မလေးရှားရှိ မြန်မာလုပ်သားတို့ အိမ်ပြန်နိုင်ရေး MAI အခမဲ့ ပြေးဆွဲသွားဦးမည်


photo:google

ငွေကြေးမတတ်နိုင်သော မလေးရှားရောက် မြန်မာလုပ်သားများအတွက် အခမဲ့ စင်းလုံးငှား လေယာဉ်ပြေး ဆွဲပေးမှုကို အကြိမ်ရေ အကန့် အသတ်မရှိ ဆောင် ရွက်ပေး သွားမည်ဟု အပြည်ပြည်ဆိုင်ရာ မြန် မာ့လေကြောင်း (MAI) မှ ဈေးကွက်နှင့်လူမှုဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမ ရသာက ပြောသည်။ အဆိုပါ အခမဲ့စင်း လုံးငှားေ လ ယာဉ် ပြေးဆွဲ မှုခရီးစဉ်ကိုအပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) နှင့် ကမ္ဘောဇဘဏ်လီမိတက်တို့မှ လှူဒါန်း ပေးလျက်ရှိပြီး ယခုနှစ်အတွင်း နှစ်ခေါက်ပြေးဆွဲ ပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

”ဟိုဘက်က လေယာဉ်တစ်စင်းစာ ပြည့် တာနဲ့ သွားခေါ်ဖို့ အဆင်သင့်ပါပဲ” ဟု ၎င်းက ပြောသည်။ ၎င်းတို့အနေဖြင့် အဆိုပါအခမဲ့စင်းလုံးပြည့် ခရီးစဉ်ကို ၂ဝ၁၃ ခုနှစ် ဇွန်လမှစတင်၍ ငွေကြေးမ တတ်နိုင်သော မလေးရောက် မြန်မာလုပ်သားများအတွက် ပြေးဆွဲလှူဒါန်းပေးလျက်ရှိရာ ၂ဝ၁၃ ခုနှစ်တွင် ရှစ်ကြိမ်နှင့် ၂ဝ၁၄ ခုနှစ်တွင် နှစ်ကြိမ် စုစုပေါင်းဆယ်ကြိမ် ပြေးဆွဲပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယင်းသို့ ခေါ်ဆောင်ရာတွင် အခမဲ့စင်းလုံး ငှားလေယာဉ်တစ်ခေါက်လျှင် လူ ၁၇ဝ နီးပါး သယ်ဆောင်ပေး လျက်ရှိပြီး အခမဲ့လေယာဉ် တစ်ခေါက်စာအတွက် အမေရိကန်ဒေါ်လာ ၅ဝဝဝဝ ဝန်းကျင်ခန့် ကုန်ကျကြောင်း သိရသည်။

အိမ်စည်စိုးစံ၊ မြတ်စုငြိမ်း
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...