ရင်သားကင်ဆာဖြစ်နိုင်ချေပိုများသောအမျိုးသမီးများ ရင်သားဓာတ် မှန် (Mammogram) နှစ်စဉ် ရိုက်သင့်


Health Updates Journal No. 112

လေ့လာမှုအသစ်တစ်ခုအရ ရင်သားစစ်ဆေးမှုအား ရင်သားကင်ဆာဖြစ်နိုင်ချေရှိသူများ တွင် နှစ်စဉ်မှန်မှန်ပြုလုပ်ခြင်းက ပို၍ အကျိုးသက်ရောက်မှုများပြီး အသက်ဆုံးရှုံးမှုများမှ ကယ်တင်နိုင်ကြောင်း အကြံပြုခဲ့သည်။ Machester University and Queen Mary University မှ လေ့လာသူများက အမျိုးသမီး ၅၃၄၆၇ ဦးအား ၂၀၀၉ မှ ၂၀၁၃ ခုနှစ်အတွင်း ရင်သား ကင်ဆာဖြစ်နိုင်ချေရှိသူ ဟုတ်မဟုတ် သိရရန် မိသားစုရာဇ၀င်၊ ဘ၀နေထိုင်မှုပုံစံ၊ ဗီဇ(gene)များနှင့် Mammogram မှ တစ်သျှူးတို့အား စစ်ဆေးခဲ့ ကြသည်။ ထိုအခါ အမျိုးသမီး ၅၃၄၆၇ဦးတွင် ရင်သားကင်ဆာ ဖြစ်နိုင်ချေရှိသူ ၁၄၅၉၃ ဦးရှိကြောင်း တွေ့ ရပြီး ယင်းဖြစ်နိုင်ချေရှိသူများမှာ နောက် ၁၀နှစ်အတွင်း ရင်သားကင်ဆာဖြစ်နိုင်သည့်နှုန်း ၃.၇ ရာခိုင်နှုန်းပိုများကြောင်း သိရသည်။ ယခုလက်ရှိ၌ အသက် ၅၀ မှ ၇၀ ကြားအမျိုးသမီးများအား ရင်သားဓာတ်မှန် Mammogram အား သုံးနှစ်တစ်ကြိမ် ရိုက်ရန် ခွင့်ပြုထားပြီး လေ့လာသူပါမောက္ခ Gareth Evans ကတော့ ရင်သားဓာတ်မှန်အား ရင်သားကင်ဆာ ဖြစ်နိုင်ချေ နောက် ၁၀နှစ်အတွင်း ၈% ပိုများသူတွင် နှစ်စဉ် ရိုက်သင့်သည်ဟု အကြံပြုခဲ့သည်။ ယင်းကဲ့သို့ ရိုက်ခြင်းအားဖြင့် ရောဂါအား ကြိုတင်ကာကွယ်နိုင်ရုံသာမ က ရောဂါ နောက်ဆက်တွဲအတွက် ကုန်ကျမည့် နိုင်ငံတော်ဘဏ္ဍာငွေကိုပါ သက် သာစေကြောင်း ပြောကြားခဲ့သည်။ ပါ မောက္ခ Evas ကအမျိုးသမီးများအနေဖြင့် လေ့ကျင့်ခန်းလုပ်ခြင်း ကိုယ်အလေးချိန်ကျအောင်လုပ်ခြင်း၊ အရက်သောက်သုံးမှုအား လျော့ချခြင်း၊ ကင်ဆာဖြစ်ပွားနိုင်သည် တို့အား ရှောင်ကြဉ်သင့်ကြောင်း အကြံ ပြုခဲ့သည်။

မိုင်ကိ
ref:Netdoctor.co.uk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...