လူလတ်တန်းစားမိသားစုဘ၀ မှ ဘ၀စုံဖြတ်သန်းကာ ထိပ်ဆုံးသို့ ရောက်ရှိလာသော “ Martha Stewart (ခေါ်) အမေရိကန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်စာဖိုမှူး ” တစ်ယောက် အကြောင်း (အပိုင်း ၂)



(ပရဟိတလုပ်ငန်းများ)
(၁) ထူးထူးခြားခြားအနေဖြင့် ၂၀၀၆ ခုနှစ် မှာ New York's Mt. Sinai ဆေးရုံ၏ သက်ကြီး ရွယ်အိုများ ကျန်းမာရေးစောင့်ရှောက် မှုစင်တာအတွက် ဒေါ်လာ ၅ သန်း လှူဒါန်း ခဲ့တာ ဟာလည်း သာဓု ခေါ်စရာပါ။

(၂) ၂၀၁၂ တွင် ကမ္ဘာကျော်အလှကုန်ပစ္စည်းများ ဖြစ်ကြတဲ့ L’Oréal ကုမ္ပဏီ၊ Drs. Oz & Roizen’s ကုမ္ပဏီ တို့ ရဲ့ ကမ်းလှမ်း ချက်များအရ၊ Chief Pilar Guzmán မဂ္ဂဇင်းအတွက် မအားလပ်တဲ့ကြားကပင်၊ အမေရိကန်ကိုယ်စားပြု အလှပရေးရာ အကြံပေး ဒါရိုက်တာ အဖြစ် မေတ္တာဖြင့်တာဝန်ယူပေးနေရပါတယ်။

(၃) ၂၀၁၂ သြဂုတ်မှာ ကင်ဆာရောဂါ ဝေဒနာသည်များအတွက် စာမျက်နှာ(၄၀)ပါ Whole Living® magazine ကို သူမ ကိုယ်တိုင် ရေးသားပြုစုကာ၊ သူမပိုင် MSLO ကုမ္ပဏီမှ ထုတ်ေ ၀ခဲ့ပြီး၊ တစ်အုပ်ကို $.02 နှုန်းဖြင့်သာ အကျိုးအမြတ်မယူ ရောင်းချ ပေးနေပါတယ်။ စာအုပ်ေ ရာင်း၍ရရှိလာသော ငွေများ အားလုံး နှင့် MSLO မှ မတည်ငွေ $10,000 တို့ ကို ကင်ဆာ သုတေသန ဌာနသို့၂၀၁၂ ဒီဇင်ဘာ မှာ ပေးလှူမှာဖြစ်ပါတယ်တဲ့။ စာအုပ်ထဲမှာ “ကင်ဆာရော ဂါကိုရင်ဆိုင်နည်း နည်းလမ်း ၅၀” အပါအ၀င်၊ ကင်ဆာရောဂါမဖြစ်အောင် နေထိုင်စားေ သာက်ပုံ၊ ကာကွယ်နည်းများ၊ ကင်ဆာရောဂါသည်များအတွက်၊ အထူးစီမံ ထားသော နံက် /နေ့ လည်/ညစာ ဟင်းလျာ ၂၅ မျိုးအပြင်၊ ရောဂါသည်များဘေးဥပါသ်မဖြစ် စားနိုင်အောင် သွား ရည်စာ၊ မုန့် အချိုပွဲများနှင့် အချိုရည်ပြု လုပ်နည်းများကို ရေးသားထားပါတယ်။ ဒါတင္မကေ သးပါ ဘူး။ သူမရဲ့ အလှုဒါနမှာ အများပြည်သူ ကုသိုလ်ပါဝင် နိုင်အောင် ABC, CBS, FOX, NBC အပါအ၀င် တီဗွီရုပ်သံလှိုင်း (၇) ခု မှာ ညစဉ် နှိုးဆော်ထားပါတယ်တဲ့။

(လတ်တလောဆောင်ရွက်နေမှုများ)
EMMY ဆုရှင် မာသာစတီးဝါ့ သည် PBS ရုပ်သံလှိုင်းမှ “ Martha Stewart's Cooking School " အစီအ စဉ်ဖြင့် ၂၀၁၂ အောက် တိုဘာလမှ စ၍ ဒီဇင်ဘာလကုန်အထိ စနေ/တ နင်္ဂနွေ အပတ်စဉ်တိုင်း၊ မိနစ် ၃၀စာ သူမကိုယ်တိုင် live show ဖြင့် ဟင်းချက် ပြုတ်ပြနေ တာပါ။ ဟင်းကောင်းတစ်ခွက်ရဘို့  ဘယ်လို ပစ္စည်းရွေးချယ်ရတယ်၊ အနံ့ အရသာကောင်းဘို့  အစပ်အဟပ်တဲ့ အောင် ဘယ်လိုဟင်းခတ်အမွှေးကြိုင် ထဲ့ရတယ်၊…စသည်ဖြင့် တဆင့်ချင်းစီ သင်ပြပေးနေသော အစီအစဉ်ကောင်းလေးပါဘဲ။

၂၀၁၂ ခုနှစ်၊အောက်တိုဘာ ၆ နှင့် ၇ ရက်တို့ မှာ “ဘဲဥဟင်းလျာအမျိုးမျိုး”၊ အောက်တိုဘာ ၁၃ နှင့် ၁၄ ရက်တို့ မှာ “ဆော့စ် လုပ်နည်း အမျိုးမျိုး ” ၊ အောက်တိုဘာ ၂၀ နှင့် ၂၁ ရက်တို့  မှာ “ဟင်းသီးဟင်းရွက် ဟင်းလျာအမျိုးမျိုး ” ၊ အောက်တိုဘာ ၂၇ နှင့် ၂၈ ရက်တို့ မှာ “သစ်သီးဝ လံ နှင့်သား/ငါးများ ကို ရေခဲသေတ္တာထဲမှာ စံနစ်တကျထိန်းသိမ်းနည်းပညာ” ၊ နိုဝင်ဘာ ၃ ရက် နှင့် ၄ ရက်တို့ မှာ နယူးယော့ခ်မြို့ မှ သားသတ်သမား Evan Lobel နှင့် တွဲကာ “သိုး/အမဲ/၀က်/ကြက် သားခုတ်ထစ် နည်းပညာ” ၊ နိုဝင်ဘာ ၁၀ ရက် နှင့် ၁၁ ရက်တို့ မှာ “pilaf, risotto နှင့် ထိုင်းစတိုင်လ် ထမင်းကြော်များ” ၊ နိုဝင်ဘာ ၁၇ ရက် နှင့် ၁၈ ရက်တို့ မှာ “ ရှာလကာရည် နှင့် mayonnaise လုပ်နည်းအမျိုးမျိုး” ၊ နိုဝင်ဘာ ၂၄ နှင့် ၂၅ ရက်နေ့ တို့ မှာ “ကြက်ရင်ပုံသား ပေါင်းဟင်းလျာနှင့် ဆယ်လ်မွန်ငါးပေါင်းဟင်းလျာ” ၊ ဒီဇင်ဘာ ၁ ရက် နှင့် ၂ ရက်ေ န့တို့ မှာ “ အသား/ကြက်/ငါး အကင် အမျိုးမျိုး” ၊ ဒီဇင်ဘာ ၈ ရက် နှင့် ၉ ရက်နေ့  တို့ မှာ “ ၀က်သားနှပ်ဟင်းလျာ” ၊ ဒီဇင်ဘာ ၁၅ ရက် နှင့် ၁၇ ရက်နေ့ တို့ မှာ “ရေနွေးဆူဆူကို သုံးကာ (ကြက်ဥဖောက်ထဲ့ချက်နည်း/ဟင်းရွက်သုပ်/စွပ်ပြုတ်/ကြက်ရင်ပုံသားသုပ်နည်း)” ၊ ဒီဇင်ဘာ ၂၂ ရက် နှင့် ၂၃ ရက် နေ့ တို့ မှာ “ဂျပန်စတိုင်လ် tempura ဟင်းရွက်ကြော်နည်း/ပြင်သစ် စတိုင်လ် ကြက်သားကြော် နည်း/ကြက်သား အကြွတ်ကြော်/ကြက်သား pan-fry ကြော်နည်း အမျိုးမျိုး ” ၊ ဒီဇင်ဘာ ၂၉ ရက် နေ့ နှင့် ၃၀ ရက်နေ့ တို့ မှာ “ဆဲလ်မွန်ငါး အသား လွှာ နှင့် ဘဲရင်ပုံသားတို့ ကို အပေါ်ယံကြွတ်ရွနေပြီး၊ အတွင်း သားနူးအိစေ တဲ့ အိုးကင်းမီးမြှိုက် ချက်ပြုတ်နည်းပညာ” တို့  ဖြစ်ပါ တယ်။ ယနေ့  အမေရိကန်ရှိ PBS ရုပ်သံလှိုင်းမှာ ပရိတ်သတ်ကြည့်နှုန်းအား အများဆုံး အစီအစဉ်လို့ ဆိုပါတယ်။

ဒီ PBS ရုပ်သံလှိုင်းမှာ ၂၀၁၂ နှစ်ကုန်ထိ၊ အစီအစဉ်အားလုံး ပြသပြီးပါက၊ “ Martha Stewart's Cooking School " ဟူ၍ ၂၀၁၃ ဇန္န၀ါရီမှာ စာအုပ်ထွက်ရှိဦးမှာပါ။ ဒီ စာအုပ်ကလဲ ၂၀၁၃ ခုနှစ်အတွက် bestsellers စာအုပ်ဖြစ်လာမှာ အမှန်ပါ။

(မာသာစတီးဝါ့ ရဲ့ အကောင်းဆုံးဟင်းလျာများ)
မာသာသည် အမျိုးသမီးပီပီ အစီအစဉ်ကျနစွာဖြင့် ဟင်းလျာများကို Breakfast, Brunch, Lunch, & Dinner ဟူ၍ ကဏ္ဍ (၄) မျိုးစီ ပိုင်းခြားကာ ချက်ပြုတ်ပြရုံသာမက၊ Light & Healthy recipes, Holiday Recipes, Comfort Food Recipes ဟူ၍ သီးသန့် စီမံထားေ သာ ဟင်းလျာတို့ အပြင်၊ အချိုပွဲအမျိုးမျိုး၊ Martha Stewart Cocktails , Martha Stewart's Cookies စသည်ဖြင့် စုံလင်အောင် လက်စွမ်းပြနိုင်တဲ့ ပါရမီရှင် စာဖိုမှူးတစ်ယောက်ဖြစ် ပါ တယ်။ ၄င်းတို့ အနက် မှ လူကြိုက်များတဲ့ သူမရဲ့  လက်ရာ အချို့ နှင့် မိတ်ဆက်မေးလိုပါတယ်။

(၁) “Bacon and Zucchini Quiche” (ခေါ်) ကြက်ဥ/ဒိန်ခဲတို့ ဖြင့် ဌာပနာထားတဲ့ နံက် စာအာဟာရလေး ပါ။ ရှေးဦးစွာ ၁၆ လက္မအရွယ်ဂျုံမုန့် နှစ်ကို အ၀ိုင်းပုံစံပြုလုပ်ပြီး၊ အနားများ ကိုဓားပါးပါးလေးကိုအသုံးပြုကာ အတွန့် လေးတွေပုံဖော်ပြီး၊ ၃၇၅ဒီဂရီ oven ထဲမှာ ရွှေညိုေ ရာင်ပြောင်းလာတဲ့အထိ မိနစ် ၃၀ လောက် ဖုတ်၍ အအေးခံထားရပါတယ်။ ပြီးရင် ဇလုံကြီြး ကီး တစ်လုံး ထဲမှာ ကြက်ဥ နှင့်ဂျုံမှုန့် တို့ ကို အမြှုပ် ထအောင် သမအောင်ခေါက်ပြီးတော့၊ Gruyère (ခေါ်) အရောင်ဖျော့ ဒိန်ခဲမာတစ်မျိုး၊ နို ၊့ ကရင်မ်၊ ဆား၊ အမဲရောင် ငရုပ်ကောင်းမှု န့် နှင့် ပါးပါးလှီးထားသော ဟင်းမွှေးရွက် တို့ ရောသမမွှေကာ၊ ဂျုံမုန့် နှစ်ဝိုင်းပေါ် လောင်းချပါ တယ်။ ထို့ နောက် ၄င်းတို့ အပေါ်ယံမှ ခပ်ပါးပါးလှီး ထားတဲ့ ၀က်ပေါင်ခြောက် ကိုဖြူးကာ၊ zucchini ဟင်းရွက်စိမ်းကို အပေါ်ဆုံးမှ ဖဲပြားသဏ္ဍာန်ပုံဖော်၍ ၃၂၅ ဒီဂရီဖြင့် အပူရှိန်လျော့ ထားသော oven ထဲမှာ မပျော့လွန်းမမာလွန်း အနေအထား အဖြစ် မိနစ် ၄၀ လောက် ဖုတ်ပေးထားရပါတယ်။(မိသားစုဝိုင်းဖွဲ့ ကာ မအေးခင် ခပ်နွေးနွေးစားသောက် နိုင်ပါတယ်တဲ့။)

(၂) မာသာ က “Martha Stewart Living and Everyday Food” အစီအစဉ်ဖြင့် အသုပ် အမျိုးအစားပေါင်း ၂၀ ကျော် ဖော်ပြ ထားပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဒီ အသုပ်ဟင်း လျာရဲ့ အမည်ကတော့ “Martha's Favorite Tuna Salad Sandwich” ပါတဲ့။ သူ့ ကို နေ့  လည်စာ အရန်ဟင်းလျာအဖြစ် စားနိုင်ပါတယ်။ ဇလုံကြီးကြီးတစ်ခုထဲမှာ ဆီသတ်ပြီး လှီးထားေ သာ တူနာငါး၊ ၁ လက္မအရွယ်လှီး ထားသော တရုပ်နံနံပင်၊ အခွံခွာ/အူတိုင်ဖြတ်ပြီး အတုံးေ လးတွေတုံးထားသောပန်းသီး၊ Lemonaise တံဆိပ် mayonnaise ကျဲကျဲ၊ လတ်ဆတ်ေ သာလီမွန်ရည် တို့ ကို ဆား၊ ဟင်းခတ်မှုန့် နှင့် ငရုပ်ကောင်း အနဲငယ် တို့ ရောကာ့ သမအောင် နယ်ဖတ် စားရုံပါဘဲ။ (မာသာစတီးဝါ့ က ဒီတူနာငါးသုပ်ကို မုန်ညှင်းစိမ်းမှုန့် လေးဖြူကာ ပေါင် မုန့် ကြား ထဲညှပ်ပြီး၊ ၍ tuna salad sandwich အဖြစ်လည်း စားနိုင်ပါတယ်တဲ့)

(3) “Sage and Garlic-Crusted Pork Tenderloin” လို့ အမည်ရတဲ့  အနံ့ အရသာနှင့်ပြ ည့်စုံသော မာသာ ရဲ့ အကောင်းဆုံး ညစာဟင်းလျာလေးပါ။ သံလွင်ဆီအနဲငယ်/ဆားကြမ်း/ဟင်းခတ်မှုန့် / ငရုပ်ကောင်းမှုန့် အနဲငယ်စီထဲ့ကာ၊ ပါးပါးလှီးထားသော ကြက်သွန်ဖြူ နှင့် ပင်စိမ်းရွက် လတ်လတ်ဆတ် ဆတ် တို့ ဖြင့် သမအောင်နယ်၍၊ ၀က်ပေါင်သား ထဲစိမ့်ဝင်သွားအောင် ဆုပ်နယ် ပေးရပါတယ်။ ပြီးရင် ဟင်းရွက်ဆီထဲ့ပြီး မီးပြင်းပြင်းအပူပေးထားတဲ့ saute pan အိုးထဲ သို့  ၀က်သားထဲ့ကာ ညိုလာတဲ့အထိ ၄ မိနစ်လောက် ဆီသတ်ပေးရပါတယ်။ ထို့ နောက် ၄၀၀ဒီဂရီ အပူပြင်းပြင်းပေးထားတဲ့ oven ထဲသို့  လောင်း ထဲ့ကာ၊ မိနစ် ၂၀ေ လာက် ၀က်သားကို ကင်ပေးပါတယ်။ အဲဒီလို oven ထဲ ကင်နေစဉ်မှာ ၂ ကြိမ်- ၃ ကြိမ် ခန့်  ၀က်သားတုံး ကို အပေါ်/အောက် လှန်ပေးရပါတယ်။ ဒါမှသာ ၀က်သားတုံးအတွင်းထဲထိ ညီတူညီမျှ ကျက်စေမှာပါ။ ပြီးရင် ၀က်သားတုံးကြီးကို သားလှီး စဥ့်နီတုံး ပေါ်တင်ပြီးတော့ ၁၀ မိနစ်လောက်ကြတဲ့အခါမှာ ပါးပါးလေးတွေလှီးကာ စားလို့ ရပါပြီ။

(၄) မာသာစတီးဝါ့ ဟာ ၂၀၀၆ ခုနှစ်မှာ "Four Thanksgivings and a Funeral ” ဟူသော ပညာပေး ဟာသဇာတ်မြူးပြဇာတ် အဖြစ် ရုပ်သံလှိုင်းမှာ ကြက်ဆင်သား ဟင်းလျာပေါင်း (၃၁) မျိုး ချက်ပြခဲ့ပါတယ်။ ဒီ Perfect Roast Turkey လို့ အမည်ရတဲ့ ကြက်ဆင်သားကင် ဟင်းလျာ ကတော့ အကောင်းတကာ့အ ကာင်းဆုံးလို့  ပရိတ်သတ်က ထောပနာပြုခဲ့ပါတယ်တဲ့။ အိုးကြီြး ကီး တစ်လုံးထဲမှာ ဆား၊ သကြား၊ လှီး ထားသောကြက်သွန်နီ ၊ အခွံခွာပြီးလှီးထားသောမုန် လာဥနီ၊ လှီးထားသော တရုပ်နံနံပင်၊ ကရ ဝေး ရွက်ခြောက်၊ ဟင်းမွှေးရွက်၊ တရုပ်နံနံပင်၊ ငရုပ်ကောင်းမှုန့် ထဲ့ပြီး၊ ဆူအောင်တည်ကာ အအေးခံပါတယ်။ ကလီစာ ထုတ်/ ခေါင်းဖြတ်ြ ပီး ရေဆေးသန့် စင် ကာခြောက်သွေ့ အောင်လုပ်ထားတဲ့ ဘဲငန်းတစ်ကောင် လုံးကို အဲဒီဆား ရည်ထဲမှာ စိမ်ပြီး အဖုံးဖုံးကာ ရေခဲသေတ္တာထဲ တစ်ရက်တိတိ ထားရပါတယ် တဲ့။ နောက်နေ့  မှာတော့ ဘဲငန်း ကို ဆားရည်ထဲကထုတ်ကာ၊ towel စက္ကူဖြင့်ခြောက်အောင်သုတ်ပြီး ပန်းသီး၊ လတ်ဆတ်သော rosemary နှင့် ပင်စိမ်းရွက် တို့ ဖြင့် ဘဲငန်းကိုယ်ထဲမှာ အဆာသွပ် ပါတ ယ်။ နောက်ဆုံးမှာတော့ မငံတဲ့ထောပတ်ရည် နှင့် ၀ိုင်ဖြူနဲ့ ရောထားတဲ့ အနှစ်ကို ဘဲငန်းရဲ့  ကိုယ်အနှံ့  သုပ်လိမ်းကာ Oven ထဲမှာ ကင်တာပါ။ (အရသာကောင်းရရှိအောင် ဘဲကောင် လုံးကင်တဲ့  မာသာ ရဲ နည့်းပရိယာယ်ကတော့ ထောပတ်နဲ့ ဝိုင် အနှစ် ကို မကြာခဏ သုပ် လိမ်းပေးပြီး oven အပူအချိန်ကို မကြာခဏ အလျော့အတင်း လုပ်ပေးခြင်းပါ ဘဲတဲ့။)

(၅) “Roasted Beef, Mushroom, and Barley Soup” ကတော့ မာသာ ရဲ့  ၂၀၁၀ ခုနှစ် က ရေပန်းအ စားဆုံး အမဲသား စွတ်ပြုတ်လေးပါ။ ဒယ်အိုးထဲမှာ လက္မ၀က်ခန့် လှီးထားသော အမဲသားလွှာ၊ ရိုးတံဖြတ်ပြီး နှစ်ပိုင်းပိုင်းထားသောမှိုပွင့်၊ ခပ်တန် တန်လှီးထားသော shallots ကြက်သွန်နီ၊ သံလွင်ဆီ၊ ဆား၊ ငရုပ်ကောင်း ထဲ့လုံးပေးပါတယ်။ ပြီးတော့ ၄၂၅ ဒီဂရီ ကြိုတင် အပူ ပေးထားတဲ့ oven ထဲမှာ အမဲသားနဲ့ မှိုတို့  အညိုရောင်သန်းလာတဲ့အထိ မိနစ် ၃၀ေ လာက် နှပ်ပါတယ်။ နောက်ပြီး အဲဒီအမဲသား အရောအနှောတွေကို အိုးတစ်လုံးထဲပြောင်း ထဲ့ပြီး၊ ကြက်ပြုတ်ရည်နှင့် ဘာလီစပါးတို့ ထဲ့ကာ၊ မီးအေးအေးနဲ့  တည်ထားတာပါ။ ကျန်းမာေ ရးနဲ့ ညီညွတ်ပြီး၊ ဘာလီရနံ့ သင်းနေတဲ့ ဒီအမဲသားစွတ်ပြုတ် ကို အပေါ်က တရုပ်နံနံပင် ဖြူးပြီး သုံးဆောင်နိုင်ပါတယ်။ (ဒီစွတ်ပြုတ်ကို ရေခဲသေတ္တာထဲမှာ လေလုံအောင် သိမ်းထားပါက ၃ - တိတိ အထားခံတယ်လို့  မာသာ က အကြံပြုထားပါတယ်)

(၆) ကြက်ကင်စပ်စပ်ကလေးပါ။ ဟင်းလျာအမည်ကတော့ “Martha Stewart’s Best Barbecue Chicken” ပါတဲ့။ ဇလုံတစ်ခု ထဲမှာ paprika ငရုပ်ချိုစပ်မှုန့် ၊ ငရုပ်သီးမှုန့် ၊ ဆား၊ အရသာမှုန့်  နဲ့ ငရုပ်ကောင်းမှုန့်  တို့ ရောနယ်ပြီး၊ အတုံးကြီးကြီး တုံးထား သော ကြက်သား ကို နှံ့ အောင်နယ်ပြီးတော့၊ မီးဖိုချောင်သုံးစုတ်တံကိုအသုံးပြုကာ ကြက်သားတုံးပေါ်မှာ ဟင်း ရွက် ဆီ သုတ် လိမ်းပြီး၊ မီးအေးအေးမှာ ကင်ပါတယ်။ ကြက်အကင်ကို မီးဖိုပေါ်က ချခါနီးမှာ၊ အရသာပိုပေါ်လွင်စေရန်အတွက် Barbecue ငရုပ်ဆီသုတ်ပြီး ၅ မိနစ်လောက် ထပ်ကင်ပေး ရပါတယ်။(ကြက်ကင်စပ်စပ်လေး ဟာ လုပ်ရတာ အင်မတန် လွယ်ကူလို့ ခရစ္စမတ် ည နှင့် ဒီဇင်ဘာညချမ်း မိတ်ဆုံစားပွဲများမှာ လုပ်စားလို့ အကောင်းဆုံးပါ ဘဲ လို့  မာသာ က အကြံေ ပးထားပါတယ်။)

(၇) ဒါကတော့ မာသာ့ ရဲ့  summer cocktails အစီအစဉ်ထဲက တစ်ခုပါဘဲ။ “Watermelon Limeade” လို့ အမည်ရတဲ့ ဖရဲသီး ဖျော်ရည်လေးပါ။ အစေ့ဖယ်ပြီးအတုံးတုံးထားသော ဖရဲသီး၊ သံပုရာရည်၊ နှင့် သကြားတို့ ကို blender ထဲထဲ့ကျိတ်ပြီးတော့၊ အဲဒီ ဖရဲသီးဖျော်ရည်ပျစ်ပျစ် ထဲကို ရုရှ vodka အရက်ထဲ့ ကာ၊ ရေခဲသေတ္တာထဲ အေးခဲထားပြီး၊ သောက်ခါနီးမှာ ခွက်ထဲ ကို ရေခဲတုံး လေးတွေနှင့် ပူစီနံရွက် ထဲ့သောက်ရတာပါ။ ချို-ချဉ်-မွှေး အရသာအပြင် vodka အရက်ထဲ့ထားလို့  တငုံတည်းသောက်ကြည့်ရုံ မျှပင် ရှတတဖြစ်နေသော အတွေ့ ထူးကိုခံ စားရမှာပါ။ (ဒီလို အရသာမျိုးရရှိအောင် သံပုရည်ရည် နှင့် vodka အရက်ကို ဆတူပမာ ဏ ထဲ့ပေးရမယ်လို့  မာသာ က အကြံပေးထားပါတယ်။)

(၈) Triple-Chocolate Mousse Cake ဟူသောအမည်နဲ့ လိုက်ဖက်အောင် ချောကလက်ေ ရာင် နု-ရင့် ၃ ရောင်ချယ်ကိတ်မုန့်  လှလှလေးဖြစ်ပါတယ်။ ချောကလက်ကဲထားတဲ့  ကိတ် မုန့် ဖြစ်သော်လဲဘဲ၊ ကိတ်မုန့် ကိုယ်ထည်အတွက် အချိုမပါသော Dutch ကိုကိုးမှုန့် ကိုသုံး ထားပြီး၊ Chocolate Mousse အတွက်အချိုအရသာနဲနဲပါတဲ့ ချောကလက် ကိုသာ သုံးထားလို့  ကျန်းမာရေးကို မထိခိုက်စေပါဘူး။ ဟင်းရွက်ဆီ၊ ဂျုံ၊့ ၊ သကြား၊ မုန့် ဖုတ်ဆော်ဒါ၊ မုန့် လုပ်ေ ပါင်ဒါ၊ ဆား၊ ကြက်ဥ၊ အဆီပါတဲ့နွားနို့  တို့ ကို ဖြည့်စွက်ထားတာကြောင့် ချိုပေါ့-ဆိမ့်သက် အရသာလေးဖြစ်နေပါတယ်။ (အမေရိကန်နိုင်ငံမှာ ၂၀၁၁ခုနှစ်အတွက် မာသာ ရဲ့  အကောင်း ဆုံး ကိတ်မုန့် လို့ နံမည်ကြီးခဲ့ပါတယ်တဲ့။)

(၈) ခရမ်းချဉ်သီးကိုပူပေးချက်ပြုတ်လိုက်တဲ့အခါ၊ ထွက်ရှိလာတဲ့ lycopene ဓာတ်ဟာ အဆုတ်နဲ့ အစာအိမ် ကင်ဆာ ဖြစ်နိုင် ချေအလားအလာကို လျော့ချပေးတာမို့ ၊ ထိုဝေဒနာသည်တွေအတွက် မာသာရဲ့ အထူးစီမံ ထားတဲ့  Baked Eggs in Whole Roasted Tomatoes ဟင်းလျာလေးပါတဲ့။ ခရမ်းချဉ်သီးကို အပေါ်ဘက် ၃ ပုံ ၁ပုံ လှီးဖြတ်ထုတ်လိုက်ပြီးတော့၊ ဇွန်းသေးသေးကို အသုံးပြုကာ ခရမ်းချဉ်သီးထဲက အူတိုင်နဲ့အစေ့တွေကို ခပ်ထုတ်ပါတယ်။ နောက်ပြီး ၄၀၀ ဒီဂရီအပူပေးထားတဲ့ oven ရဲ့  baking dish ထဲမှာ စောစော က ပြင်ဆင်ထားတဲ့ ခရမ်းချဉ်သီး၊ သံလွင်ဆီ၊ ဆား၊ ဟင်းခတ်မှုန့်  အနဲငယ်ထဲ့ ထဲ့ပြီး၊ ပါးပါးလှီး ထားတဲ့ ဟင်းခတ်အမွှေးရွက် နဲ့ ကြက်သွန်ဖြူ ကိုအပေါ်ကဖြူးပေးပြီး၊ ခရမ်းချဉ်သီးတွေပျော့ပြီး၊ မွှေးလာတဲ့ထိ မိနစ် ၃၀ လောက် နှပ်ပေးပါတယ်။ ပြီးတော့ ကြက်ဥ တစ်ခုံးစီကို ခွဲပြီးတော့ ခရမ်းချဉ်သီးတစ်လုံးစီပေါ်တင်ကာ ငရုပ်ကောင်းနဲနဲဖြူးကာ၊ ကြက်ဥ ကျက်လာတဲ့အ ထိ နောက်ထပ် ၈ မိနစ်လောက် တည်ပေးထားပါတယ်။ (ဟင်းပုံစံမပျက်လှပနေအောင် ခွက်တစ်လုံးထဲ မှာ ကြိုတင်၍် ကြက်ဥ ကို ခွဲထဲ့ထားပြီးမှ ခရမ်းချဉ်သီးပေါ်လောင်းချသင့်တယ်လို့  မာသာက အကြံပြုထားပါ တယ်)

(၉) မာသာ သည် အလယ်တန်းကျောင်းသူဘ၀ကတည်းက သူမ မိခင်ထံမှ ကွတ်ကီးစ်လုပ်နည်းပညာကို သင်ကြားတတ် မြောက်လာခဲ့တာပါ။ Martha Stewart Living Omnimedia မှာလဲ ကွတ်ကီး အမျိုးပေါင်း ၆၄ မျိုး ကို သူမ ကိုယ်တိုင် လုပ်ပြခဲ့ ပါတယ်။ ဒီ Peanut Butter Cookies ကတော့ သူမ မိခင်ထံမှ လက်ဆင့်ကမ်းအမွေအနှစ်ပါတဲ့။ ပဲထောပတ်နဲ့ ပြုလုပ်ထားတဲ့ ထောပတ် အဆိမ့် ၊ သကြားညိုရောင်၊ အငံမပါတဲ့ ထောပတ်ပျော့ ၊ ကြက်ဥ၊ ဂျုံ၊ မုန့် ဖုတ်ပေါင်ဒါ တို့ ကိုဘဲ သုံးထားတဲ့ ရွှေညို ရောင် ကွတ်ကီးစ် ရိုးရိုးလေးပါဘဲ။ ( ဒီကွတ်ကီးစ် ကို အခန်းအပူချိန်မှာ လေလုံစွာသိမ်းထားရင်၊ တစ်ပတ်တိတိ အစားခံတယ် လို့  မာသာ က အကြံပြုပါတယ်)
+++++++++++++++
စီးပွားရေးလုပ်ငန်းရှင်၊ စာရေးဆရာမ၊ Celebrity စားဖိုမှူး ဖြစ်သူ Martha Stewart ကတော့ အဆင်းရော အချင်းပါ ပြည့်စုံပြီး၊ တစ်ခေတ်မှာတစ်ယောက် ဆိုသလို၊ ခေတ်ရေစီးကြောင်းနဲ့ အညီ ဘ၀ကို အကျိုးရှိရှိ အသုံးချတတ်သူတစ်ယောက်ပေမို့ ကျွန်မ အလွန်ဘဲ မိန်းမချင်းအတူယူ အားကျလေးစားမိပါတယ်။ Martha Stewart ကျန်းမာအောင်မြင်ပျော်ရွှင်ပြီး၊ အများအကျိုးပြု လုပ်ငန်းများကို ဆထက်ထမ်းပိုး ဆောင် ရွက်နိုင်ပါစေလို့  ဆန္ဒပြုရင်း………။
++++++++++++++++
Sour Lemon Cake

လီမွန်ရနံ့ သင်းပျံ့ တဲ့ ချို-ချဉ်အရသာ ကိတ်မုန့် လေးကို ၂၀၁၂ အတွက် ခရစ္စမတ်လက်ဆောင် အဖြစ် မာသာစတီးဝါ့ က ''The Martha Stewart Show'' မှာ ဖော်ပြပေးထားတာပါ။
ပါဝင်ပစ္စည်းများ။ ( ၆ လက္မအရွယ် ကိတ်မုန့်  ၁ လုံးစာအတွက် ဖြစ်ပါတယ်)

ကိတ်မုန့် အတွက်
အငန်ဓာတ်မပါသော ထောပတ် (စားပွဲတင်ခွက် ၁/၂ ခွက်)
ဇကာဖြင့်တိုက်ချထားသော ဂျုံမှုန့် (စားပွဲတင်ခွက် ၁ ၁/၂ ခွက်)
သကြားဖြူ (စားပွဲတင်ခွက် ၃/၄ ခွက်)
ကြက်ဥ (ကြီးကြီး) ( ၂ လုံး)
မုန့် လုပ်ပေါင်ဒါမှုန့်  (စားပွဲတင်ဇွန်း ၁ ဇွန်း)
ဆား (စားပွဲတင်ဇွန်း ၁/၄ ဇွန်း)
နို့  (စားပွဲတင်ခွက် ၁/ ၂ ခွက်)
အခွံခွာထွင်ထားသော လီမွန်သီးမှည့်မှည့် ( ၁ လုံး)

ကိတ်မုန့် ကို အရောင်တင်ရန်အတွက်
ပြင်သစ် ကော့ညက် (Cognac) အရက် (စားပွဲတင်ခွက် ၁/၂ ခွက်)
လီမွန်သီးဖျော်ရည် (စားပွဲတင်ခွက် ၃/၄ ခွက်)
သကြားဖြူ (စားပွဲတင်ခွက် ၁/၄ ခွက်)

အလှဆင်ရန် အတွက်
လီမွန်သီးစိပ်အချို ( ၁၂ စိပ်)
အခွံပါစားလို့ ရသော Kumquats လိမ္မော်သီးအချို

ပြုလုပ်နည်း
(၁) ဒလက်ပါသော မီးဖိုချောင်သုံး လျှပ်စစ် mixer ခွက်ထဲမှာ ထောပတ်၊ သကြား၊ ကြက်ဥ တို့ ထဲ့ကာ ကရင်မ် လုပ်ပါ။

(၂) ဇလုံကြီးကြီးတစ်လုံးထဲမှာ ဂျုံမှုန့် ၊ မုန့် ဖုတ်ပေါင်ဒါ၊ ဆား တို့  ရောနယ်ကာ၊ စောစောက အမှတ်စဉ် (၂) မှာပြုလုပ်ထားတဲ့ ထောပတ်အရောအနှော ပေါင်းထဲ့ပြီးသမအောင်မွှေပါ။ ပြီးရင် နွားနို့ နှင့် အခွံခွာထွင် ထားသော လီမွန်သီးမှည့်မှည့် တို့ ရောမွှေပါ။

(၃) အမှတ်စဉ် (၂) က အရောအနှော အားလုံးကို ကိတ်မုန့် လုပ်ခွက်ထဲမှာ အားနှင့်ဖိသိပ်ပြီး၊ oven ထဲထဲ့ ကာ ကိတ်မုန့် အတွင်း သားကျက်သည်အထိ မိနစ် ၅၀ လောက် မုန့် ဖုတ်ပါ။ ပြီးတော့ oven ထဲကထုတ် ကာ ကိတ်မုန့် ခပ်နွေးနွေးအနေအထားတွင် wire rack ပေါ်ပြောင်းတင်ထားလိုက်ပါ။

(၄) ကိတ်မုန့် ကိုအရောင်တင်ရန်အတွက် ဇလုံသေးသေးတစ်လုံးထဲမှာ ကော့ညက် (Cognac) အရက်၊ လီမွန်သီးဖျော်ရည်၊ သကြားတို့ ထဲ့ပြီး၊ သကြားအရည်ပျော်တဲ့ထိ စောင့်ပါ။ ပြီးရင် ကိတ်မုန့် လုပ် brush ဖြင့် အဲဒီသကြားဖျော်ရည်ကို ယူကာ ကိတ်မုန့် တစ်ခုလုံးအနှံ့ သုပ်လိမ်းပြီး၊ အေးအောင်ထာားလိုက်ပါ။ ပြီးတော့ အစိပ်ကလေးတွေ လှီးစိပ်ထားသော လီမွန်အချိုသီး နှင့် အခွံပါစားလို့ ရသော Kumquats လိမ္မော်ချိုသီး တို့ ကို ကိတ်မုန့် ပေါ် အလှဆင်ကာ စားနိုင်ပါပြီ။

(လုပ်ရတာလဲလွယ်ကူပြီး၊ အသွင်သစ်ဖြင့် တစ်မျိုးဆန်းတဲ့ ချို-ချဉ်ကိတ်မုန့် လေးကို FOOD ချစ်ပရိတ် သတ်ကြီးများအားလုံး ၂၀၁၂ မင်္ဂလာနှစ်သစ်ကူးအခါသမယမှာ လုပ်စားလို့ ရအောင် မျှဝေပေးလိုက် တယ်နော်)

၂၀၁၂ နိုဝင်ဘာလထုတ် FOOD MAGAZINE အတွက် ရေးပေးထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ FB မှ စာဖတ်ပရိတ်သတ်များ သုတရစေဖို့ စေတနာဖြင့် မျှဝေလိုက်ရပါတယ်ရှင်။

(ဆောင်းပါးရှင်....ပေါက်ပေါက်...မျှဝေသည်)
Credit to Promise Pauk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...