လူလတ်တန်းစားမိသားစုဘ၀ မှ ဘ၀စုံဖြတ်သန်းကာ ထိပ်ဆုံးသို့ ရောက်ရှိလာသော “ Martha Stewart (ခေါ်) အမေရိကန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်စာဖိုမှူး ” တစ်ယောက် အကြောင်း (အပိုင်း ၁ )



(ကိုယ်ရေးအထ္ထုပ္ပတ္တိ)
Martha Stewart (မာသာစတီးဝါ့) ကို ၁၉၄၁ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့ တွင် အမေရိ ကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ ငယ်နံမည် Martha Helen Kostyra ၊ ပိုလန်နွယ်ဝင် ဖခင် Edward Kostyra နှင့် မိခင် Martha Kostyra တို့ ရဲ့  မွေးချင်း ၆ ဦးအ နက်၊ ဒုတိယမြောက်သမီးဖြစ်ပါ တယ်။ လူလတ်တန်းစားမိသားစုဖြစ်သော သူမ၏ ဖခင်ဟာ ဥယျာဉ်စိုက်ပျိုးရေးကျွမ်းကျင်သူဖြစ်ပြီး၊ မိခင်ဖြစ်သူမှာလဲ အိမ်မှုကိစ္စဗာရီရများအပြင်၊ ကလေး အ၀တ် အစား ချုပ်လုပ်ခြင်းဖြင့် အပိုဝင်ငွေရှာ စုဆောင်းရပါတယ်။ မိဘနှစ်ပါးဟာ မအားလပ် တဲ့ကြားကပင်၊ မာသာ တို့ မောင်နှမတစ်စုကို အလုပ်ကြိုး စားလုပ်ဖို့  နှင့် စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်မှုအတွက် အချိန်ရရင်ရသလို အမြဲသွန်သင် ဆုံးမလေ့ရှိ ပါတယ်တဲ့။ သူမရဲ့ အေ မကတော့ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလမှာ ကွယ်လွန်ခဲ့ပါပြီ။

သူမ ၁၀ နှစ်အရွယ်မှာ အိမ်နီးချင်း ကလေးများကိုအချိန်ပိုင်းထိန်းကျောင်းသော အလုပ်ဖြင့် အပို ၀င်ငွေရှာခဲ့ပါတယ်တဲ့။ မာသာ ရဲ့ ဖခင် ဟာ အလုပ်လောဘကြီးသူဖြစ်သည့်အလျောက်၊ သူ တို့ ခြံဟာ အကျယ်ကြီးမို့ ၊ ပန်းမာလ်ပင်များ၊ သစ်သီးဝလံ ပင်များ၊ ဘယ်ရီသီးပင်များတို့ ကို စုံလင်စွာစိုက်ပျိုးထားပါ တယ်။ သူမအားလပ်ချိန်များတွင် ဖခင်နဲ့ အတူ အိမ်ရဲ့ ပန်းဥယျာဉ်ခြံကြီး ထဲမှာ စိုက်ပျိုးနည်းပညာများကို ၀ိုင်းကူလုပ်ရင်း သင်ယူလေ့ရှိပါတယ်တဲ့။ သမီးကြီးဖြစ်သူ မာသာ ဟာ မိခင်ထံမှ အချက်အပြုတ်၊ အချုပ်အလုပ် တို့ ကို သင်ယူခဲ့ရပြီး၊ မိခင် နှင့်အတူ ၀ိုင်း ကူညီ ချက်ပြုတ်ပေးရလို့ သူမအလယ်တန်းကျောင်း သူဘ၀ အရွယ် ကတည်းကပင် တော်တော်လေး ဟင်းချက်တတ်နေပါပြီ။ ခရစ်စမတ်ပွဲတော်များတွင် သူမတို့ သားအမိပြုလုပ်တဲ့ ကွတ်ကီးစ်ဟာ ပြောစမှတ်ဖြစ်အောင် အလွန်အရသာရှိပါတယ်တဲ့။ မာသာ တို့ မောင်နှမတစ်စု ဟာ နယူးယော့ခ်ရှိ အဘိုးအဘွားများထံမှာ နွေရာသီကျောင်းပိတ်ရက်များ ကို ပျော်ရွှင်စွာကုန် ဆုံးလေ့ရှိ ပါတယ်။ ဘိုးဘွား များကလဲ သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်များ စည်သွပ်ဗူး လုပ်နည်းကို သင်ကြားပေးပါတယ်တဲ့ ။ ဒါ့အပြင် သူမရဲ့ အိမ်နီးချင်းမိတ်ဆွေ မုန့် လုပ်သော စား ဖိုမှူးကလည်း pie မုန့် နှင့် ကိတ်မုန့် ဖုတ်နည်း ပညာတို့ ကို သင်ပေးခဲ့တယ်လို့ ဆိုပါ တယ်။ အမိအဖ နှစ်ဖက်ဆွေမျိုးများဖြင့် မိသားစုအသိုက်အမြုံ ကြီးမားလို့ ၊ သူမတို့ အိမ်မှာ မိတ်ဆွေ အပေါင်းအသင်းဧည့်သည်များဖြင့် အမြဲကျွက်ကျွက်ညံ နေတတ်သလို၊ ဧည့်သည်များကို အချက် အပြုတ်/ မုန့်ဖုတ်ခြင်း စသည်ဖြင့် ဧည့်ခံလေ့ ရှိကြပါတယ်။ ယခုလို အမိ၊အဖ၊ဘိုးဘွား များ ထံမှ အမှတ်မထင် သင်ယူခဲ့တဲ့ နည်းပညာစုံများ ဟာ သူမဘ၀ရဲ့  အောင်မြင်မှုပန်းတိုင်အစ လို့ ဆိုရ မှာပေါ့ရှင်။

(ပညာရပ်ဆိုင်ရာဆည်းပူးမှု)
သူမ သည် နယူးဂျာစီ ရဲ့  Nutley မှာ ကျောင်းနေခဲ့ပြီး၊ စာဖတ်ဝါသနာထုံတဲ့ မာသာ ဟာ ကျောင်း မှာ လဲ အတော်ဆုံး ကျောင်းသူ တစ်ဦးဖြစ်ခဲ့ပါတယ်။ သင်ရိုးညွှန်းထဲတွင်မ ပါသော လက်တွေ့ ဖွံ့ ဖြိုးရေးလုပ်ငန်း များမှာ စိတ်ပါဝင်စားစွာ လှုပ်ရှားခဲ့သလို၊ ကျောင်းသားေ ရးရာ သတင်းစာ/အနုပညာကလပ် နဲ့  အခြား အခြားသော ကျောင်းဘက်စုံကလပ်တွေမှာလဲ အားတက်သရော ပါဝင်ခဲ့ပါတယ်။ အထက်ကျောင်းကိုတော့ ၁၉၅၀ တွင် နယူးယော့ခ် မှာပြော င်းတက်ခဲ့ပါတယ်။ ဒီအချိန်မှာ မာသာ ဟာ အလှသွေးကြွယ်လာ ပြီး၊ အရပ်ကလဲ ၅ပေ ၉ လ က္မခွဲ ရှိပါတယ်။ သူမသည် စံပြအလှမော်ဒယ် ၀င်လျှောက်ခဲ့ရာ၊ သူမ ကို တီဗွီ နှင့် မဂ္ဂဇင်းများ မှာ Tareyton ဆေးလိပ်ကြောငြာ နှင့် Lifebuoy ဆပ်ပြာကြောငြာ မော်ဒယ်အဖြစ် ဌားရမ်း လာ ခဲ့ကြပါတယ်။ မော်ဒယ်လုပ်ရင်း ကျောင်းစရိတ်ရှာခဲ့သူပါ။ ညဏ်ရည်ထက်မြက်တဲ့သူမ ဟာ အလုပ်တစ် ဖက်ဖြင့် စာသင်ယူရသော်လဲ၊ ကျောင်း ပညာရေးမှာ လစ်ဟင်းမှုမရှိဘဲ၊ အ ထက်တန်းပညာကို top ten စာရင်းဝင်ဖြင့် အောင်မြင်ခဲ့လို့ ၊ နယူးယော့ခ်မြို့ တော်ရှိ Barnard College သို့ တက်ခွင့်ရခဲ့ပါတယ်။ Glamour magazine မှာ "Best Dressed College Girls of 1961" (ခေါ်) ၁၉၆၁ခုနှစ် အတွက် ၀တ်ဆားဆင်ယင်မှု အကောင်းဆုံး ကောလိပ်ကျောင်း သူ တစ်ယောက်အဖြစ် ဖော်ပြခံခဲ့ရပါ တယ်။ ကောလိပ်ကျောင်း မှာ သမိုင်းပညာ နှင့် ေ ရွးေ ဟာင်းဗိသုကာပညာ (၂)ဘာသာကို ဆည်းပူးခဲ့ပြီး၊ မော်ဒယ်အလုပ်ကိုလဲ ဆက်လုပ်ပါတယ်။ ပထမနှစ် မှာဘဲ၊ ခင်ပွန်းလောင်း Andy Stewart နဲ့  အဲဒီ ကောလိပ် ကျောင်းမှာ ဆုံတွေ့ ခဲ့ကြပါတယ်တဲ့။

(ဘ၀စုံကျင်လည်ပုံ)
၁၉၆၁ ခုနှစ်၊ သူမအသက် ၁၉ နှစ်အရွယ် ကောလိပ်ကျောင်းသူဘ၀ ဒုတိယနှစ်မှာတော့ ချစ်သူ Andy Stewart နဲ့ လက်ထပ်ခဲ့ ပါတယ်။ မင်္ဂလာဝတ်စုံဂါဝန်ကို သူမ တို့ သားအမိနှစ်ယောက် အတူတူ ချုပ်ခဲ့ကြတာပါ။ သူမတို့ ဇနီးမောင်နှံဟာ နယူယော့ခ်ရှိ တိုက်ခန်းငယ်တစ်လုံး မှာ နေ ထိုင်ခဲ့ကြပြီး၊ သူတို့ ကောလိပ်မှာ လေ့လာဆည်းပူးထားတဲ့ ပညာဖြင့် အိမ်ကိုပြုပြင်မွမ်းမံ အလှ ဆင် ခဲ့ကြပါတယ်။ ၁၉၆၃ ခုနှစ်မှာတော့ European and Architectural History in BA ဘွဲ့  ရရှိခဲ့ ပါတယ်။ ၁၉၆၅ စက်တင်္ဘာ ၂၇ မှာ သမီးလေး တစ်ဦးထွန်းကားခဲ့ပါပြီ။ နံမည်က Alexis Stewart ပါတဲ့။ သူတို့ လင်မယား မှာ မိသားစုဦးရေ တိုးပွားလာပြီမို့  အိမ်ကြီးကြီးတစ်လုံးဝယ် ခဲ့ပြီး၊ တစ်အိမ်လုံးကို သူတို့ စိတ်ကြိုက် မွမ်းမံပြင်ဆင်ကြပါတယ်။ “ အဲဒီအချိန်များဟာ ကျွန်မအ တွက် တစ်သက်မမေ့နိုင်စရာ ပျော်ရွှင် စရာ ကာလများပါ…” လို့ သူမ က ဆိုပါတယ်။

ကလေးအမေလဲ ဖြစ်လာပြီမို့  မော်ဒယ်လုပ်ငန်း အခြေအနေမကောင်းတော့သဖြင့် စတော့ ရှယ်ယာပွဲစား အလုပ်ကိုပြောင်းလဲ လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၆၈ သြဂုတ်လလယ် မှာ စတော့ ရှယ် ယာပွဲစား လိုင်စင် လက်မှတ်ကို ကိုင်ဆောင်ထားနိုင်ပါပြီ။ ဒီအချိန်မှ စလို့  သူမဘ၀တဆစ် ချိုး အပြောင်းကြီးပြောင်းလဲကာ စီးပွားရေးအမြင်များ ပွင့်လန်းလာခဲ့ပါတော့တယ်။ စတော့ရှယ် ယာ ပွဲစား အလုပ်မှာ အောင်မြင် ခဲ့ပြီးတော်တော်လေး စုမိဆောင်းမိခဲ့ကြလို့ ၊ ၁၉၇၀ နှစ်ဦးမှာေ တာ့၊ အနောက်ဘက်ကမ်းခြေ တူရကီ တောင်ကုန်းလမ်းမ ပေါ်ရှိ မြေနှင့်အိမ်အပါ အ၀င်ပရိေ ဘာဂ စုံပါရှိတဲ့ ဧရာမအိမ်ကြီးတစ်လုံး ကို ဒေါ်လာ သန်း ၁၆၀ ဖြင့် ၀ယ်ယူ နိုင်ခဲ့ပါတယ်။ အဲဒီ အိမ်ကြီးရဲ့  အတွင်း/အပြင်ကို သူမတို့ ဇနီးမောင်နှံ အကောင်းဆုံးပြုပြင် ဆေးချယ်ကာ၊ ခြံထဲမှာ လဲ သူမ ငယ်ငယ်က ဖခင် ထံမှ သင်ယူခဲ့တဲ့ စိုက်ပျိုးရေး နည်းပညာများဖြင့် ပန်းအလှပင်များ၊ စားစရာ သီးနှံပင်မျိုးစုံ၊ ဘယ်ရီးသီးရောင်စုံ တို့ အပြင်၊ တိရိစ္ဆာန်များကို အချစ်ပိုတဲ့ မာသာ က ခွေး များ၊ ကြောင်များ၊ ကနေရီဌက်များ၊ မြည်းများ၊ မြင်းများ၊ ကြက်များ လည်း အမြောက် အများမွေးမြူထားပါတယ်။ ဒါကြောင့် သူမရဲ့ ခြံကြီးဟာ ဥယျာဉ်ကြီးနဲ့ တူပါတယ်တဲ့။ သူမ စီးနေကျ အမဲရောင်မြင်းကြီး အပါအ၀င်၊ ခွေး/ကြောင်များကို ပြိုင်ပွဲဝင်ခဲ့ရာ၊ Chow Chow dogs, French Bulldogs, Himalayan cats, Friesian horses စသည်ဖြင့် ချံပီယံဆုအသီးသီး ဆွတ်ခူးနိုင်ခဲ့ကြပါတယ်တဲ့။

ဒီအိမ်ကြီး ပြုပြင်မွမ်းမံစဉ်မှာဘဲ သူမသည် အတွေးတစ်ခုဝင်ခဲ့ပါတယ်။ အဲဒါကတော့ စရိတ် အသင့် အတင့်နှင့် ဘ၀ကို ပျော်ရွှင်စွာ နေထိုင်နည်းအကြောင်းကို အများပြည်သူထံ မျှဝေချင်တာ ပါတဲ့။ ဒါကြောင့် သူမတို့ လင်မယားဟာ အယ်ဒီတာများကို ဖိတ်ခေါ် ပြီး၊ သူမကိုယ်တိုင် ရေး သားပြုစုတဲ့ "Entertaining" (ခေါ်) ဘ၀ကိုပျော်ရွှင်စွာနေထိုင်နည်း စာအုပ်ကို ၁၉၈၂ ခုနှစ်မှာ သူမ၏ ခင်ပွန်းက ထုတ်ဝေသူလုပ်ပေးခဲ့ပါ တယ်။ ဒီစာအုပ်ဟာ bestseller ဖြစ်ခဲ့ပြီး၊ ယေ န့ ထိ ရောင်းအားကောင်းနေတုန်းပါဘဲ။ တစ်နှစ် ထဲမှာ ဘဲ နောက်ထပ် ဟင်းချက်ပြုတ်နည်း စာအုပ်(၂)အုပ်ကို သူမကိုယ်တိုင်ရေးသားထုတ်ဝေခဲ့ပြန်ပါတယ်။ ၁၉၈၂ နှစ်ကုန်ပိုင်း မှစလို့  သူမ ကို တီဗွီဖန်သားပြင်ပေါ်မှာ မြင်တွေ့ ကြရပါပြီ။

ထို့ နောက်မှာတော့ ၁၉၈၃ တွင် Martha Stewart's Quick Cook စာအုပ်၊ ၁၉၈၄ တွင် Martha Stewart's Hors D'oeuvres စာအုပ်၊ ၁၉၈၅ တွင် Martha Stewart's Pies & Tarts စာအုပ်၊ ၁၉၈၇ Weddings စာအုပ်၊ ၁၉၈၈ တွင် The Wedding Planner စာအုပ်၊ ၁၉၈၈ တွင် Martha Stewart's Quick Cook Menus စာအုပ်၊ ၁၉၈၉ တွင် Martha Stewart's Christmas စာအုပ်၊ တို့ ဆက်တိုက်ထွက်ရှိ လာခဲ့ပါတယ်။ ဒါ့အပြင် အခြားအခြားသော သ တင်း စာများ နှင့် မဂ္ဂဇင်းများတွင်လဲ “ အိမ်မှုကိစ္စ ဝေယျာဝစ္စ ” ဆောင်းပါးများကို အလျဉ်း သင့် တိုင်း ရေးသားပေးခဲ့ပါသေးတယ်။ ဒါတင်မက သေးပါဘူး။ ရုပ်သံလိုင်း အစီအစဉ်များ ဖြစ်ကြတဲ့ The Oprah Winfrey Show နှင့် Larry King Live အစီအစဉ် ထုတ်လုပ်သူအဖြစ် လုပ်ခဲ့တာ ပါဘဲ။ အဲဒီအချိန်မှာ သူမဟာ တီဗွီထုတ်လွှင့်သူသာမက၊ စာရေးဆရာမအဖြစ် တမဟုတ်ချင်း ထင်ရှားကာ၊ သူမကို “lifestyle expert (ခေါ်) ဘ၀ နေထိုင်မှု ကျွမ်းကျင်သူပညာရှင်အဖြစ်” အများက လက်ခံလာကြပါတယ်။ သူမဟာ အလုပ်တွေများလွန်းလို့  တစ်ညကို ၄ နာရီ ခန့် သာ အိပ်ရပါတယ်တဲ့။

ထို့ နောက် K-Mart ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာပြီး၊ စာအုပ်တွေ ဆက်လက်ရေးသားခဲ့ ပါတယ်။ သူမဟာ စီးပွားရေး နယ်ပယ်မှာ အောင်မြင်ခဲ့ပါသော်လဲ၊ အိမ်ထောင်ရေးအခြေအနေ တဖြည်းဖြည်း အဆင် မပြေတော့ဘဲ ၁၉၉၀ မှာ၊ ခင်ပွန်းဖြစ်သူနဲ့  အပြီးတိုင် လမ်းခွဲခဲ့ပါတယ်။ ဒါပေမယ့် စိတ်အားမငယ်ဘဲ၊ မဆုတ်မနစ်ကြိုးစားခဲ့လို့  ၁၉၉၅ မေလထုတ် New York မဂ္ဂဇင်း မှာ သူမ ကို “the definitive American woman of our time" (ခေါ်) အမေရိကန်ရဲ့  တစ်ခေတ် မှာတစ်ယောက် ပေါ်ထွန်းသော အမျိုးသမီး ဟူ၍ ရေးသားဖော်ပြ ချီးမြှင့်ခံခဲ့ရပါ တယ်။ သူမ နောက်ထပ် အောင်နိုင်သူ ဂိုးတစ်လုံးကို ထပ်မံ သွင်းနိုင်ခဲ့ပြန်ပါပြီ။ ဒီတခါ သွင်း တဲ့ဂိုး ကတော့၊ သူမရဲ့ စိတ်ကူးအိမ်မက်ဖြစ်သော အမျိုးသမီးများ အိမ်တွင်း/ပြင် အလှဆင်နည်း၊ ဟင်းချက်ပြုတ်နည်း၊ မုန့် ဖုတ် နည်းနှင့် ပန်းဥယျာဉ်ပြုစုပျိုးထောင်နည်းတို့ ကို တစုတစည်း ထဲ ဖော်ပြထားတဲ့ အမျိုးသမီး သီးသန့် မဂ္ဂဇင်းကို ၁၉၉၀ ခုနှစ်မှာ ထုတ်ဝေ ခဲ့ခြင်းဖြစ်ပါ တယ်။ မဂ္ဂဇင်းရဲ့ အမည်ကတော့ "Martha Stewart Living" ပါတဲ့။ အုပ်ရေ ၂ သန်းတောင် ရိုက်နှိပ်ခဲ့ ရတယ်လို့ ဆိုပါတယ်။ ဒီစာအုပ်ထွက်ပြီးနောက်မှာတော့ မာသာ ကို "Today" တီဗွီလိုင်း အစီအစဉ်မှာ " America's 50 Most Influential People of 1996 ” (ခေါ်) ၁၉၉၆ ခုနှစ်အတွက် အမေရိကန်၏ သြဇာတိက္ကမအရှိဆုံး လူပုဂ္ဂိုလ် ၅၀ တွင် သူမ ပါဝင် ကြောင်း ချီးမွမ်းခံခဲ့ရပါတယ်။ အားကျစရာပါဘဲ……။

၁၉၉၇ စက်တင်္ဘာလမှာတော့ သူမရဲ့ စီးပွားဖက် Sharon Patrick နဲ့ ပူးပေါင်းကာ၊ Martha Stewart Living Omnimedia, Inc. (MSLO) ကုမ္ပဏီ အသစ်ကို တည်ထောင်ခဲ့ပါတယ်။ မီဒီယာလုပ်ငန်းကုမ္ပဏီမှာ သူမက chairwoman, president နှင့် CEO ရာထူးများအဖြစ်တာ ၀န်ယူခဲ့ပြီး၊ Sharon Patrick ကို Chief Operations Officer အဖြစ် တာဝန်ခွဲဝေစေပါ တယ်။ ပြီးတော့ သူမတို့  ကုမ္ပဏီ၏ စွမ်းဆောင်မှု အားလုံးကို ရေဒီယို/တီဗွီ/မေးလ်/ကတ် တလောက်/မဂ္ဂဇင်း/ဂျာနယ် စသည်ဖြင့် မီဒီယာ ဘက် ပေါင်းစုံမှ ကြည့်ရှုနိုင်အောင် “Martha Stewart Living Omnimedia" ခေါင်းစဉ်ဖြင့် Martha Stewart.com. ၀က်ဘ်ဆိုက် ထောင်ခဲ့ ပါတယ်။ ၁၉၉၉ ခုနှစ် အောက်တိုဘာ ၁၉ ရက် နေ့ တွင် ရှယ်ယာလက်မှတ်များကို လူထု သို့ ဖွင့်လှစ်ရောင်းချပေးတဲ့ ImClone ကုမ္ပဏီအသစ်ကို ထပ်မံဖွင့်လှစ်ခဲ့ပြန်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ သူမရဲ့ ဝန်ဆောင်မှုများအတွက် အများအကျိုးကို သယ်ပိုးသော ကုမ္ပဏီအဖြစ် အောင်မြင်ကျော်ကြား လို့ နေပါတယ်။ အလုပ်တွေမအားလပ်တဲ့ကြားကပင်၊ သူမရဲ့  တစ်ဦး တည်းေ သာ သမီးလေး Alexis အမည်ဖြင့် နယူးယော့ခ်ရှိ Sag Harbor ဒေသမှာ the American Fitness Factory gym ကို ဖွင့်လှစ် ပေးခဲ့ပါတယ်တဲ့။ မိခင်ဝတ္တရား ကျေပွန်သူပါဘဲ….။

(ဖျက်မရသော အမည်းစက်ကြီးတစ်ခု)
၂၀၀၂ အောက်တိုဘာ မှာ စတော့ဈေးကွက် မတရားထိုးကျခဲ့ခြင်းအတွက် သူမရဲ့  ကုမ္ပဏီ ကို အမေရိကန် ဥပဒေရေးရာဌာန မှ ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ရာ၊ (၁) သူမသည် CEO နှင့် အလွန်ရင်းနှီးကျွမ်းဝင် မှုရှိကာ ရှယ်ယာဈေးကွက်သတင်း ပေါက်ကြားခြင်း၊ (၂) စာရင်းလိမ် လည်ေ ဖ်ာပြခြင်း၊ (၃) ကျမ်းကျိန် ထားပြီးသိလျှက်နှင့်မုသားထွက်ဆိုခြင်း စသည့် စွဲချက်များ ဖြင့် ၂၀၀၄ မတ်လ ၅ ရက်နေ့ တွင် ဒဏ်ကြေးဒေါ်လာ သုံးသောင်းပေးလျော်ရသည့်အပြင်၊ အကျဉ်းသူအမှတ် 55170-054 ဖြင့် (၅) လတိတိ အထိန်းသိမ်းခံခဲ့ ရပြီး၊ နေအိမ် တွင် နောက် ထပ် (၅)လ တိတိ အကျယ်ချုပ်ကျခဲ့ရပါတယ်။ ၂၀၀၅ သြဂုတ်လဆန်းမှ စ၍ သူမလွတ်လပ် စွာ နေထိုင်နိုင်ခဲ့ပါပြီ။ ဒါပေမယ့် အဲဒီမတိုင်ခင် ရိုက်ကူးထားတဲ့ သူမရဲ့  TV shows ၂-ခု ကို ဆက်လက် ထုတ်လွှင့် ပြသခွင့်ရခဲ့တာမို့  ယခုလို အထိန်းသိမ်းခံကာလ အတွင်း သူမဟာ ပရိတ်သတ်ဖြင့် ထိတွေ့ မှုရှိနေခဲ့တုန်းပါဘဲ။ “ ဟိုအထဲမှာ နေခဲ့ရတဲ့ ကာလတွေဟာ ကျွန်မ ဘ၀မှာ တစ်သက်မမေ့နိုင်စရာ အတွေ့ အကြုံတွေပါဘဲ၊ ထူးခြားဆန်းပြားတဲ့ သူတွေ နဲ့ လဲ တွေ့  ဆုံခဲ့ရပြီး၊ ဘ၀အကြောင်း အများကြီး လေ့လာသင်ယူနိုင်ခဲ့ပါတယ် ” လို့  မာသာ က သူမ အတွေ့  အကြုံကိုပြောပြခဲ့ပါတယ်။

၂၀၀၅ အောက်တိုဘာတွင် Nova Scotia မှာရွှေဖရုံသီး ပွဲတော်တက်ဖို့ ရည်ရွယ်ခဲ့ပါသော်လဲ၊ ရာဇ၀တ်ပြစ်မှု မှတ်တမ်းကြောင့် ကနေဒါ ပြည်ဝင်ခွင့်ဗီဇာ မရခဲ့လို့  တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူးတဲ့။

(မာသာစတီးဝါ့ တခေတ်ဆန်းပြန်ပြီ)
အဆုံးမသတ်ရသေးတဲ့  ရေးလက်စ စီးပွာရေးလမ်းညွှန်စာအုပ်ဖြစ်သော The Martha Rules ကို ၂၀၀၅ အောက်တိုဘာတွင် ထုတ်ဝေခဲ့ပါတယ်။ များမကြာမီမှာဘဲ အချက်အပြုတ်ဝါသနာ ပါတဲ့  သူမဟာ အိမ်ရှင်မများအတွက် Martha Stewart Baking Handbook စာအုပ်ကို ထုတ်ေ ၀ ခဲ့ပြန်ပါတယ်။ ဒါ့အပြင် သူမသည် လူမှုရေးလုပ်ငန်းလေးတွေကို အားတက်သရော လုပ်လာခဲ့ ပါ တယ်။ ၂၀၀၅ နှစ်ကုန်ပိုင်း မှာတော့ Time magazine တွင် “one of 100 Most Influential People in 2005” (ခေါ်) ၂၀၀၅ ခုနှစ်အတွက် အမေရိကန်၏ သြဇာတိက္ကမအရှိ ဆုံး အယောက် ၁၀၀ မှာ တစ်ဦးအပါဝင်ဖြစ် သူမကို ဖော်ပြခြင်းခံခဲ့ရ ပါတယ်။

၂၀၀၆ ခုနှစ် အောက်တိုဘာမှာ မိမိနေအိမ်ကိုသာယာနာပျော်ဘွယ်ဖြစ်အောင် ဘယ်လိုပြုပြင် မွမ်းမံ သင့်ကြောင်း Homekeeping Handbook စာအုပ်ကိုရေးသားခဲ့ပြန်ပါတယ်။ ဒါတင္မကေ သးပါဘူး။ ဟင်းချက်ပြုတ်နည်း/ဥယျာဉ်ခြံထိန်းသိမ်းနည်း..စတဲ့ သူမရဲ့  talk show များကို NBC ရုပ်သံလှိုင်းမှာ Today show ခေါင်းစဉ်ဖြင့် တစ်နှစ်ပတ်လုံး မရိုးရအောင် ထုတ်လွှင့်ပေးခဲ့လို့  ၂၀၀၆ ခုနှစ်အတွက် 33rd Daytime Emmy Awards ဆုကို ချီးမြှင့်ခြင်းခဲ့ရပါတယ်။ အနုပ ညာပိုးပါတဲ့ သူမ ဟာ ၂၀၀၆ နှစ်ကုန်ပိုင်း လောက်မှာ ဟာသ-ဒရမ်မာပြဇာတ်ဖြစ်သော “Ugly Betty” ၊ ကြက်ဆင်သားချက်ပြုတ်နည်း ပညာပေးပြဇာတ်ဖြစ်သော "Four Thanksgivings and a Funeral" နှင့် ပညာပေးဟာသဇာတ်မြူးပြဇာတ်ဖြစ်သော “Justin Suarez” တို့ မှာလဲ ကိုယ်တိုင် သရုပ် ဆောင်ကာ၊ သူမ၏ မီဒီယာလုပ်ငန်းကုမ္ပဏီမှ ထုတ်လွှင့်ပြသခဲ့ပါတယ်။

(စီးပွားရေးအမြင်)
ဖအေတူသမီး မာသာ သည် စီးပွားရေး လာဘ်မြင်သူဖြစ်တာမို့ ၊ ၂၀၀ရ နှစ်ဦးတွင် သူမ ၏ ကုမ္ပဏီမှ Martha Stewart အမှတ် တံဆိပ်ဖြင့် အိမ်သုပ်ဆေး၊ ကုတင်၊ ကြမ်းခင်းကော်ေ ဇာ၊ ရေချိုးခန်းသုံး ပရိဘောဂများ၊ အိမ်သုံးကုန်မာပစ္စည်းအမျိုးမျိုး၊ နှင့် အိမ် အလှဆင်မွမ်းမံသော နံရံကပ်ဒီဇိုင်းများ လုပ်ငန်းကိုချဲ့ ထွင်နိုင်ခဲ့ပါတယ်။ ၂၀၀၈ တွင် Wal-Mart stores ၊ K-Mart stores များဖွင့်လှစ်ခြင်း၊ ၂၀၀၉ တွင် Emeril Lagasse ကုမ္ပဏီနှင့် ပူးပေါင်းကာ emerils.com ၀က်ဘ်ဆိုက်ထောင်ပြီး၊ မီးဖိုချောင်သုံး ပရိဘောဂများ၊ အိုးခွက်ပန်းကန်များ နှင့် ဖန်ထည်ပစ္စည်း များရောင်းချသော စီးပွားရေးလုပ်ငန်း၊ ၂၀၁၁ တွင် J.C. Penney Company.,Inc. နှစ်အကျိုး တူပူးေ ပါင်းကာ jcpenney ကုန်တိုက်များ ဖွင့်လှစ်ခဲ့ပြန်ပါတယ်။ အဲဒီ J.C. Penney Company နှင့်အတူ လာမယ့် ၂၀၁၃ နှစ်ထဲမှာ စီးပွားရေးလုပ်ငန်းစု e-commerce site ကို အပြီးသတ်ထူထောင်မယ်လို့ ရည်မှန်းထားပါ တယ်တဲ့။ ဒါ့အပြင် အိမ်မွေးတိရိစ္ဆာန်ချစ်သူတွေ အတွက် PetSmart Stores ဆိုင်များဖွင့်လှစ်ထားပါသေးတယ်။ နောက်ပြီး၊ Michaels arts & crafts stores နှင့် Jo-Ann Fabric & Craft stores ဆိုင်များဖွင့်လှစ်ကာ လက်မှုပစ္စည်းတ စ်မျိုးထဲ ကိုသာ သီးသန့် ရောင်းချ လျှက်ရှိပြီး၊ အမေရိကန်၊ ကနေဒါ နှင့် ပြည်ပနိုင်များတွင် သူမ ၏ လက်လီဆိုင်ခွဲပေါင်း ၆၀၀ ခန့် ရှိပါတယ် တဲ့။

(Bestsellers စာအုပ်များ)
သူမ သည် စီးပွားရေးအမြင်ရှိရုံသာမက၊ စာအရေးအသားလဲ ကောင်းသူမို့ ၊ သူမ ကုမ္ပဏီ MSLO မှ (၁) သတို့ သမီးလောင်း လျာများအတွက် ဈေးဝယ်လမ်းညွှန်းအြေ ကာင်း ရေး ထားသားသော Martha Stewart Weddings မဂ္ဂဇင်း၊ (၂) MSLO ကုမ္ပဏီ အထ္ထုပ္ပတ္တိ အပါ အ၀င် စီးပွားရေးအမြင် အကြောင်း ရေးသားထားသော Martha Stewart Living’s flagship မဂ္ဂဇင်း၊ (၃) အိမ်ရှင်မများအတွက် လွယ်ကူ/သက်သာ/ကျန်းမာ/အာဟာရဖြစ်စေတဲ့ ဟင်းချက် နည်း လမ်းညွှန်အကြောင်း ရေးသားထားသော Everyday Food မဂ္ဂဇင်း၊ (၄) အပြုသဘောေ ဆာင်သောစိတ်နေစိတ်ထားဖြင့် ဘ၀ကို အောင်မြင်ပျော်ရွှင် ကျန်းမာစွာ နေထိုင် နည်းများ အကြောင်းစုစည်းတင်ပြထားတဲ့  Whole Living မဂ္ဂဇင်း ...စသည့် စာအုပ်(၄) အုပ် ကို တစ်နှ စ် လျှင် တစ်အုပ်ကျစီ ထုတ်ဝေခဲ့ရာ၊ ထို စာအုပ်အားလုံး Bestsellers ဖြစ်ခဲ့ ပါတယ်တဲ့။

ဒါ့အပြင် အထက်ပါ bestsellers စာရင်းဝင် စာအုပ်များနှင့်၊ အခြား သူမရေးသားထားသော “Martha Stewart Living and Everyday Food”, “Martha Stewart Makes Cookies,” “Martha Stewart Cocktails,” “Whole Living Smoothies,” “Egg Dyeing 101,” “Martha Stewart’s CraftStudio” စာအုပ်များကို iPad နှင့် iPhone များတွင် ထုတ်လွှင့်ပြ သလျှက်ရှိနေပါတယ်။

(ဆောင်းပါးရှင်....ပေါက်ပေါက်...မျှဝေသည်)
Credit to: Promise Pauk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...