမှုအပြီးမှာတော့ အဲဒီ့အဖွဲ့ကအလုပ်သမားတစ်ယာက်က အဲဒီ့ အတွင်းခံတွေထည့်ထားတဲ့အိတ်ပျောက်ဆုံးသွားတာကို စတင်သတိထားမိကြောင်း ရဲကပြောပါတယ်။

“ဒါဟာ L’uomo မဂ္ဂဇင်းအတွက် Madonna ရဲ့ဓာတ်ပုံရိုက်ကူးမှုဖြစ်ပါလိမ့်မယ်။ တစ်ယောက်ယောက်က အဲဒီ့အတွင်းခံပစ္စည်းအိပ်ကိုရှာတွေ့ရင်ကောင်းပါလိမ့်မယ်။ Deborah ကသူမရဲ့ ပစ္စည်းတွေပြန်ရချင်မှာပါ” လို့ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူက email ထဲမှာရေးခဲ့ပါတယ်။

Madonna ဟာအဲဒီ့ရိုက်ကူးမှုက ဓာတ်ပုံတွေကိုသူမရဲ့ Instagram account မှာတင်ခဲ့ပါတယ်။

Ref:dnainfo.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...